Skip to main content

အမုန်းမဖက် အပြုံးတစ်သက်တာ လုပ်ငန်းခွင်

 

ကျွန်တော်တို့သည် တစ်ခါတစ်ရံ မိမိတစ်ကိုယ်တည်း ကိုယ်နှင့်စိတ်ပင်လျှင် ဟန်မရအံမကျ ဖြစ်ရသည်ကို ကြုံဖူးကြပါ လိမ့်မည်။ ထိုသို့ဆိုလျှင်မိသားစုတစ်ခုတွင် မိခင်၊ ဖခင်တို့အပြင်သား သမီးများရှိကြသည့်အတွက် အနည်းဆုံး လူနှစ်ဦးရှိ လျှင်ပင် စိတ်နှစ်မျိုးရှိနေပြီဖြစ်သောကြောင့် မိသားစုတွင် ပါဝင်သူများအနေဖြင့် စိတ်အနေအထားအမျိုးမျိုး ရှိနေကြမည် မှာယုံမှားဖွယ်မရှိပါပေ။ ထိုနည်းတူမိသားစုများစွာမှ မွေးဖွားလာပြီး ဘဝဖြတ်သန်းမှုအထွေထွေ ကြုံခဲ့ရ သည့်လူပုဂ္ဂိုလ် များနှင့် ပေါင်းစည်းထားသော လုပ်ငန်းခွင်တစ်ခုတွင် လူအမျိုးမျိုးတို့၏ စိတ်အထွေထွေ ရှိနေကြမည်မှာ အသေအချာပင် ဖြစ်ပါသည်။

သို့အတွက် လုပ်ငန်းခွင်တွင် တာဝန်ထမ်းဆောင်နေကြသော အမှုထမ်း၊ အရာထမ်းများသည် မိမိတို့ ပူးပေါင်းဆောင်ရွက် ကြရသည့် ပုဂ္ဂိုလ်အသီးသီးတို့နှင့် ထိတွေ့ပြောဆိုဆက်ဆံရာ၌ အစဉ်ထာဝရ စိတ်ထားမွန်မြတ်သဘောထားတည့် မတ်နေဖို့လိုပါသည်။ မိမိတို့၏အလိုဆန္ဒ၊ မိမိတို့၏ စိတ်အခြေအနေနှင့် အခါခပ်သိမ်းတိုက်ဆိုင်ညီညွတ်ခြင်းမရှိစေကာမူ ကြုံတွေ့နေရသည့် ပြုမူဆောင်ရွက်ချက် အားလုံးတို့အတွက် ပုဂ္ဂလိကခံစားချက်ကိုရှေ့တန်းမတင်ဘဲဖြေ ရှင်းဆောင် ရွက်ကြရမည်ဖြစ်ပါသည်။

ဗြဟ္မစိုရ်တရားကို လက်ကိုင်ထား

စင်စစ်အလုပ်ခွင်မှ အမှုထမ်း၊ အရာထမ်းများသည် ပြည်သူလူထုကိုအလုပ်အကျွေး ပြုကြရသူများဖြစ်ပါသည်။ မိမိတို့၏တာဝန်များကိုဆောင်ရွက်ရာတွင် ဝန်ထမ်းအချင်းချင်း အပေးအယူမျှမျှအေးအတူပူအမျှ လက်တွဲအလုပ်လုပ် ကြရပါမည်။ ထိုသို့လုပ်ဆောင်နိုင်ရန် မိမိတို့ဝန်ထမ်း အချင်းချင်းသည်  ခင်မင်ရင်းနှီးမှု၊ အချင်းချင်း အနစ်နာခံတတ်မှု၊ ကူညီရိုင်းပင်းမှု၊ အတူတကွ ဖြေရှင်းဆောင်ရွက်တတ်မှု၊ စည်းလုံးညီညွတ်မှုများဖြင့် တာဝန်ထမ်းဆောင်ကြရပါမည်။ မိမိတို့ စိတ်ဆန္ဒများကို ဦးစားမပေးဘဲဖြစ်သင့်ဖြစ်ထိုက်သည်များကို အလေးထားကြရပါမည်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာနှင့် ဥပေက္ခာတရားများကို ပေါင်းစပ်ထားသော ဗြဟ္မစိုရ်တရားကို လက်ကိုင်ထားကာ ဆောင်ရွက်ကြပါလျှင် မိမိကိုယ် တိုင်သာမကမိမိဝန်း ကျင်မှမိတ်ဆွေအ ပေါင်းအသင်းများပါ စိတ်ချမ်းသာကြရမည်မှာမလွဲပါ။ သို့သော် လုပ်ငန်းခွင် ဟူသည် နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်အမျိုးမျိုးတို့ ပေါင်းစုထားသည့် နေရာတစ်ခုဖြစ်ပေရာ စိတ်အမျိုးမျိုး အတွေးအခေါ် အထွေထွေတို့ရှိကြပါသည်။ ထိုစိတ် သဘောထားအမျိုးမျိုးတို့သည် မိမိတို့ဖြတ်သန်းလာခဲ့ရာ ဘဝပုံစံအမျိုးမျိုးကို အခြေခံလျက် အရောင်အမျိုးမျိုး၊ ပုံစံအမျိုးမျိုးနှင့် လမ်းကြောင်းအမျိုးမျိုးတို့ဖြင့် ဖြစ်တည်နေကြပါသည်။ ထို့ကြောင့် မည်မျှပင် စိတ်ကို ထိန်းသိမ်းသော်ငြား ပုထုဇဉ်လူသားများဖြစ်ကြသည့်အားလျော်စွာ မိမိစိတ်ကိုမထိန်းလိုက်မိသည့် တစ်ခဏတွင် မိမိကြောင့်တစ်ဖက်တွင် ဖြစ်ပျက်သွားရသော ခံစားချက်အဖုအထစ်များကို အချိန်မီ ကုစားဖြေဖျောက် သင့်လှသည်။ ရင်ထဲအသည်းထဲမှ  လှိုက်လှဲစွာဖြင့် လေးပင်လှသော အပြစ်ဝန်တို့ကို လျော့ကျစေရန် အချိန်မီတောင်းပန် သင့်လှသည်။ ထို့အတူ မိမိကို နစ်နစ်နာနာ ထိခိုက်ပြောဆို တိုက် ခိုက်မှုများနှင့် ကြုံလာရပါကလည်း ရင်ထဲအသည်းထဲက နာကျင်မှု၊ ဝမ်းနည်းမှုဝေဒနာကြောင့်တဒင်္ဂမျှ နှလုံးသွေးဆူပွက် အမျက်ထွက်မိတတ်ကြပါသည်။ ထိုအခိုက်အတန့်တွင် ဆင်ရိုင်းကိုချွန်းဖြင့် အုပ်သကဲ့ သို့မိမိ၏စိတ်ရိုင်းများကို အချိန်မီထိန်းသိမ်း နိုင်ကြရန် လေ့ကျင့်ကြိုးစားသင့်ပါသည်။ ဖြစ်ခဲ့ပြီးသမျှကို သဘောထားကြီးစွာဖြင့်အတိတ်တွင် ထားရစ်ခဲ့နိုင်သူဖြစ်စေရန် မိမိတို့၏စိတ်ဓာတ်ကို အဆင့်မြှင့်တင် ကြရပါမည်။ ဖြစ်ခဲ့ပြီးသမျှကို လက်ရှိပစ္စုပ္ပန်သို့ သယ်ဆောင်လာမိခြင်း မရှိစေရန် အသိနှင့်သတိတရားတို့ကို လက်ကိုင်ပြုပြီး နေထိုင်ကျင့်ကြံကြရပါမည်။ သို့မှသာ အရောင်အသွေး စွန်းထင်းမှုမရှိသော ဖြူစင်သည့်အနာ ဂတ်ကို ရောက်ရှိလျှောက်လှမ်းနိုင်ကြပါမည်။

သဘောထားကြီးမှုနှင့် ရပ်တည်ပါ

တစ်ဖက်သားက မိမိအပေါ်တွင် ကိုယ်စိတ်နှစ်ပါး ဖြင့် ကျူးလွန်စော်ကားသည်ဟု ထင်မြင်မိပါ ကလည်း ခွင့်လွှတ်သည်း ခံခြင်းဖြင့် မေ့ပျောက်စေကာ ပြေလည်ချစ်ကြည်စေခြင်းကို လက်ကိုင်ထားသင့်ပါသည်။ မမျှော်လင့်သည့်အခြေ အနေအဖြစ် မိမိကဲ့သို့သဘောထားကြီး မြတ်မှုကိုလက်ကိုင်မထားနိုင်သောသူများက မိမိ၏အကျိုးစီးပွား ပျက်စီးယုတ် လျော့စေရန် ငြူစူ၊ စောင်းမြောင်း၊ ပုတ်ခတ်၊ ရန်ရှာ၊ ကုန်းချောနေမှုများနှင့် တွေ့ကြုံရလျှင်လည်း သဘောထား ကြီးစွာ ခွင့်လွှတ်လိုက်ပါ။ သူတို့ကြောင့် မိမိ၏အလုပ်ခွင် ရပ်တည်မှုကို ထိခိုက်လာသည့်တိုင်အောင် သဘောထားကြီးမှုနှင့် ရပ်တည်ပါ။ ပွက်ပမာတစ်ဘဝတာသည် သံသရာ သမုဒ်ပြင်နှင့် နှိုင်းစာသော် အတိုင်းအတာယှဉ်မရ ပမာဏအလွန်သေး ငယ်လှသောကြောင့် မိမိ၏ သဘောထားကြီးမှုကို အခွင့်ကောင်းယူ တိုက်ခိုက်သည့် တစ်ဖက်သားအတွက် သံသရာလမ်း ကြောင်းတွင် ဝန်လေးစရာသာ ဖြစ်သည်ဟုသာ မှတ်ယူထားသင့်ပါသည်။ သဘောထားကြီး သူတို့၏နှလုံးသားအသုံးပြုပုံ ကို စဉ်းစားပြီး မိမိကိုယ်တိုင်လည်း တစ်ဖက်သားကို သဘောထားကြီးစွာဖြင့် ခွင့်လွှတ်နိုင်စေရန် ကြိုးပမ်းကြ စေလိုပါသည်။ မိမိ၏ကိုယ်စိတ်စွမ်း ရည်နှစ်ပါးကို ပိုမိုမြင့်မားသော အဆင့်အတန်းတစ်ခုသို့ ရောက်ရှိမြှင့်တင်နိုင် ရန်အတွက် အဖိုးတန် လေ့ကျင့်ခန်းတစ်ခုဟုလည်း မှတ်ယူနိုင်ပါသည်။

လူတိုင်းလူတိုင်းသည်ယှဉ်ပြိုင်မှုနှင့်ကြုံလာရတိုင်း မိမိသာလျှင် အနိုင်ရချင်သူချည်းသာ ဖြစ်ပါသည်။ ထိုအခါတစ်ဖက် သားအပေါ်တွင် မိမိ၏သဘောထား ကြီးမြတ်မှုကိုပေးစွမ်းနိုင် သည့်သဘောထားကြီးသူတို့၏ နှလုံးသားကို ပိုင်ဆိုင်ထားသူများသည် အစဉ်အနိုင်ရနေပါသည်။ တစ်ဖက်သားက အမုန်းနှင့်ယှဉ်ပြိုင်သည်ဖြစ်စေ၊ အာဃာတဖြင့် တိုက်ခိုက်လာသည်ဖြစ်စေ မိမိကို တစ်ဖက်သတ် အနိုင်ရလိုသည့်စိတ်ဖြင့် လုပ်ဆောင်နေရသည့်အတွက်သူ့ခမျာ နေ့နေ့ညည အိပ်ချိန်ပင်မကျန်အောင် ပင်ပန်းပူလောင်လှပါသည်။ ထို့အတွက် တစ်ဖက်လူ၏ ပင်ပန်းဆင်းရဲနေမှုကို မိမိ၏ ပေးနိုင်စွမ်းသည့် မေတ္တာတရားဖြင့် သဘောထားကြီး ကြီးထားကာ ခွင့်လွှတ်ပေးလိုက်လျှင် ကျူးလွန်သူသည် ပင်ပန်းဆင်း ရဲမှုလျော့ကျနည်းပါးပြီး အေးငြိမ်းမှုအမှန် ရရှိခံစားရပါလိမ့်မည်။ ထိုသူ အေးငြိမ်းမှုကို ခံစားရလေတိုင်း သဘောထားကြီး သူက သူ့ထက်ပိုပြီး အဆပေါင်းများစွာ ပီတိခံစားရမည်မှာ မလွဲပါ။ စင်စစ်အေးငြိမ်းမှု သန္တရသကို ဖော်ဆောင်လက် ကိုင်ထားခြင်းဖြင့် မိမိ ကိုယ်တိုင်တွင်မက သူတစ်ဖက်သားတွင်ပါ ပူလောင် မှုများကို ဆေးကြောနိုင်ပါသည်။

အမုန်းမဖက် အပြုံးသက်သက်ဖြင့် ခွဲခွာနိုင်

ထို့ကြောင့် ပြိုင်ချင်းပြိုင်လျှင် ပူလောင်သော မာန်မာနတရားတို့နှင့် မယှဉ်ပြိုင်ဘဲ အေးငြိမ်းသော သဘောထားကြီး မြတ်ခြင်းကို အခြေခံလျက်မြင့်မြတ်စွာ ယှဉ်ပြိုင်ကြစေလိုပါသည်။ လောကီလူ သားများဖြစ်သည့်အားလျော်စွာ သာယာမှု များနှင့် ပြည့်လျှမ်းနေ သည့်ဘဝကာလများ အစဉ်အမြဲ ရှိချင်မှရှိပါလိမ့်မည်။ အခက်အခဲများကိုရင်ဆိုင်ကျော်လွှားရင်း မတူညီသော သဘောထားများ ဖြင့်အချင်းချင်း ပွတ်တိုက်ထိတွေ့မှများလည်း ရှိကောင်းပါသည်။ ထိုသို့ကြုံလာတိုင်း သဘော ထားကြီးမြတ်မှုကိုလက်ကိုင်ထားပြီး အရာရာကို ဖြေရှင်းကြသင့်သည်။ ရင့်ကျက်သောစိတ်ဓာတ် များနှင့် အမှန်တရားနှင့် အနီးစပ်ဆုံးအဖြေမှန်ကို ပြည့်၀သောနှလုံးသားများဖြင့် အမုန်းတရား ကိုပယ်ခွာလျက် ကြည်ဖြူလှိုက် လှဲစွာ လက်ခံကြရပါမည်။ သို့မှသာ ဝန်ထမ်းအချင်းချင်းခွဲခွာ စရာအကြောင်း ရှိလာပါကလည်း အမုန်းမဖက် အပြီးသက် သက်ဖြင့် ခွဲခွာနိုင်ကြပြီး တစ်ဘဝလုံး ဆက်လက်ခင်မင်နိုင်ကြပါ လိမ့်မည်။ သို့မဟုတ်ပါက အမုန်းနှင့်ခွဲခွာပြီး နှစ်ဦးနှစ်ဖက် တစ်သက်လုံး မျက်နှာချင်းမဆိုင်နိုင်သော အရှုံးများကိုသာ သိမ်းပိုက်သူများ ဖြစ်သွားတတ်ကြ သည်။ နှစ်ဦးနှစ်ဖက် သဘောထားကြီးမြတ်ကြပါလျှင်ဆန့်ကျင်ဘက် နှလုံးသား နှစ်စုံလုံးသည် ငြိမ်းချမ်းမှုကို  ဖန်တီးခံစားရရှိကြပါလိမ့်မည်။

လုပ်ငန်းခွင်အတွင်း မာန်မာနတရားတို့လျော့ကျနည်းပါးပြီး သဘောထားကြီးမြတ်ခြင်းတို့ ပြည့်လျှမ်း နေသောအခါ ငြိမ်းချမ်းသော ပတ်ဝန်းကျင်တစ်ခု ပေါ်ပေါက်လာပါလိမ့်မည်။ ထိုသို့ ငြိမ်းချမ်းသော ပတ်ဝန်းကျင်တွင် တာဝန်ထမ်း ဆောင်ကြရသည့် ဝန်ထမ်းများသည် မိမိတို့၏ ဆောင်ရွက်ဖွယ်ရှိသည်များကို စိတ်လက်ချမ်းသာ ပျော်ရွှင်စွာ လုပ်ဆောင် နိုင်ကြပါမည်။ အလုပ်တက်သည့် အချိန်မှသည် အလုပ်ဆင်းသည့် အချိန်တိုင်အောင် ပျော်ရွှင်မှုများနှင့် စိတ်နှလုံးသာယာစွာ နေနိုင်ပါလိမ့်မည်။ အလုပ်ခွင်တွင် စိတ်ချမ်းသာလာသော ဝန်ထမ်းများသည် မိမိတို့၏မိသားစုများနှင့် ပြန်လည်တွေ့ ဆုံချိန်တွင် စိတ်ကြည်သာချမ်းမြ ပျော်ရွှင်နေရပေလိမ့်မည်။

ခင်ရာဆွေမျိုး၊ မြိန်ရာဟင်းကောင်း

စင်စစ်ဝန်ထမ်းများ၏ဘ၀သည် မိဘကမွေးပြီး သူစိမ်းများအကြားတွင် နေ့စဉ်အချိန်ကာလ ရှည်လျားစွာ ဆက်ဆံနေ ထိုင်ရခြင်း ဖြစ်ပါသည်။  အိပ်စက်နားနေချိန်ကို ဖယ်လိုက်လျှင် မိမိတို့၏

မိသားစုဝင်ချင်း မျက်နှာချင်းဆိုင် ပြောဆိုဆက်ဆံနေထိုင်ရသည့်အချိန်ထက် တစ်မိဘစီမှ ပေါက်ဖွားလာသော ဝန်ထမ်း အချင်းချင်း ပြောဆိုထိတွေ့ ဆက်ဆံနေထိုင်ကြရသည့်အချိန်က နေ့စဉ်ပို၍ကာလရှည်လျားသည်ကို သတိပြုမိကြ ပါလိမ့်မည်။ ထို့ကြောင့်ခင်ရာဆွေမျိုး၊ မြိန်ရာဟင်းကောင်းဟူသည့်  စကားနှင့်အညီ မိမိတို့အဆွေခင်ပွန်း အသိုက်အဝန်းကို မည်သည့်နည်းနှင့်မျှ ပျက်စီးစေကြောင်း  အားမထုတ်ကောင်းပေ။ မိမိပါဝင်သော ဝန်ထမ်းတို့၏အသိုက်အဝန်းကို ကောင်းသည်ထက်ကောင်းအောင် တည်ဆောက်ကြိုးပမ်းထောက် ပံ့ပေးကြရ မည်သာဖြစ်ပါသည်။ သို့အတွက် မိမိတို့၏ သဘောထားအမြင်များကို မိမိတို့အသိုက် အဝန်းနှင့် လိုက်လျောညီထွေရှိစေရန် ပြုပြင်လေ့ကျင့်သင့် လှပါသည်။

အကျိုးဟူသည် အကြောင်းတရားကို မှီပြီး ဖြစ်ပေါ်ရပါသည်။ စင်စစ်အကြောင်းတရားကို မှီပြီးဖြစ်ပေါ်လာသော အကျိုးဆက်သည် နောင်ဖြစ်လာမည့်အကြောင်းတရားအတွက် အခြေခံရင်းမြစ်ဖြစ်နေပြန်ပါသည်။ ဤဖြစ်စဉ်ကို သုံးသပ်လျက် မိမိကြောင့်ဖြစ်ပေါ်လာမည့် အကျိုးတရားသည် နေခင်ဖြစ်လာမည့်အကြောင်းတရား၏ အခြေခံဖြစ်လာ မည်မှာ သေချာနေ သောကြောင့်လမ်းလျှောက်သူသည် မိမိ၏ခြေရာကျန်ရစ်စေသကဲ့သို့မိမိပြုလုပ်ခဲ့သော အကြောင်း တရားများကနောင်အစဉ်သဖြင့် မိမိကို ချောက်ချားစေခြင်းမပြုနိုင်စေရန် ကောင်း

သော ဆောင်ရွက်မှုများကို အစဉ်ပြုလုပ်ရပါမည်။ မိမိ၏ အနာဂတ်ကောင်း ကိုကြည့်မြင်နိုင် စေရန်နှင့်အတိတ်ဖြစ်ရပ် ကောင်းကောင်း ချန်ထားရစ်နိုင်စေ ရန်အတွက်လက်ရှိကာလပစ္စက္ခဘဝတွင် သဘောထားကြီးကြီးဖြင့် အရာရာကိုရင် ဆိုင်ဖြတ်ကျော်ကြသင့်ပါသည်။ မသိနားမ လည်မီကကျူးလွန်အပြစ်များ ရှိခဲ့မိသည့်တိုင် ယခုအချိန်သည် မိမိကိုယ်ကို ပြန်လည်ပြုပြင်ရန် အကောင်းဆုံးအချိန်ဖြစ်ကြောင်း၊ နားလည်ကြရန်လိုပါသည်။

မိမိတို့၏ ဝန်ထမ်းအသိုက်အဝန်း အစဉ်အမြဲ အေးချမ်းစေရန်မိမိတို့၏သဘောထားကြီးမြတ်မှုဖြင့် ပေါင်းစပ်တည်ဆောက် သင့်ပါသည်။ မိမိတို့၏ သဘောထားကြီးကြီး ပြုမူဆောင်ရွက်မှုများသည်

နှောင်းလူများအတွက် နမူနာယူစရာ သမိုင်းမှတ်တိုင် သဖွယ်ရှိသင့်ပါသည်။ ကိုယ်ပြုသည့် ကံသည် ကိုယ့်ထံသို့ပဲ့တင် သံအဖြစ် ပြန်လာစမြဲဖြစ်ပေရာသဘောထားသော ဆောင်ရွက်မှု များအတွက် ပြန်လည်ရောင်ပြန်ဟပ်လာမည့် အကျိုးတရားများကို မိမိတို့  ကိုယ်တိုင်ရရှိခံစား နိုင်ပါလိမ့်မည်။ သဘောထားကြီး မြတ်မှုကို လက်ကိုင်ထားနိုင်သော ဝန်ထမ်းတိုင်း ဝန်ထမ်းဘဝ ထာဝရ  အလှကိုယ်ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုခြွေတောင်းလျက် တင်ပြလိုက်ရပါသည်။

နွေဦးမောင်