Skip to main content

နိုင်ငံတော်အစိုးရ တာဝန်ယူမှု ဆယ်လမြောက်၏ မှတ်တိုင်များ

12

13

(ယမန်နေ့မှ အဆက်)

(၃၂) နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း အထိမ်း အမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကို နိုဝင်ဘာ ၂၀ ရက်ကလည်းကောင်း၊ အမျိုး သမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီက ကြီးမှူး၍ နိုဝင်ဘာ ၂၅ ရက်က လည်းကောင်း အခမ်းအနားများနှင့် အွန်လိုင်းစနစ်များဖြင့် ကျင်းပနိုင်ခဲ့သည်။

စက်မှုလုပ်ငန်းများ တိုးတက်မြင့်မားစေရေးအတွက် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက နိုဝင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် မှော်ဘီမြို့နယ်ရှိ မြွေဆိပ်ဖြေ ဆေးထုတ်လုပ်ရေးဌာနခွဲ၊ New Generation Industry Co., Ltd. သို့ ငှားရမ်းထားသည့် အမှတ်(၃) ပလတ်စတစ် စက်ရုံ၊ သာယာဝတီမြို့ရှိ အမှတ်(၃) အကြီးစားစက်ရုံ (သာယာဝတီ)၊ ရွှေတောင်မြို့ရှိ အမှတ်(၁) အထည်စက်ရုံရှိ ပြောင်းဖူးတော်ကုန်ပစ္စည်း စက်ရုံ(ရန်ပယ်) စသည်တို့တွင် စက်မှုလုပ်ငန်းများ အရည်အသွေးပြည့်မီစွာ လည်ပတ်နိုင်ရေးအတွက် ကြည့်ရှု စစ်ဆေးခဲ့သည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် နိုဝင်ဘာ ၂၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဆောင်ရွက်သော တိုက်ကြီး မြို့နယ်အတွင်း ကျေးလက်ချင်းဆက်လမ်း ကွန်ကရစ်ခင်းပြီးစီးမှု၊ လှိုင်မြစ်လှော်ကား ရေအား ဖြည့်စီမံကိန်း ဆောင်ရွက်မှု၊ ရန်ကုန် - ပြည်လမ်းပိုင်း မှော်ဘီမြို့အတွင်း မြေအောက်အနက် ၁ ပေတူး၍ ၅ ပေအချင်းရှိ ရေပိုက်လိုင်း သွယ်တန်းထားရှိမှု၊ ရန်ကုန်မြောက်ပိုင်း ခရိုင်လမ်း ဦးစီးဌာနမှ အမှတ် (၄) လမ်းမကြီး ပြုပြင်ထိန်းသိမ်းမှု၊ ရန်ကုန်နေပြည်တော်-မန္တလေး အမြန် လမ်းမကြီး (ရန်ကုန်-နေပြည်တော်) အပိုင်း လမ်းဘေးသစ်ပင်များ ရှင်သန်ဖြစ်ထွန်းနေမှု၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် စက်ယန္တရားများဖြင့် မြေညှိခြင်းနှင့် ချုံနွယ်များ ရှင်းလင်းထားရှိမှုကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

ပြည်သူများကျန်းမာရေးအတွက် ဆောင်ရွက်ချက်

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ နိုဝင်ဘာလ ကုန်အထိ လူဦးရေ စုစုပေါင်း ၁၆၈၄၉၁၇၂ ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေး နှစ်ကြိမ် အပြည့် ထိုးနှံပြီးစီးသူ ၁၁၈၅၈၅၉၈ ဦးနှင့် ပထမအကြိမ် ထိုးနှံပြီးစီးသူ ၄၉၉၀၅၇၄ ဦး ရှိပြီဖြစ်ပါသည်။ နိုဝင်ဘာ ၃၀ ရက်အထိ မြန်မာနိုင်ငံတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း ၂၈၇၀၇၇၇၀ ကြိမ်ထိုးနှံပြီးဖြစ်ပါသည်။ ကိုဗစ် - ၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲ  စမ်းသပ်စစ်ဆေးခြင်းများတွင် နိုဝင်ဘာ ၃၀ ရက်အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၅၆၀၅၇၄၇ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ် - ၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၅၂၈၂၅ ဦးရှိပြီ ဖြစ်ပါသည်။ ဆေးရုံ ဆင်းခွင့်ရရှိသူ ၈၀၁ ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၄၉၈၀၅၀ ဆေးရုံ မှဆင်းခွင့်ရရှိပြီး ဖြစ်ပါသည်။ ကိုဗစ် -  ၁၉ ရောဂါဖြင့် နိုဝင်ဘာလကုန်အထိ သေဆုံးသူ စုစုပေါင်း ၁၉၁၁၁ ဦးရှိခဲ့သည်။

ယခုဖြစ်ပွားနေဆဲဖြစ်သည့် တတိယလှိုင်းကာလအတွင်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက် ဖြစ်ပွားမှုမြင့်မားခဲ့သော မြို့နယ် ၁၁၉ မြို့နယ်အား နေအိမ်တွင် နေထိုင်ရေးအစီအစဉ် (Stay at home) သတ်မှတ်ဆောင်ရွက်၍ ရောဂါထိန်းချုပ် ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် တင် ဆောင်ရွက်ခဲ့ရာတွင် လူနာသစ် တွေ့ရှိရမှုနှင့် ပိုးတွေ့ရှိနှုန်း လျော့နည်းကျဆင်းလာသော မြို့နယ်များအား Stay at home မြို့နယ်အဖြစ်မှ ဖြေလျှော့ပေးလျက်ရှိရာ ဆက်လက် အကျုံးဝင်နေသည့် မြို့နယ် ၁၁ မြို့နယ်သာ ကျန်ရှိတော့သည်ကို နိုဝင်ဘာ ၃၀ ရက်က တွေ့ရှိရ သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေး ကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများတင်သွင်းခြင်းနှင့် ဆက်စပ်သည့် အသိပေး ကြေညာချက်များကိုလည်း အများပြည်သူသိရှိစေရန် ဆောင်ရွက်ပေးထားသည်ကိုလည်း မြင်တွေ့ရသည်။

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံဆောင်ရွက် ပေးလျက်ရှိရာ သက်ဆိုင်ရပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာတာဝန် ရှိသူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ်- ၁၉ ရောဂါစစ်ဆေး ပေးခြင်း၊ Quarantine ဝင်ရောက်ရမည့် အထောက်အထား စာရွက်စာတမ်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဝန်ကြီး ဌာန၏ ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးပြီး ၎င်းတို့ နေရပ် အသီးသီးသို့ လိုက်လံပို့ဆောင်ပေး လျက်ရှိသည်ကိုလည်း သိရှိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ကျန်းမာရေး ဝန်ကြီးဌာန ရုံးအမှတ်(၄)၌ နိုဝင်ဘာ ၃၀ ရက်က  Video Conference စနစ်ဖြင့် ကျင်းပသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ကိုဗစ်-၁၉ ရာဂါ ဖြစ်ပွားမှု တတိယလှိုင်းကို တိုင်း အတာတစ်ခုအထိ ကောင်းစွာထိန်းချုပ် ထားနိုင်ပြီဖြစ်သော်လည်း စိုးရိမ်ဖွယ်ကူး စက်ပျံ့နှံ့မှုများ ဖြစ်ပွားနိုင်သည့် မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး (Variants of Concern) အုပ်စုတွင် နိုဝင်ဘာ ၂၆ ရက်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထပ်မံ၍ ထည့်သွင်းခဲ့သည့် အိုမီခရွန် (Omicron) မျိုးဗီဇပြောင်း  ရောဂါပိုးအနေဖြင့် ကမ္ဘာတစ်ဝန်း တွင် လျင်မြန်စွာ ကူးစက် ပြန့်ပွားမှုများကို တွေ့ရှိနေရကြောင်းနှင့် ပြည်သူများ ကာကွယ်ဆေးလွှမ်းခြုံမှုများ ကောင်းမွန်စွာ လိုက်နာစေရေး၊ ကျန်းမာရေးအသိ ပညာမြှင့်တင်ခြင်းလုပ်ငန်းများကို ရောဂါ ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများနှင့်အတူ အလေးထား၍ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် ရေးတို့အတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

စီးပွားရေးဆောင်ရွက်ချက်များ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း ဖြန့်ဖြူးရောင်းချရေးအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်း ခဲ့သည့် စက်သုံးဆီများကို စက်တင်ဘာ ၂၂ ရက်မှစတင်၍ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ရောင်းချပေးလျက်ရှိပြီး နိုဝင်ဘာလအတွင်း ဆက်လက် ဖြန့်ဖြူး ရောင်းချပေးခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုဝင်ဘာ ၃ ရက်ရက်စွဲဖြင့် အမိန့်ကြော်ငြာစာ  ထုတ်ပြန်ရာတွင် ငွေပေးချေမှုစနစ်များ ပိုမိုထိရောက်စေရေးအတွက် ငွေသားဖြင့် ငွေပေးချေမှုတွင် ကျပ်သိန်း ၂၀၀ ထက် မပိုစေရဘဲ ထိုပမာဏထက်ကျော်လွန်သည့် မည်သည့်ငွေပေးချေမှုများ အတွက်မဆို ဘဏ်စနစ်အသုံးပြု၍ ဒစ်ဂျစ်တယ်ငွေပေးချေမှု နည်းလမ်းများကိုသာ အသုံးပြုရန် ထုတ်ပြန် ကြော်ငြာခဲ့သည်။

ကိုဗစ်- ၁၉ ရာဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေး စည်းကမ်းချက်များနှင့်အညီ ချောင်းသာနှင့် ငွေဆောင် ကမ်းခြေများ ခရီးသွားရာသီဖွင့်ပွဲကို နိုဝင်ဘာလ ၁၅ ရက်က ကျင်းပခဲ့သည်။ ငပလီကမ်းခြေ ဆောင်းဦးပွဲတော်ကိုလည်း နိုဝင်ဘာ ၁၄ ရက်က ကျင်းပခဲ့သည်။

ကိုဗစ်- ၁၉ ရောဂါကြောင့် မြန်မာ - တရုတ်နယ်စပ်မှကုန်ပစ္စည်းများ တင်ပို့/ တင်သွင်းနေခြင်းကို မူဆယ် (မန်ဝိန်းဂိတ်)၊ ကျင်စန်းကျော့ဂိတ်နှင့် ကြုံကုတ်ပန်ဆိုင်းဂိတ်တို့ကို ၂၀၂၁ ခုနှစ် ဧပြီနှင့် ဇူလိုင်လများတွင် ယာယီရပ်ဆိုင်းထားခဲ့ရာ ယခုအခါ ကျင်စန်းဂိတ်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေး စခန်းတို့အား နိုဝင်ဘာ ၂၆ ရက်တွင် ပြန်လည်ဖွင့်လှစ် လိုက်ပြီဖြစ်သဖြင့် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများ ပိုမိုလွယ်ကူလာစေပြီ ဖြစ်ပါသည်။ ကုန်သွယ်မှု မြှင့်တင်ရေးနှင့် မြန်မာ့ထုတ်ကုန်များ တိုးချဲ့တင်ပို့နိုင်ရေးအတွက် ပြည်ပနိုင်ငံ ၁၃ နိုင်ငံတွင် တာဝန်ထမ်းဆောင်နေကြသော မြန်မာစီးပွားရေးသံမှူးများနှင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းတို့ နိုဝင်ဘာ ၂၃ ရက်က တွေ့ဆုံခဲ့သည်။ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် အားသာချက်၊ အားနည်းချက်၊ ဈေးကွက်ရရှိမှု အခြေအနေ၊ ဈေးကွက်အသစ်များ ဖော်ထုတ်ရရှိရေး၊ ကုန်ပစ္စည်း အရည်အသွေး၊ အစားအစာလုံခြုံဘေးကင်း စိတ်ချရေးတို့အတွက် သက်ဆိုင်ရာ နိုင်ငံများ အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက လမ်းညွှန် မှာကြားခဲ့သည်။

တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်း စိုက်ပျိုးမွေးမြူရေးနှင့် အခြားလူသုံးကုန်လုပ်ငန်းများသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူ များက ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးနေသည်ကိုလည်း မြင်တွေ့ရသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီ လုပ်ငန်းရှင်များအသင်းတို့မှ စားသုံးသူပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူ ရရှိနိုင်ရန် ရည်ရွယ်၍ စားအုန်းဆီများကို နိုဝင်ဘာ ၉ ရက်မှ စတင်ပြီး တိုင်းဒေသကြီး/ပြည်နယ် ဒေသအသီးသီးရှိ လက်လီ/လက်ကား ရင်းချသူများသို့ တစ်ပိဿာလျှင် လက်ကားဈေး ငွေကျပ် ၄၂၄၀ဖြင့် နေ့စဉ် ဖြန့်ဖြူး ရောင်းချပေးလျက်ရှိရာ စားအုန်းဆီတန်ချိန် ၉၀၆၂ ဒသမ ၀၅ တန်၊ ပိဿာ ၅၅၄၅၉၈ဝ ရောင်းချခဲ့ပြီး ဖြစ်ကြောင်း နိုဝင်ဘာ ၂၄ ရက်က သိရှိရသည်။

ဘာသာရေးနှင့်လူမှုဘဝမြှင့်တင်ရေး ဆောင်ရွက်ချက်

နိုင်ငံတော် ပရိယတ္တိသာသန တက္ကသိုလ် (ရန်ကုန်/မန္တလေး) တို့၏ (၂၆) ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင် အခမ်းအနားကို နိုဝင်ဘာ ၂၈ ရက်က နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။ ထို့နောက် ဘွဲ့ခံရဟန်းတော်များက ဘွဲ့များအသီးသီး လက်ခံရယူပြီး နိုင်ငံတော်ပရိယတ္တိသာသနဥ တက္ကသိုလ်များ၏ အဓိပတိ ဆရာတော်ကြီး၏ရှေ့မှောက်တွင် ဘွဲ့ခံရဟန်းတော်များက သာသနာပြု ကတိသစ္စာခံယူကြ သည်။ ထို့နောက် နိုင်ငံတော်သံဃမဟာ နနာယကဥက္ကဋ္ဌ ဆရာတော်ကြီး အမှူးပြုသော ပင့်သံဃာတော် ၁၈ ပါး၊ ဘွဲ့ခံ ရဟန်းတော် ၁၃၈ ပါး စုစုပေါင်း ၁၅၆ ပါးတို့ကို အလှူရှင်များက ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခဲ့သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ နဝမ အစည်းအဝေးကို နိုဝင်ဘာ ၂၆ ရက်က ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေး ကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာမဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ စတင်ကျင်းပသည်။ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ အမှူးပြုသည့် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဝင် ဆရာတော်ကြီးများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် တာဝန်ရှိသူများ တက်ရောက် ကြည်ညိုကြရာ နိုင်ငံတော်သံဃမဟာနနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်က အစည်းအဝေး အဖွင့်ဩဝါဒကထာ မြွက်ကြားတော်မူသည်။ ယင်းနောက် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာတို့ကို သက်ဆိုင်ရာ တာဝန်ကျအဖွဲ့ ဆရာတော်တော်များက တင်သွင်းလျှောက် ထားခြင်း၊ ဝိနိစ္ဆယဆိုင်ရာကိစ္စများ သာသနာရေးရာ ကိစ္စများ၊ ပညာရေး ဆိုင်ရာကိစ္စများကို တင်ပြလျှောက်ထားခြင်းများကို ပြုလုပ်ခဲ့ပြီး တာဝန်ကျအဖွဲ့ခွဲ ဆရာတော် များက ဝေဖန်ဆွေးနွေးတော်မူကြကြောင်း သိရှိရသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုဝတ်ရွတ်အဖွဲ့ဖြင့် အသံမစဲ မဟာပဋ္ဌာန်းကျမ်းငါးကျမ်း ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲကို နိုဝင်ဘာ ၂၉ ရက်က ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) အနော်ရထာခန်းမ၌ ပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှတက်ရက် သစ္စစ္စာပြုဆုတောင်း ရွတ်ဖတ်ပူဇော် အမျှဝေခဲ့သည်။ နိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာစေရန်နှင့် ကပ်ကြီးသုံးပါးဘေးမှ လွတ်မြောက်စေရန် စိတ်စေတနာ ရည်သန်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) ဝတ်ရွတ်အဖွဲ့မှ နိုဝင်ဘာ ၁၉ ရက်မှစ၍ ၁၁ ရက်တိုင် ရွတ်ဖတ်ပူဇော် ခဲ့ခြင်းဖြစ်ပါသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနသည် ကိုဗစ်-၁၉ ကာလ ပိတ်ထားရသည့် အမျိုးသား စကြည့်တိုက် (နေပြည်တော်) နှင့် အမျိုးသားစာကြည့်တိုက် (ရန်ကုန်)တို့အား နိုဝင်ဘာ ၁ ရက်မှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်း စည်းကမ်းများ၊ Standard Operating  Procedure (SOP) နှင့်အညီ ပြတိုက်များကို တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံး ပိတ်ရက်များမှအပ နေ့စဉ်ဖွင့်လှစ်၍ ဝန်ဆောင်မှု ပေးအပ်လျက်ရှိသည်။ စာကြည့်တိုက်ဝန်ဆောင်မှုတွင် အမျိုးသားစာကြည့်တိုက် (နေပြည်တော်) www.nlmnpt.gov.mm နှင့် အမျိုးသား စာကြည့်တိုက် (ရန်ကုန်) www.nlm. gov.mm တို့တွင် Digital စာအုပ်၊ စာနယ်ဇင်း၊ ပေစာ၊ ပုရပိုက်စာ၊ သမိုင်းနှင့် ရှေးဟောင်း သုတေသန စာစုများ၊ အစိုးရထုတ် စာအုပ်များ၊ အာဆီယံစာစုများ၊ ကမ္ဘာ့ကုလသမဂ္ဂစာစုများ၊ ရှားပါးစာစုများ၊ မြန်မာနိုင်ငံအကြောင်းဆိုင်ရာ အင်္ဂလိပ်စာအုပ်များ၊ သုတေသန စာတမ်းများ၊ မြန်မာနိုင်ငံပြန်တမ်းများစသည့် e-Resources များကို ဝင်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပြီဖြစ်ပါသည်။

ကိုဗစ် - ၁၉ ကြောင့် ဂျပန်နိုင်ငံတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသားများနှင့် မိသားစုများအတွက် ၁ ကြိမ်မြောက် ကယ်ဆယ်ရေး လေယာဉ်မှာ နိုဝင်ဘာ ၂၅ ရက်တွင် ဆိုက်ရောက်လာခဲ့သည်။ မလေးရှားနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား နိုဝင်ဘာ ၂၂၊ ၂၄ နှင့် ၂၅ ရက်တို့တွင်  ကယ်ဆယ်ရေး ခရီးစဉ်များဖြင့် မြန်မာနိုင်ငံသား ၄၉၇ ဦးတို့ကို ခေါ်ဆောင်လာခဲ့ပြီဖြစ်ပြီး ပြန်လည်ခေါ်ယူပေးမှု အကြိမ်ရေ အားဖြင့် ၁၇၀ ခန့် ရှိပြီဖြစ်သည်။ စင်ကာပူနိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာလိုသည့် မြန်မာနိုင်ငံသားများအား နိုဝင်ဘာ ၂၉ ရက်က အကြိမ် ၈၀ မြောက် ကယ်ဆယ်ရေးယာဉ်ဖြင့် မြန်မာအမျိုးသား လေကြောင်းလိုင်းမှ ပြည်လည်ခေါ်ယူနိုင်ခဲ့ရာ နိုင်ငံသား ၁၀၅ ဦး ပြန်လည်ရောက်ရှိ လာခဲ့သည်။

ဂျော်ဒန်နိုင်ငံမှ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသား ခြောက်ဦးတို့မှလည်း နိုဝင်ဘာ ၂၇ ရက်က ရန်ကုန်- အာမန်ရန်ကုန် မြန်မာ့လေကြောင်းခရီးဖြင့် ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ မြန်မာသံရုံး ဆိုးလ်မြို့မှလည်း တစ်ပတ်လျှင်တစ်ကြိမ် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲ နိုင်ရေး စီစဉ်ပေးလျက်ရှိရာ နိုဝင်ဘာ ၂၃ ရက်တွင် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ဖြင့် ၈၄ ကြိမ်မြောက် ကယ်ဆယ်ရေး လေယာဉ်ပျံသန်းပြေးဆွဲခဲ့ပြီး နိုင်ငံသား ၄၈ ဦးနှင့် အခြားနိုင်ငံများမှ မြန်မာနိုင်ငံ သို့လာရောက်မည့် ခရီးသည်များပါဝင်လျက် စုစုပေါင်း ၇၅ ဦး တို့ကို ပို့ဆောင်ပေးနိုင်ခဲ့သည်။

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ကြီး (YMBA)မှ ကြီးမှူးကျင်းပသည့် (၁၀၁) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ ဇမ္ဗူသီရိ ဗိမာန်တော်၌ ကျင်းပသည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်းကြီး၏ ရာသက်ပန် နာယကကြီး၊ သတိုးသီရိ အဂ္ဂမဟာ မင်္ဂလဓမ္မဇောတိကဓဇ မဟာသရေစည်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော သဝဏ်လွှာအား ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) ဒုတိယဥက္ကဋ္ဌ မဟာမင်္ဂလဓမ္မဇောတိ ကဓဇေ ဒေါက်တာအောင်မင်းကျော်သူက ဖတ်ကြားပြီး အသင်း(ဗဟို)ဥက္ကဋ္ဌ အဂ္ဂမဟာ မင်္ဂလမ္မဇောတိကဓဇ ဦးရဲထွန်းက အမျိုးသားအောင်ပွဲနေ့ သမိုင်းကြောင်းကို ရှင်းလင်း ပြောကြားခဲ့ပြီး ဘွဲ့တံဆိပ်တော်များ ချီးမြှင့်ခဲ့သည်။

နိုင်ငံတော်အစိုးရက နိုင်ငံ့တာဝန်ကို ထမ်းဆောင်သည့် ဆယ်လပြည့်မြောက်သည့် နိုဝင်ဘာလအတွင်း ပြည်သူ့အတွက်လုပ်ဆောင်ချက်များကား ယခုထက် ပို၍များပြားစွာ ရှိနေပါသေးသည်။ လာမည့်ကာလများတွင်လည်း အစိုးရနှင့် ပြည်သူတွဲလက်ညီစွာဖြင့် မည်သည့် စိန်ခေါ်မှုမျိုးကို မဆို ကျော်ဖြတ်အနိုင်ယူရင်း စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်ကြီးဆီသို့ လျှောက်လှမ်းသွားကြရမည်သာ ဖြစ်ပါတော့သည်။ ။

ကနောင်