Skip to main content
Nov 09, 2022
တဖြည်းဖြည်းတိုးမြင့်နေသည့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုသည် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကခြိမ်းခြောက်မှုတစ်ခုဖြစ်လာနေပြီး လူသန်းပေါင်းများစွာကို ဆင်းရဲတွင်းနက်စေသည့် အကြောင်းရင်းတစ်ရပ်လည်း ဖြစ်လာနေပါသည်။
Nov 07, 2022
3
၁၉၉၁ ခုနှစ် ဧပြီလတွင် နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ကျွန်တော့်ကို ခန့်အပ်ခဲ့ ပါသည်။ ထိုစဉ်က အမေရိကန်နိုင်ငံဆိုင်ရာ သံရုံး ယာယီတာဝန်ခံ/ သံမှူးအဖြစ် ဝါရှင်တန်၌ တာဝန်ထမ်းဆောင်နေချိန် ဖြစ်ပါသည်။ ယခင် သံအမတ်ကြီး အငြိမ်းစားယူသွားပြီးနောက် သံအမတ်ကြီးတစ်ဦး အဆိုပြုခဲ့ရာ သဘောတူညီချက်မပေးသဖြင့် ကျွန်တော်က သံရုံးယာယီတာဝန်ခံ သံမှူးအဖြစ် ၁၀ လခန့် တာဝန်ထမ်းဆောင်နေချိန် ဖြစ်ပါသည်။ နောက်သံအမတ်အတွက် သဘောတူညီချက်ရပြီး ၁၉၉၁ ခုနှစ် ဩဂုတ်လတွင် ဝါရှင်တန်မှ ထွက်ခွာခွင့်ရရှိခဲ့ပါသည်။ မြန်မာနိုင်ငံသို့ ပြန်လာပြီး ထိုစဉ်က နိုင်ငံအကြီးအကဲနှင့် ဝန်ကြီးများအား ဂါရဝပြု ညွှန်ကြားချက်ခံယူရပါသည်။ ၁၉၉၁ ခုနှစ် အောက်တိုဘာလမှာ နီပေါနိုင်ငံ ခတ္တမန္ဒူမြို့တော်သို့ရောက်ရှိပြီး နီပေါဘုရင် ဘီရင်ဒရာ (ယခု နတ်ရွာစံပြီး) ထံ သံအမတ်ခန့်အပ်လွှာ ပေးနိုင်ခဲ့ပါသည်။
Nov 06, 2022
ဆောင်းပါး
ရှင်တော်ဂေါတမမြတ်ဗုဒ္ဓအလောင်းအလျာ သိဒ္ဓတ္ထမင်းသားဖွားမြင်တော်မူရာ နီပေါနိုင်ငံ “လုမ္ဗိနီ” ဒေသ၌ မြန်မာတို့၏ကုသိုလ်အလှူဒါနကြောင့် သာသနိကအဆောက်အအုံများ ခံ့ညားစွာတည်ရှိနေမှုကို သတိရစိမ့်သောငှာ ဤဆောင်းပါးကို တင်ပြအပ်ပါသည်။
Nov 04, 2022
မိမိတို့မြန်မာနိုင်ငံမှ စင်ကာပူ၊ ကိုရီးယား၊ ထိုင်းနှင့် မလေးရှားအပါအဝင် ပြည်ပနိုင်ငံများသို့ သွားရောက်၍ ဝမ်းရေးအတွက် အလုပ်လုပ်ကိုင် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသားများစွာရှိပါသည်။ ၎င်းတို့သည် ပြည်ပတွင်နိုင်ငံခြားငွေဖြင့် လုပ်ခလစာများရရှိကြပြီး အဆိုပါလုပ်ခလစာဝင်ငွေကို ကိုယ့်နိုင်ငံသို့ တရားဝင်ဘဏ်လမ်းကြောင်းများမှတစ်ဆင့် ပြန်လည်လွှဲပြောင်းပေးပို့မှုများ ပြုလုပ်ကြရပါသည်။ ပြည်ပသို့ သွားရောက်လုပ်ကိုင်နေသူများထံမှ ၎င်းတို့၏မိသားစုများထံသို့ လွှဲပို့ငွေ၊ မိခင်နိုင်ငံသို့ ပြန်လည်လွှဲပို့ငွေများသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက်သာမက နိုင်ငံတော်၏ နိုင်ငံခြားငွေရှာဖွေရေးအတွက် အထောက်အပံ့ဖြစ်စေပါသည်။
Nov 04, 2022
အုပ်ချုပ်ရေး (Governance)သည် ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်နှင့် ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော် (သို့မဟုတ်) အကောင်အထည်မဖော်သည့် လုပ်ငန်းစဉ်ဟု ကုလသမဂ္ဂ အာရှပစိဖိတ်ဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင်က ဖွင့်ဆိုပါသည်။
Nov 03, 2022
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Nov 03, 2022
ကျွန်တော်တို့ရဲ့ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသက ကိုယ်ကျင့်သီလနဲ့ပတ်သက်ပြီးတော့ အခုလိုမိန့်ကြားဖူးပါတယ်။ “လူ့လောကမှာ အင်မတန်ကောင်းတဲ့ ကိုယ်ကျင့်သိက္ခာ ငါးပါးသီလကိုတော့ အပြည့်အဝမထိန်းချင်ကြဘူး။ အလှူအတန်းကြီးတွေတော့ မဏ္ဍပ်ကြီးတွေထိုးပြီး အကြီးအကျယ်ပေးတယ်။ အဆောင်အယောင်တွေ၊ ပကာသနတွေ၊ သီလထိန်းတာက လူမမြင်ရတော့ အရသာကတယ် မရှိဘဲကိုး။ မဏ္ဍပ်ကြီးနဲ့ အလှူကြီးပေးတာကတော့ လူမြင်သူမြင်မို့ ဟိုကချီးမွမ်း၊ ဒီကချီးမွမ်း အရသာရှိတယ်။ သာယာဖွယ်ဖြစ်တယ်။
Nov 02, 2022
အောက်တိုဘာ ၂၁ ရက်က ကော့ကရိတ်မြို့ကို KNU/KNLA တပ်မဟာ (၆) လက်အောက်ခံတပ်ရင်းတွေ၊ KKO (ခွဲထွက်) အဖွဲ့နဲ့ PDF တွေက တိုက်ခိုက်ခဲ့ကြပါတယ်။ အဲဒီဖြစ်စဉ်မှာ အပြစ်မဲ့ပြည်သူအချို့ သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိမှုတွေလည်း ဖြစ်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မတိုင်ခင်က အင်းစိန်ထောင်မှာ ဗုံးခွဲတိုက်ခိုက်ခဲ့ကြလို့ အပြစ်မဲ့ပြည်သူအချို့သေဆုံး ခဲ့ပါတယ်။ ဒါ့အပြင် ကျိုက်ထီးရိုးတောင်တက်ကားဂိတ်မှာ ပစ်ခတ်ခဲ့လို့ ဘုရားဖူးပြည်သူတွေ သေဆုံးခဲ့ပါသေးတယ်။ ဒီထက်ဆိုးရွားတဲ့ လုပ်ရပ်ကတော့ ကျောင်းကိုဗုံးခွဲတိုက်ခိုက်ခြင်းပါပဲ။ အောက်တိုဘာ ၂၂ ရက်က ခင်ဦးမြို့နယ် မကျီးတုံကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲကို Drone အသုံးပြုပြီး Drop Bomb နဲ့တိုက်ခိုက်ခဲ့ကြပါတယ်။ ပြောရရင်တော့ စစ်ရေးဆိုင်ရာ ပစ်မှတ်တွေမဟုတ်ဘဲ ကလေးသူငယ်တွေ၊ အများပြည်သူဆိုင်ရာ နေရာတွေ၊ ဘုရား စေတီပုထိုးတွေ၊ ကျောင်းတွေ၊ လမ်းတံတားတွေ၊ အစိုးရဆိုင်ရာရုံးတွေနဲ့ အဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာ လွဲမှားတဲ့အယူအဆနဲ့ လုပ်ဆောင်မှုတွေ ဖြစ်ပါတယ်။
Nov 01, 2022
ထန်းရည်ကြိုက်သောသူသည် အချိန်တန်လျှင် ထန်းပင်ကိုမော့ကြည့်ကြသည်။ ယမကာသမားကလည်း နေညိုလျှင်လေပြိုကြသည်။ ထို့အတူ ဆေးလိပ်ကြိုက်နှစ်သက်သူအတွက်ကတော့ ထမင်းစားပြီးလည်းတစ်မျိုးလို ဆေးလိပ်တို ဆေးလိပ်တိုဆိုသည့် ခေတ်ပေါ်သီချင်းကဲ့သို့ ဆေးလိပ်က အချိန်တိုင်း အမြဲတမ်းလိုနေတတ်သည်။ အိမ်ရာမှ နိုးလျှင်နိုးချင်း မျက်နှာသစ်၊ သွားတိုက်ဖို့မစဉ်းစားဘဲ ဆေးလိပ်ဖွာရှိုက်လိုက်ရမှနေသာသည့်ကျွန်တော်၊ အစည်းအဝေးအရှည်ကြီးများနှင့်ကြုံရလျှင် အပြင်ထွက်ပြီး စီးကရက်တစ်လိပ်လောက်သောက်လိုက်ရမှ ကျေနပ်မိသော ကျွန်တော်၊ ညနေဆိုလျှင် ဗျစ်ရည်ခေါ် ယမကာလေးကိုလည်း အဖော်ပြုတတ်သော ကျွန်တော်၊ ခုတော့ ထိုဒုက္ခ၊ ဤဒုက္ခများမှ ကင်းလွတ်ငြိမ်းခဲ့သည်မှာ နှစ်နှစ်တင်းတင်းပင်ပြည့်ခဲ့ပြီဖြစ်သည်။
Nov 01, 2022
အောက်တိုဘာ ၂၁ ရက်က ကော့ကရိတ်မြို့ကို KNU/KNLA တပ်မဟာ (၆) လက်အောက်ခံတပ်ရင်းတွေ၊ KKO (ခွဲထွက်) အဖွဲ့နဲ့ PDF တွေက တိုက်ခိုက်ခဲ့ကြပါတယ်။