Skip to main content
Sep 09, 2021
ဆိုရှယ်မီဒီယာတွေမှာပြောနေသလို ဗိုင်းရပ်စ်က တကယ်ကိုပုံစံပြောင်းသွားပြီ ဓာတ်ခွဲစမ်းသပ် စစ်ဆေးပြီး ရှာလို့တောင်မတွေ့တော့ဘူးဆိုတာ မရှိသေးပါဘူးဆိုတာ ရှင်းပြချင်ပါတယ်
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ စက်တင်ဘာ ၆ ရက် ည ၈ နာရီသတင်းအပြီးတွင် ထုတ်လွှင့် ပြသခဲ့သည့် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီ အစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
Sep 09, 2021
စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်အတွင်း တည်ဆောက်ထားတဲ့ မိုင်တဲလ်တာဝါတိုင် ၁၁ ခုကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က တစ်ချိန်တည်းမှာပဲ ချိန်ကိုက်ဖောက်ခွဲ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်ဆိုပြီး Pyu Regional News ဆိုတဲ့ ရုပ်သံတစ်ခုကို ပြည်ပအခြေစိုက်မြန်မာ သတင်းဌာနတွေက စက်တင်ဘာလ ( ၇ ရက်နေ့မှ စတင်ပြီး လူမှုကွန်ရက်ပေါ်မှာ အဆက်မပြတ် ထုတ်လွှင့်ပြသခဲ့တာကို အားလုံးတွေ့ကြရမှာ ဖြစ်ပါတယ်။
Sep 08, 2021
1
မြန်မာနိုင်ငံအတွင်းသို့ ချီတက်ဝင်ရောက် လာပြီဖြစ်သော ဂျပန်တပ်များသည် အဆင့်ဆင့် ဆုတ်ခွာလျက်ရှိသည့် ဗြိတိသျှတပ်များနောက်သို့ မြေပြင်တွင် လိုက်လံတိုက်ခိုက်လျက်ရှိသကဲ့သို့ ကောင်းကင်ယံမှလည်း ဗုံးကြဲတိုက်ခိုက်နေချိန် ဖြစ်သည်။
Sep 08, 2021
လူကုန်ကူးခြင်းသည် ခေတ်သစ်ကျေးကျွန်ပြုခြင်းပင်ဖြစ်သည်။ လူကုန်ကူးခံရသူသည် လုပ်အားခေါင်းပုံဖြတ်ခံရခြင်းနှင့် လိင်အကြမ်းဖက်ခံရခြင်းများကို ခါးစည်းခံရလေ့ရှိသည်။ အမျိုးသမီးများနှင့် ကလေးငယ်များသည် အများဆုံးလူကုန်ကူးခံရလေ့ရှိသည်။ အမျိုးသမီးများသည် လိင်ကျေးကျွန်အဖြစ် ရောင်းချခံကြရပြီး ကလေးငယ်များသည် လိင်အကြမ်းဖက်မှုနှင့် လုပ်အားခေါင်းပုံဖြတ်မှုခံကြရသည်။ လူကုန်ကူးခံရသူများသည် ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဖြတ်တောက်ထုတ်ယူခံရသည့် အသက်အန္တရာယ်နှင့်လည်း ကြုံတွေ့ရတတ်ပါသည်။ လက်ရှိအချိန်တွင် လူကုန်ကူးမှုသည် တရားမဝင်မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်မှုပြီးလျှင် တတိယမြောက်အများဆုံး ရာဇဝတ်မှုပင်ဖြစ်သည်။ နှစ်စဉ် လူကုန်ကူးခံရသူ သန်း ၂၀ ခန့်ရှိပြီး ထိုလုပ်ငန်းမှတရားမဝင် အကျိုးအမြတ် အမေရိကန်ဒေါ်လာ ၄၀ဘီလီယံခန့်ရရှိနေသည်ဟုဆိုသည်။ ထို့ကြောင့် လူကုန်ကူးမှုတိုက်ဖျက်ရာတွင် အခက်အခဲကြုံတွေ့နေရခြင်းဖြစ်သည်။
Sep 08, 2021
ယနေ့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာကြီးတစ်ခုလုံး ကိုဗစ်- ၁၉ ကူးစက်ရောဂါ ပြန့်ပွားလျက်ရှိသည်။ ကမ္ဘာ့ကပ်ရောဂါကြီးကြောင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေးစသည့် ကဏ္ဍပေါင်းစုံတွင် နစ်နာမှုများနှင့် ရင်ဆိုင်နေကြရသည်။ ကူးစက်ရောဂါကြောင့် ကမ္ဘာအနှံ့ စာသင်ကျောင်းများနှင့် အခြားပညာသင်ယူခွင့် ရသည့်နေရာများ ပိတ်ထားခဲ့ရပြီး နိုင်ငံပေါင်း ၁၉၀ ကျော်က ပညာသင်ယူနေသူ စုစုပေါင်း ၁ ဒသမ ၆ ဘီလီယံနီးပါးနှင့် အခြေခံပညာ ဆရာ ဆရာမ ၆ ဒသမ ၃ သန်းခန့်အပေါ် သက်ရောက်မှုများရှိခဲ့ပါသည်။ ကိုဗစ်-၁၉ ကူးစက်ရောဂါသည် ကမ္ဘာ့သမိုင်းတွင် အကြီးမားဆုံးသော ပညာသင်ယူရေးဆုံးရှုံးမှု၊ ပြတ်တောက်မှုကြီးကို ဖြစ်ပေါ်စေခဲ့ကြောင်း ကုလသမဂ္ဂနှင့်ကမ္ဘာ့ပညာရေးအဖွဲ့များ၏ ဆန်းစစ်ချက်များတွင် ဖော်ပြထားပါသည်။ ၎င်းသက်ရောက်မှုကို အလျင်အမြန် တုံ့ပြန်ကုစားနိုင်မှသာ အနာဂတ်မျိုးဆက်သစ်များအပေါ် ဆယ်စုနှစ်ကျော် တိုးတက်မှုများပျောက်ဆုံးနိုင်သည့် ခြိမ်းခြောက်မှုကို ဖြေရှင်း နိုင်မည်ဖြစ်သည်။
Sep 07, 2021
သူတော်ကောင်းတို့ မွေ့လျော်ရာ စစ်ကိုင်းတောင်ရိုး၏ နေဝင်ရီသရောအချိန်။ နေမင်းကြီးသည် လောကဓာတ်ကို တစ်နေ့တာအလင်းဓာတ်တို့ဖြန့်ဝေပေးပြီး နောက် ခေတ္တအနားယူခါစ၊ တစ်ဆက်တည်းမှာပင် လောကသားတို့ ချမ်းမြသာယာစေဖို့ သီတဂူစန်းလကလည်း ထွက်ပေါ်စအချိန်။
Sep 07, 2021
“ပုစွန်ဆိတ်ကလေးဘယ်လိုငယ်၊ ပင်လယ်ကူးတတ်တယ်” တဲ့။ ကိုယ်ခန္ဓာသေးသေးမွှားမွှား ကလေးဖြစ်ပေမယ့် ဒီပုစွန် ဆိတ်ကလေးတွေကတဝေါဝေါတဝုန်းဝုန်းနဲ့ လှိုင်းလုံးကြီးတွေရိုက်ခတ်နေတဲ့ ပင်လယ်ပြင် ကျယ်ကြီး ထဲမှာ လက်ပစ်ကူးနိုင်ကြသတဲ့။
Sep 06, 2021
ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ စက်တင်ဘာ ၃ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
Sep 06, 2021
နေ့စဉ်တိုးတက်ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာနေထိုင်ရင်း နည်းပညာခေတ်ရောက်လာတာနဲ့အမျှ စိတ်ပျံ့လွင့်စရာ၊ အာရုံစူးစိုက်ရမယ့် အရာတွေက များပြားလာ ပါတယ်။ ဘဝမှာ အခက်အခဲတွေ ကလည်း စိန်ခေါ်မှုအသွင်နဲ့ ရှိနေပါတယ်။ ပြဿနာတွေရဲ့ အဖြေတွေ၊ ဘဝတိုးတက်အောင်မြင်ရေး နည်းလမ်းတွေကို ဘယ်မှာရှာကြမလဲ။
Sep 06, 2021
ဒစ်ဂျစ်တယ်ကွာဟမှုကို လျှော့ချလို့ စာတတ်မြောက်ရေးဖြင့် လူသားဗဟိုပြု ပြန်လည်ထူထောင်စို့
အလိမ္မာစာမှာရှိဆိုသကဲ့သို့ စာတတ်မှသာလျှင် အမှားနှင့်အမှန်၊ အကောင်းနှင့်အဆိုးကို ခွဲခြားသုံးသပ် ဆုံးဖြတ်နိုင်စွမ်းရှိမည်ဖြစ်သည်။ မျက်မှောက်ကာလတွင် စာတတ်မြောက်မှုဆိုသော အယူအဆသဘောတရားသည် ကျယ်ပြန့်လာပြီဖြစ်သည်။