Apr 12, 2022

လူတစ်ဦးချင်းစီတိုင်းဟာ နေ့စဉ်နဲ့အမျှဆိုသလို ကိုယ့်အရေး၊ သူ့အရေးနဲ့ အများအရေးတွေ စဉ်းစားလုပ်ကိုင်ကြရင်း ဘဝအရေးအစုံစုံတွေနဲ့ လည်ပတ်နေတတ်ကြပါတယ်။
Apr 11, 2022

အတွေးအခေါ်ပညာရှင်ဘလက်ဘန်းဆိုသူက “လူသားဆိုသည်မှာ ကျင့်ဝတ်ရှိသော သတ္တဝါများဖြစ် သည်” ဟုဆိုခဲ့သည်။ လူ့လောကတွင် ရှင်သန်နေထိုင်ရာ၌ ကဏ္ဍအသီးသီးအလိုက် လိုက်နာစောင့်ထိန်း ရသော ကျင့်ဝတ်များစွာရှိပါသည်။ အနောက်တိုင်းနှင့် အရှေ့တိုင်း၏ ကျင့်ဝတ်နှင့်သက်ဆိုင်သည့် တွေးခေါ်ယူဆချက်များကို လေ့လာကြည့်မည်ဆိုပါက အရှေ့တိုင်းသားတို့၏ ကျင့်ဝတ်ဆိုင်ရာ အတွေး အခေါ်မှာ လူတစ်ဦးတစ်ယောက်၏ ပုဂ္ဂိုလ်ရေး၊ လူမှုရေးနှင့် နိုင်ငံရေးတို့သည် တစ်ခုနှင့်တစ်ခု အမြဲဆက်စပ်နေသည်ဟူသောအချက်ကို အဓိကထားပြီး အနောက်တိုင်းကမူ လက်တွေ့အသုံးကျမှု၊ တာဝန်ရှိမှုနှင့် ပုဂ္ဂိုလ်တစ်ဦးချင်း၏ ကိုယ်ကျင့်သီလအပေါ် အခြေခံချဉ်းကပ်တွေးခေါ်သည်ကို တွေ့ရှိရပါသည်။
Apr 11, 2022

တစ်နှစ်ကူးပြောင်းလို့ တစ်နွေလည်း ရောက်ခဲ့ပြန်လေပြီ။ နွေဦးပိတောက်တို့သည် ဟိုဟိုသည်သည်မှာ နှစ်သစ်ကို ကြိုနှင့်နေကြပါပေါ့လား။ နှစ်သစ်ကူးတိုင်း သည်ပိတောက်တို့ကို မြင်နေရသော်လည်း ရိုးမသွားနိုင်၊ လှမြဲလှနေ၏။ တင့်တယ်မြဲ တင့်တယ်နေပါ၏။ ပူပြင်း လှသော နွေနေရှိန် အောက်တွင် ပိတောက်ဝါတို့မှာ နွေကိုအန်တုလို့ စိမ်းစိုစွာလှနေပါ၏။ သက်ရှိ ပန်းချီကား တစ်ချပ်သဖွယ် အသက်ဝင်လှသည်။ ဪ… ကြည့်လေ တိုင်း၊ မြင်လေတိုင်း ရိုးမသွားနိုင်သည်က သဘာဝလောကကြီး၏ လျှို့ဝှက်ချက်ပေများလားမသိ။
Apr 11, 2022

မောင်သောင်းဝင်း (တမန်ဟောင်း)
မကြာမီ မြန်မာလူမျိုးတို့၏ မဟာသင်္ကြန်ပွဲတော်ကြီး ကျရောက်တော့မည်ဖြစ်သည်။ ရပ်ကွက်ထဲတွင် သင်္ကြန်တေးသီချင်းများ ကြားနေရပြီးသင်္ကြန် အငွေ့အသက်ကိုကြိုတင်ခံစားနေရပြီဖြစ်သည်။ နိုင်ငံ တစ်ဝန်းတွင် သင်္ကြန်ပွဲတော်အတွက် ကြိုတင်ပြင်ဆင်နေကြပြီဖြစ်သည်။ သင်္ကြန်ကာလကို အသက် အရွယ်အလိုက် ပုံစံအမျိုးမျိုးဖြင့် ဖြတ်သန်းကြသည်။ လူငယ်များသည်ရေကစားကြသည်။ လူလတ်ပိုင်း အရွယ်များက အလှူအတန်းပြုလုပ်ကြသည်။ လူကြီးပိုင်းများသည် ဘုရားတန်ဆောင်း၊ ဘုန်းကြီး ကျောင်းများသို့သွားကာ ဥပုသ်သီတင်း သီလဆောက်တည်ကြသည်။ တရားရိပ်သာဝင်ကြသည်။ အမှန်တော့ မဟာသင်္ကြန်သည် မြန်မာတို့အတွက် ထူးခြားလေးနက်သော ပွဲတော်တစ်ခုပင်ဖြစ်သည်။ သင်္ကြန်ရေပက်ဖျန်းရင်းကောင်းမှု ကုသိုလ်လည်း ပြုလုပ်ခွင့်ရကြသည်။
Apr 10, 2022

ဒေါက်တာထွေးမင်းသန့်
ဝဥ၏ မူရင်းဒေသသည် အရှေ့တောင်အာရှဖြစ်ပြီး အပူပိုင်းအာရှနှင့် အာဖရိကဒေသများတွင် သဘာဝ အလျောက် ပေါက်ရောက်သည်။ အဆိုပါ ဝဥသည် မျိုးရင်း Araceae ၊ မျိုးစုသည် Amorphophallus ဖြစ်ပြီး ရုက္ခဗေဒအမည်မှာ Amorphophallus companulatus ဖြစ်သည်။ အင်္ဂလိပ်အမည်မှာ Elephant Foot Yam(or)White Yam(or) Telingo ဟု ခေါ်သည်။ ကမ္ဘာပေါ်တွင် ဝဥမျိုးစိတ် ပေါင်း ၁၃၀ ခန့်ရှိသည့်အနက် ၁၂ မျိုးခန့် ဖော်ထုတ် သုံးစွဲလျက်ရှိကြောင်း လေ့လာသိရှိရသည်။
Apr 10, 2022
ပြီးခဲ့တဲ့လက မန္တလေးမြို့ရဲ့ မြို့ကျက်သရေဆောင် ရတနာပုံခန်းမသစ်ကြီးမှာ ကျင်းပခဲ့တဲ့ အခမ်းအနားက ပြည်သူတစ်ရပ်လုံးနဲ့ သက်ဆိုင်တဲ့အပြင် နိုင်ငံတော်တစ်ဝန်းလုံးနဲ့ ဆက်စပ်ပြီး ဝမ်းမြောက်ဂုဏ်ယူဖွယ်လို့ ပြောရမယ့် အခမ်းအနားတစ်ခု ဖြစ်ပါတယ်။
Apr 08, 2022

နိုင်ငံတစ်နိုင်ငံ၏ နယ်မြေတည်တံ့မှု၊ အချုပ်အခြာအာဏာပိုင်စိုးမှု၊ အမျိုးသားလွတ်လပ်ရေး အဓွန့်ရှည် တည်တံ့ခိုင်မြဲမှုနှင့် လုံခြုံမှုအတွက် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန် နိုင်ငံသား တိုင်းတွင် တာဝန်ရှိသည်။
Apr 05, 2022

တကယ်တော့ မြန်မာနိုင်ငံနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization–WHO) တို့ဟာ ဖွားဖက် တော်တွေပါပဲ။ ၁၉၄၈ ခုနှစ်မှာ အတူတူ ဖြစ်တည်လာခဲ့ကြပါတယ်။ ဒါ့အပြင် WHO ရယ်လို့ ပေါ်ပေါက်လာတာနဲ့ တစ်ပြိုင်နက် မြန်မာနိုင်ငံအစိုးရက အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပါတယ်။ WHO ရဲ့ ဝါအရင့်ဆုံးအဖွဲ့ဝင်ထဲမှာ မြန်မာနိုင်ငံလည်းပါပါတယ်။
Apr 05, 2022

ကမ္ဘာကြီးက ရွာတစ်ရွာလို ဖြစ်နေပြီ။ နိုင်ငံတွေ၊ တိုင်းပြည်တွေဟာ ဆက်စပ်တည်ရှိနေပြီး ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာမယ့် သဘာဝဘေးဒဏ်တွေကို အားလုံး အနည်းနဲ့အများ ခံစားကြရမှာ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခုက သတ်မှတ် စည်းကမ်းတွေမလိုက်နာရင်၊ သစ်တောသစ်ပင်တွေ မထိန်းသိမ်းရင်၊ သစ်တောပြုန်းတီးအောင် လုပ်ရင်၊ ကာဗွန်ထုတ်လုပ်မှုတွေ ဆိုးရွားစွာ လုပ်ရင်၊ ဓာတုဆေးတွေ အလွန်အကျွံသုံးရင်၊ နောက်ဆက်တွဲ ဆိုးကျိုး ဖြစ်တဲ့ သဘာဝဘေးက အဲဒီနိုင်ငံတစ်ခုတည်း ထိခိုက်မှာ မဟုတ်ဘဲ တစ်ကမ္ဘာလုံးမှာ အနည်းအများသာ ကွာခြားပြီး ထိခိုက်မှာဖြစ်တယ်။
Apr 04, 2022

ရာသီဥတုပြောင်းလဲခြင်းကို ယခုအခါ ကမ္ဘာတစ်ဝန်းတွင် ရင်ဆိုင်ကြုံတွေ့နေကြရာ မြန်မာနိုင်ငံသည်လည်း အပါအဝင်ဖြစ်ပါသည်။ မုတ်သုံအဝင်နောက်ကျခြင်း၊ အထွက်စောခြင်း စသည့်ပြောင်းလဲမှုများကြောင့် မုတ်သုံကာလ ရက်သတ္တ သုံးပတ်တာခန့် တိုတောင်းလာသည့်အတွက် မုတ်သုံမိုးကို မှီခိုအားထားရသည့် စိုက်ပျိုးရေးလုပ်ငန်းများကို အခက်တွေ့စေခဲ့ပါသည်။ ထို့အပြင် ဆိုးရွားပြင်းထန်သော ရာသီဥတု အစွန်း ရောက်ဖြစ်စဉ်များကိုလည်း ရင်ဆိုင်ကြုံတွေ့နေရပါသည်။