မက်လုံးတွေက ပျက်သုဉ်းဖို့ရာ
အမှောင်ထုမပျိုးခင် တိမ်တောက်ချိန်တွင် မှန်ပါးစက္ကူကွက်ကြီးက ရေအိုင်အသွင်သဏ္ဌာန် ထင်ဟပ်နေသည်။ မှန်ပါးစက္ကူ အမျှင်စလေးများကလည်း လက်လက်လက်လက်နှင့် ရေလှိုင်းအသွင်ထင်ဟပ်လို့နေသည်။ ဤသည်ကို ကောင်းကင်ပေါ်တွင် ဝဲပျံနေကြသောစနိုက်၊ စစ်စလီတို့သည် မြစ်ချောင်း အင်းအိုင်ဟု ထင်မှတ်ကာ အော်ဟစ်ထိုးဆင်းလာသည့်အခိုက်တွင် ငှက်မုဆိုးတို့ဆင်ထားသော ကောင်းကင်ပိုက်တွင် ငြိတွယ်ကာ ထောက်ချောက်အတွင်း သက်ဆင်းကြရလေသည်။
တံငါသည်တစ်ဦးသည် ငါးများကို ရှေ့တိုးနောက်ငင်နှင့် ဆန်ကောဝိုင်းဝှေ့ယမ်းနေသည်။ ဝှေ့ယမ်းနေသောအရှိန်ကြောင့် ငါးမျှားချိတ်၌ ချိတ်ထားသော ဖားကလေးသည် ငါးလေး တစ်ကောင် ရေပေါ်၌ ရှပ်ကူးနေသလို တဖျတ်ဖျတ်အသံဖြင့် ရေပေါ်၌ပတ်ချာ လည်နေ၏။ ချက်ချင်းပင် ငါးရံ့တစ်ကောင်သည် ဝုန်းခနဲနေအောင် ထိုးဟပ်လိုက်ရာ ကိုတံငါသည် ငါးမျှားတံကိုဆွဲသုတ်လိုက်၏။ ငါးမျှား ချိတ်၌ချိတ်မိ၍ ယက်ကန်ယက်ကန်ဖြင့် ရုန်းကန်နေသော ငါးရံ့၏ ဇက်ကို ကိုင်ဖမ်းလိုက်၏။ ပြီးတော့မှ ဇက်နှင့်ခေါင်းကို လက်တစ်ဖက် စီခွကိုင်ပြီး အားစိုက်၍ချိုးလိုက်ရာ ငါးရံ့မှာ ဇက်ကျိုး၍ ငြိမ်သက်သွားခဲ့လေသည်။
ချောင်းရိုးကြီး ကမ်းစပ်တစ်လျှောက်တွင် ချုံများတစ်ခုနှင့်တစ်ခု ဆက်ကာ ဆက်ကာရှိနေသည်။ အဆိုပါချုံများမှာ သဘာဝချုံများ မဟုတ်ပါ။ ချိုများအတွင်း နှစ်ခြိုက်စွာခိုအောင်းတတ်သည့် ငါးများ၏ ဗီဇကိုသိနေသော ကိုတံငါသည် သူ့ချုံများအတွင်း ငါးများလာရောက် ခိုအောင်းလာရန် ဖန်တီးပြုပြင် ထားခြင်းဖြစ်သည်။ အစာအဖြစ် ဖွဲနုများကို နေ့စဉ်ပက်ကြဲ၍ မက်လုံးပေး ဆွဲဆောင်ထားပြန်ပါသည်။ ငါးအမြောက်အမြား ခိုအောင်းလာပြီဆိုလျှင်ဖြင့် ထိုချောင်းရိုးကို ပိတ်ဆို့၍ ဖမ်းဆီးပါတော့မည်။
မက်လုံးအမျိုးမျိုး
ဤလောကတွင် ဉာဏ်ကြီးသူက ဉာဏ်နည်းသူကို၊ အင်အားကြီး သူကအင်အားနည်းသူကို ထိုကဲ့သို့မက်လုံးအမျိုးမျိုးပေး၍ ကိုယ်ကျိုးစီးပွားအတွက် လိုသလို အသုံးချတတ်သည်မှာ ဓမ္မတာပင်။
လူအချင်းချင်းကြားမှာလည်း ဉာဏ်နီဉာဏ်နက်များသူတို့က ရိုးအသူများကို လိမ်လည်လှည့်ဖြား တတ်ကြသည်။ နိုင်ငံအချင်းချင်း ကြားတွင်လည်း အင်အားကြီးနိုင်ငံက အင်အားနည်း နိုင်ငံများအပေါ် ဗိုလ်ကျစိုးမိုးလေ့ရှိသည်။ သွေးခွဲမှုဖြင့် အိမ်ကြက်ချင်း အိုးမည်းသုတ်၍ ခွပ်ခိုင်းစေသည်။ မက်လုံး အမျိုးမျိုးပေး၍ ကိုယ့်ဩဇာခံများကို မွေးမြူ တတ်ကြသည်။ ၁၈ ရာစု၊ ၁၉ ရာစု၊ ၂၀ ရာစု၊ ၂၁ ရာစု စသည်ဖြင့် ရာစုနှစ်များချီ၍သာ ပြောင်းလဲသွားပေမည်။ ထိုသို့သော လုပ်နည်း လုပ်ဟန်များကဖြင့် မပြောင်းလဲပါ။
သမိုင်းစဉ်တစ်လျှောက်ကြည့်လျှင် ကိုလိုနီနယ်ချဲ့နိုင်ငံကြီးများ၏ မက်လုံးအမျိုးမျိုးကြောင့် နိုင်ငံငယ်လေးများမှာ ကျောကော့အောင် ခံခဲ့ကြရသည်။ ဒုတိယကမ္ဘာစစ်ကာလတွင် ဖက်ဆစ်ဂျပန်တို့သည် ၎င်းတို့၏ကုန်ကြမ်းရရှိရေး၊ စီးပွားရေးအလို့ငှာ အင်္ဂလိပ်၊ ပြင်သစ်နှင့် ဒတ်ချ်ကိုလိုနီ လက်အောက်ခံ ကျရောက်နေသော အရှေ့တောင်အာရှ နိုင်ငံငယ်လေးများအား မက်လုံးအမျိုးမျိုးပေး၍ မြူဆွယ်ခဲ့သည်။ မြူဆွယ်သည့်မက်လုံးတစ်ခုက “အရှေ့အာရှ သာတူညီမျှကောင်းစားရေး” ကြွေးကြော်သံတည်း။
မြန်မာနိုင်ငံအတွက် မက်လုံးကတော့ “လွတ်လပ်ရေး”။ ဗြိတိသျှ ကိုလိုနီနယ်ချဲ့ အောက် သူ့ကျွန်ဘဝသို့ နှစ်ပေါင်း ၁၀၀ ကျော်ကျ ရောက်ခဲ့ရသည့် မြန်မာတို့အဖို့ အင်မတန် မက်လောက်စရာ မက်လုံး ဖြစ်ခဲ့သည်။ အမှန်တကယ်လည်း ဂျပန်တို့က ဗမာ့လွတ်မြောက် ရေးတပ်မတော်(BIA)နှင့်အတူ နယ်ချဲ့ အင်္ဂလိပ်ကို တိုက်ထုတ်ပြီးလျှင် မြန်မာတို့အတွက် လွတ်လပ်ရေးပေးလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။
သို့ရာတွင် ဂျပန်သည် မြန်မာ့လွတ်လပ်ရေးကို စိတ်မဝင်စားပါ။ သူတို့စိတ်ဝင်စားသည်က တရုတ်တစ်ပြည်လုံးကို သိမ်းယူနိုင်ရေး အတွက် မြန်မာ-တရုတ်လမ်းမကြီးကို ပိတ်ပင်နိုင်ရေး၊ မြန်မာမှတစ်ဆင့် အိန္ဒိယကို ချီတက်သိမ်းပိုက်နိုင်ရေးမျှသာ ဖြစ်သည်။ ထို့ကြောင့် ဂျပန်တို့ပေး သောစစ်အတွင်းကာလ လွတ်လပ်ရေးမှာ ရွှေရည်စိမ်လွတ်လပ်ရေးမျှသာ ဖြစ်ခဲ့သည်။
ဖက်ဆစ်ဂျပန်၏သွေးစုပ်မှုမှာ နယ်ချဲ့အင်္ဂလိပ်၏ သွေးစုပ်မှုထက်လည်း အဆများစွာ ဆိုးရွား ပြင်းထန်လေသည်။ အင်္ဂလိပ်က သစ်၊ ရေနံ၊ သတ္တုစသော လုပ်ငန်းကြီးများလောက်ကိုသာ သွေးစုပ်ခဲ့သော်လည်း ဂျပန်က ငါးပိ၊ ငါးခြောက်စသောလုပ်ငန်းငယ်ကလေးများ မှအစ အောက်ခြေသိမ်းသွေးစုပ်လေတော့ သည်။ ကျွဲ၊ နွားများကို သိမ်းယူသည်။ ဂျပန်ကုမ္ပဏီကြီးများ က တန်ဖိုးမရှိသော ဂျပန်ငွေ စက္ကူများကို ထုတ်ပေး၍ မြန်မာတို့၏နှမ်း၊ မြေပဲ၊ ဝါဂွမ်း စသည်တို့ကို သိမ်းယူကြလေသည်။ ဂျပန်စစ်တပ်နှင့် ကင်ပေတိုင်ခေါ် ဂျပန် စစ်ပုလိပ်အဖွဲ့က မြန်မာပြည်သူများကို နည်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက်ကြလေသည်။ မြန်မာတို့ကို ချွေးတပ်ဆွဲသည်။
မြန်မာအမျိုးသမီးများကိုလည်း ငွေ၊ ပစ္စည်းတို့ဖြင့် ဖြားယောင်းသွေးဆောင်၍ လည်းကောင်း၊ အဓမ္မအနိုင်ကျင့်၍ လည်းကောင်း ဖျက်ဆီးကြလေသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် အချို့ပုဂ္ဂိုလ်များယူဆသကဲ့သို့ ဂျပန်က မြန်မာ့လွတ်လပ်ရေး အတွက် တိုက်ပေးလိမ့်မည်ဟူ၍ ဘယ်သောအခါကမှ မယုံကြည်ခဲ့ပေ။ ထို့ကြောင့် ဘီအိုင်အေ တပ်မတော်၏ သေနာပတိဗိုလ်တေဇအဖြစ် ထုတ်ဝေသော ကြေညာစာတမ်းတွင် “လွတ်လပ် ရေးမည်သည် သူများ၏ နို့သက်ခံစို့နေ၍မရနိုင်။ မိမိတို့အားကို မိမိတို့ကိုးပြီး မိမိတို့ဘာသာ ကြိုးပမ်းရမည်”ဟု စသဖြင့် ဖော်ပြထားခဲ့လေသည်။
သွေးခွဲအုပ်ချုပ်ရေးပေါ်လစီ
ဗြိတိသျှနယ်ချဲ့သမားနှင့် ဖက်ဆစ်ဂျပန်တို့၏တူညီသောအချက်မှာမူ နယ်ချဲ့သမားများပီပီ သွေးခွဲအုပ်ချုပ်ရေး ပေါ်လစီကိုကျင့်သုံးကာ မြန်မာတိုင်းရင်းသား အချင်းချင်းကြား သွေးကွဲအောင် နည်းအမျိုးမျိုးဖြင့် ရန်တိုက်ပေးပြီး သွေးခွဲခဲ့ခြင်းဖြစ်ပေသည်။ မြန်မာ အပါအဝင် ဒုတိယ ကမ္ဘာစစ်ကြီးအပြီး လွတ်လပ်စထွန်းသစ်စ နိုင်ငံငယ် ကလေးအများစုမှာ ပြည်တွင်းစစ်မီး လျှံများနှင့်ကြုံတွေ့ခဲ့ကြရလေသည်။ အိန္ဒိယအပါအဝင် အချို့နိုင်ငံများကတော့ နိုင်ငံတွေ ခွဲထွက်မှုကြောင့် ပွဲထွက်ကုန်ကြသည်။ အရှေ့အုပ်စုနှင့် အနောက်အုပ်စုတို့အားပြိုင်ခဲ့ကြသည့် စစ်အေးခေတ်ကာလတွင်မူ အမေရိကန်အပါအဝင် အနောက်နိုင်ငံများ ကိုင်စွဲလာသည့် မက်လုံးကတော့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး။ နှစ်ရှည်လများ ဗဟိုဦးစီးစနစ် ချုပ်ကိုင်မှုများကြားတွင်သာ နေထိုင်ခဲ့ရသောကြောင့် အပြောင်းအလဲကိုလိုလားလာကြသော ပြည်သူများအဖို့ ကတော့ မက်လောက်စရာ မက်လုံးတစ်ခုပင်။
ဒီမိုကရေစီနှင့်လူ့အခွင့်အရေး ငါးစာ
အနောက်နိုင်ငံကြီးများ၏ ငါးမျှားချိတ်၌ ချိတ်ထားသည့် ဒီမိုကရေစီနှင့်လူ့အခွင့်အရေး ငါးစာကို ဝုန်းခနဲနေအောင် ပထမဆုံး ထိုးဟပ်လိုက်သည့် ငါးကလေးက မြန်မာနိုင်ငံငယ်လေးပင်။ ကျောင်း သားနှင့်အရပ်သား လက်ဖက်ရည်ဆိုင်တွင် ခိုက်ရန်ဖြစ်ပွားရာမှ အစပြု၍ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးအထိ အရှိန်မြင့်တက်လာသည်။ တောင်းဆိုချက်များကလည်း ပြောင်းလဲ သွားသည်။ ကျောင်း သားများ မူလတောင်းဆိုကြသည့် “ဖမ်းဆီးခံ ကျောင်းသားများ ပြန်လွှတ် ပေးရေး”၊ “ဖမ်းဆီးခံကျောင်းသားများ ပညာသင်ကြားခွင့် ပြန်လည်ရရှိရေး” စသည်ဖြင့် ကျောင်းသားအခွင့်အရေးဆိုင်ရာ တောင်းဆိုချက်များမှသည် လက်ဟောင်းနိုင်ငံရေးသမားကြီး များနှင့် အနောက်နိုင်ငံ သံတမန်များ၏ နှပ်ကြောင်းပေးမှုများနှင့်အတူ “ဒီမိုကရေစီရရှိရေး” တောင်းဆိုမှုဖြစ်လာသည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ သမ္မတ ဒေါက်တာမောင်မောင် အစိုးရက “သုံးလအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမည်” ဟူသော ကတိစကားဆိုပြန်တော့ အတိုက်အခံ အင်အားစုများသည် “ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး" မက်လုံးဖြင့် လူထုကို မက်လုံးပေးဆွဲဆောင် ကြပြန်ပါသည်။ ဤသို့ဖြင့် မြန်မာ့နိုင်ငံရေး အကျပ်အတည်းသည် ဆယ်စုနှစ်များစွာရှည်ကြာခဲ့လေသည်။
မြန်မာပြီးတော့ တရုတ်ပြည် ထျန်းအန်းမင်အရေးအခင်း၊ ဘာလင်တံတိုင်းပြိုလဲမှု၊ ဂေါ်ဘာချော့ဗ်၏ ဆိုဗီယက်ပြည်ထောင်စုကြီးပြိုကွဲမှု၊ ချောင်ဆက်စကူး၏ ရိုမေးနီးယား အပါအဝင် အရှေ့ အုပ်စုတို့၏ ပြိုကွဲမှုများ၊ ငါးမျှားချိတ်တွင် ချိတ်ဆွဲထားသည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးငါးစာကို ငါးကြီးငါးသေးတွေက တစ်ကောင်ပြီး တစ်ကောင် အပြုံလိုက်ပြေးဟပ် မိကြလေပြီ။ ပြီးတော့ မထွေးနိုင် မအန်နိုင် ဖြစ်ကြရတော့၏။
စစ်အေးခေတ်အလွန်တွင်လည်း အမေရိကန်နှင့် အနောက်နိုင်ငံကြီးများသည် ပြိုင်ဘက်နိုင်ငံများနှင့် ၎င်းတို့အကျိုးစီးပွားအပေါ် ဆန့်ကျင်သည့် နိုင်ငံငယ်များအပေါ် စစ်အင်အားကို ကိုယ်စားပြုသည့် “ပါဝါအမာ” (hard power) နှင့် စီးပွားရေး၊ သံတမန်ရေး၊ လူသားချင်း စာနာ ထောက်ထားမှု၊ ယဉ်ကျေးမှုဆိုင်ရာ ဩဇာသက်ရောက်မှု စသည့် မျက်နှာစာပေါင်းစုံကို ကိုယ်စားပြုသည့် “ပါဝါအပျော့” (soft power) တို့ကို ပေါင်းစပ်၍ စမတ်ပါဝါ (Smart power) အခင်းအကျင်းကိုကိုင်စွဲ၍ သံတမန်ရေး၊ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေး၊ ဥပဒေနှင့် ယဉ်ကျေးမှု ရေးရာ တန်ဆာပလာတို့ကို အတွဲအစပ်ညီစွာအသုံးချကာ ၎င်းတို့၏ အမျိုးသားအကျိုးစီးပွား အတွက် ထိုးဖောက်ကြိုးပမ်းဆောင်ရွက်ခဲ့ ကြပြန်ပါသည်။
အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသတွင်း နိုင်ငံများအပေါ် ဖြစ်လေသည်။ ၉/၁၁ အကြမ်းဖက်မှု အလွန်တွင် အမေရိကန်နှင့် အနောက်နိုင်ငံများသည် အာဖဂန်နစ္စတန်နှင့် အီရတ်နိုင်ငံတို့ကို ပစ်မှတ်ထား၍ စစ်ပွဲဆင်နွှဲခဲ့သည်။
အာဖဂန်နစ္စတန်အတွက်မက်လုံးကတော့ တာလီဘန်တွေကိုဖြုတ်ချပြီး အာဖဂန်ပြည်သူ ၂၆ သန်းကျော်ကို ဆိုးရွားလှသည့် ဖိနှိပ်မှုအောက်က လွတ်မြောက်စေရန်ဖြစ်ပြီး အီရတ်နိုင်ငံ ပြည်သူများအတွက် မက်လုံးကတော့ ကမ္ဘာကြီးငြိမ်းချမ်းဖို့၊ အီရတ်ပြည်သူတွေရဲ့ လွတ်လပ် မှုနှင့် အကျိုးစီးပွား အတွက်ပါဟု အမေရိကန်ကဆိုသည်။ အာဖဂန် စစ်ပွဲ၏စစ်ဆင်ရေးစီမံချက်ကို Operation Enduring Freedom ဟု အမည်ပေးခဲ့ပြီး အီရတ်စစ်ပွဲကိုတော့ Operation Iraqi Freedom ဟု အမည်ပေးခဲ့သည်။
ယနေ့မျက်မှောက်ကာလမှာတော့ အမေရိကန်သည် အာဖဂန်ကို ကိုယ်လွတ်ရုန်း စွန့်ခွာ ထွက်သွားပြီး အာဖဂန်ပြည်သူတို့ကို တာလီဘန်တို့လက်ထဲတွင် ဝကွက်အပ်ခဲ့လေသည်။ ဆက်ဒမ်ဟူစိန်ခေတ်အလွန်တွင် ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးတို့ဖြင့် သာယာ ဝပြောလာမည့် အီရတ်နိုင်ငံသစ်ကို မျှော်လင့်ခဲ့ကြသော အီရတ်ပြည်သူများအဖို့လည်း လက်တွေ့ပကတိဘဝတွင် ဖွတ်မရ ဓားမဆုံး ဖြစ်ခဲ့ကြရပြန်သည်။ ပြိုင်ဘက်စစ်အုပ်စုများ၏ တိုက်ပွဲများ ကြားတွင် နိုင်ငံသည်ထောင်းလမောင်းကြေခဲ့ပြီး အီရတ်ပြည်သူတို့သည်လည်း မြေစာပင်ဖြစ်ကာ ဒုက္ခပင်လယ်ဝေခဲ့ကြရလေသည်။
အာရပ်နွေဦးတော်လှန်ရေး
ပြီးတော့ အာရပ်နွေဦး။ ၂၀၁၁ ခုနှစ်တွင် တူနီးရှားနိုင်ငံမှအစပြု ပေါ်ပေါက်လာသော အာဏာ ရှင်ဆန့်ကျင်ရေး လူထုအုံကြွ ပေါက်ကွဲမှုကြီးသည် အာရပ် ကမ္ဘာသို့ တစ်မုဟုတ်ချင်း ပျံ့နှံ့ကူးစက် သွားသည်။ ကဒါဖီ၏လစ်ဗျား၊ ဘာရှာအယ်အာဆတ်၏ ဆီးရီးယားနိုင်ငံတို့တွင် ပြည်တွင်းစစ် များဖြစ်ပွားလာသည်။ အီဂျစ်နိုင်ငံတွင် သွေးထွက်သံယိုအရေးအခင်းများ ပေါ်ပေါက်ခဲ့ပြီး မူဘာရတ်အစိုးရ ပြုတ်ကျသွားသည်။ အမေရိကန်၏မဟာမိတ် အာရပ်နိုင်ငံများဖြစ်ကြ သည့် ဆော်ဒီ၊ ဘာရိန်း၊ ကာတာ၊ ဂျော်ဒန်တို့ကမူအခြေအနေကို ထိန်းသိမ်းနိုင်ခဲ့၍ လှေက လူးရုံသာ လူးပြီး မမှောက်ခဲ့ကြ။ ရာဇပလ္လင် လှုပ်ရုံသာလှုပ်ပြီး မပြုတ် ခဲ့ကြ။
လစ်ဗျားနှင့်ဆီးရီးယားပြည်သူများအဖို့မှာတော့ အာရပ်နွေဦးတော်လှန်ရေးသည် မှန်းချက်နှင့် နှမ်းထွက်မကိုက် ဖြစ်ကြရသည်။ သူတို့ မူလကလိုလားကြသည် က ဒီမိုကရေစီပြုပြင် ပြောင်းလဲ ရေး၊ အမျိုးသမီးတို့၏အခြေခံလွတ်လပ်မှုနှင့် ရပိုင်ခွင့်များ။ လက်တွေ့ရရှိ ခဲ့သည့်အရာများ ကတော့ ပါဝါလေဟာနယ်ကြား တွင် အာဏာကို လက်ဆုပ်လက်ကိုင် ဖမ်းဆုပ်အရယူကြမည့် ပြိုင်ဘက်ဂိုဏ်းခွဲအုပ်စုများ၏ တိုက်ပွဲများ။ ထိုမှ ပြည်တွင်းစစ်မီးလျှံကြီးသာ ရရှိခဲ့ကြလေသည်။
ပြိုင်ဘက်ဂိုဏ်းခွဲအုပ်စုများ၏ ပြည်တွင်းစစ်ကြောင့် ထိုနှစ်နိုင်ငံသည် ယနေ့တိုင် နာလန်မထူ နိုင်သေး။ စစ်ဘေးဒဏ်ကြောင့် အပြစ်မဲ့ပြည်သူ အများအပြား သေကျေဒဏ်ရာရရှိခဲ့ကြသလို စစ်ဘေးဒုက္ခသည်များအဖြစ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပြန်သည်။
ရာသီဥတုဖြစ်စဉ်များနှင့်အတူ ဖြစ်ပေါ်လာသည့် ပုံမှန်မဟုတ်သော ရေကြီးရေလျှံမှု၊ မုန်တိုင်း ဖြစ်ပေါ် မှုနှင့် အချို့ဒေသများတွင် ထူးခြားစွာ မိုးရေချိန် နည်းပါးခြင်း၊ ဆည်တမံများ၌ ရေအဝင် နည်းခြင်း စသည့်အခြေအနေများကို ရင်ဆိုင်လာရသည်။ ၂၀၂၀ ပြည့်နှစ် မိုးရာသီတွင် ရေလှောင်တမံများတွင် သောက်သုံးရေ တစ်မျိုးတည်းသာ ပေးဝေနိုင်ခဲ့ပြီး နွေစပါးစိုက်ပျိုးရေ ပေးဝေရန် မလုံလောက်မှုကြောင့် အခြားသီးနှံများ ပြောင်းလဲစိုက်ပျိုးနိုင်ရေး အတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်လာရသည်။
မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲလာမှု၏ အကျိုးဆက်ကို သိသိသာသာခံစားနေရခြင်း၊ နိုင်ငံတစ်ဝန်းရှိ ရေဝေရေလဲဒေသများကို ထိန်းသိမ်းနိုင်စွမ်း မရှိခြင်းတို့ကြောင့် ရေအရင်းအမြစ် များ ဆုံးရှုံးပြီး နွေရာသီကာလ မရောက်မီကပင် မြစ်၊ ချောင်း၊ အင်းအိုင်များ၊ ရေတွင်းရေကန်များ ခန်းခြောက်လာသည်။ ဆည်မြောင်း၊ တာတမံများလည်း ရေနည်းပါးခြင်းနှင့် ရင်ဆိုင်လာရ သည်။ လူဦးရေ တိုးပွားလာမှုနှင့်အတူ မြို့ပြဖွံ့ဖြိုးလာခြင်း၊ ကျေးလက်ဒေသများတွင် စိုက်ပျိုး ရေးလုပ်ငန်းများ တိုးချဲ့လာခြင်းနှင့် ကျေးရွာအခြေပြု စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးလာခြင်း တို့ကလည်း ရေအရင်း အမြစ်များ အလျင်အမြန် လျော့ပါးမှုကို တွန်းအား ပေးလျက်ရှိသည်။
သောက်သုံးရေကန်မှ ရေရယူသုံးစွဲပုံစနစ် မမှန်ကန်ခြင်း၊ သောက်သုံးရေကန် သန့်ရှင်းရေး သတိပေးချက်များကို မလိုက်နာခြင်း၊ သောက်သုံးရေကန် အနီးဝန်းကျင်၌ မိလ္လာ၊ အညစ် အကြေးနှင့် စွန့်ပစ်ပစ္စည်း၊ အမှိုက်ပုံတို့ ရှိနေခြင်း၊ သောက်သုံးရေကန်များကို ရေရှည်ထိန်းသိမ်း ပြုပြင်မှုမရှိခြင်း၊ ရေတွင်းတူးရန် မြေနေရာရွေးချယ်မှု မမှန်ကန်ခြင်းတို့ ပါဝင်သည်။ သောက်သုံးရေတွင်းဖြစ်စေရန် အညစ်အကြေးစွန့်ပစ် သောနေရာ၌ ပေ ၅၀ ဝေးကွာပြီး မြင့်သောအပိုင်းတွင် ရှိရမည်ဖြစ်သည်။ ရေဝပ်ရေလျှံသော နေရာကိုလည်း လုံးဝမရွေးချယ်မိရန် အရေးကြီးသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သောက်သုံးရေရှားပါးမှု ဖြည့်ဆည်းရေးအတွက် ၂၀၂၀- ၂၀၂၁ မှ ၂၀၃၀-၂၀၃၁ အထိ ၁၀နှစ်စီမံကိန်းရေးဆွဲအကောင် အထည်ဖော်သွားမည်ဖြစ်ရာ မန္တလေး တိုင်းဒေသကြီး ညောင်ဦးမြို့နယ်ကို Pilot Project အဖြစ် အချက်အလက်များ ကွင်းဆင်း ကောက်ယူရရာ၌ မြေပြင်တွင် ကျေးရွာပေါင်း ၈၀ ထပ်တိုးသဖြင့် စုစုပေါင်းရွာ ၃၀၀ အထိ ရှိကြောင်း သိရသည်။ ကျေးလက်များတွင် သုံးရေအတွက် အဆင်ပြေ မှုရှိသော်လည်း အဓိကလိုအပ်သည့် သောက်သုံးရေရှားပါးမှု ဖြည့်ဆည်းနိုင်ရေးအတွက် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်ပြီး ယခု စီမံကိန်းကို ၂၀၁၉၂၀၂၀ ဘဏ္ဍာနှစ်ကတည်းက ပြင်ဆင်ခဲ့ရာ ယခု ဘဏ္ဍာနှစ်တွင် စတင် အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ၂၀၃၁ ခုနှစ်တွင်တစ်နိုင်ငံလုံးရှိ သောက်သုံး ရေရှားပါးမှုကြုံတွေ့နေရသော ကျေးရွာများ အားလုံးတွင် သန့်ရှင်းသော သောက်သုံးရေရရှိရန် ဆောင်ရွက်နေကြောင်း သိရသည်။
များမကြာမီ ပူပြင်းခြောက်သွေ့သော ရာသီရောက်ရှိလာမည်။ ရေသည် အသက်သွေးတမျှ အရေးကြီးသည်ကို မုချတွေ့ကြုံရပေမည်။ ရေသည် သက်ရှိသတ္တဝါများအတွက် အရေးပါဆုံး ဓာတ်ဖြစ်ပြီး ရေဓာတ်မရှိပါက အသက်ရှင်နိုင်မည်မဟုတ်သကဲ့သို့ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှုကိုလည်း နှောင့်နှေးစေသည်။ လူဦးရေတိုးတက်များပြားလာနေသော ယနေ့ ကမ္ဘာကြီးတွင် ရေလိုအပ်ချက်သည် စိန်ခေါ်မှုတစ်ရပ်ဖြစ်သကဲ့သို့ ကမ္ဘာကြီးတည်တံ့ ခိုင်မြဲရေးနှင့် ရေအရင်းအမြစ်လုံခြုံမှုရှိရေးသည်လည်း အရေးကြီးသည်။ အစိုးရအနေဖြင့် ရေသယံ ဇာတများကို စနစ်တကျ စီမံခန့်ခွဲနိုင်မည့် အမျိုးသား ရေသယံဇာတ ဥပဒေတစ်ရပ် ရေးဆွဲ အကောင် အထည်ဖော်ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကို စနစ်တကျလုပ်ဆောင်ခြင်း၊ အများပြည်သူတို့ကလည်း ရေလေလွင့်ဆုံးရှုံးမှု နည်းပါးစေရေးအတွက် စနစ်တကျ အသုံးပြုခြင်းဖြင့် ရေအရင်းအမြစ်များကို စနစ်တကျ ထိန်းသိမ်းသင့်သည်။ ရေကြောင့် ဖြစ်ပေါ် လာနိုင်သည့် အခက်အခဲများကို ကျော်လွှားနိုင်မည်ဟု မျှော်လင့်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။
စာချစ်သူ