Sep 23, 2022

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးရရှိခဲ့သည်။ လွတ်လပ်ရေးရရှိခဲ့သည့်နောက် ယနေ့တိုင် ကမ္ဘာ့အလယ်တွင် သမာသမတ်ကျကျ လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို တစိုက်မတ်မတ်ကျင့်သုံး လျက်ရှိပြီး နိုင်ငံတိုင်းကို မိတ်ဝတ်မပျက်ဆက်ဆံခဲ့၍ နိုင်ငံတကာဆက်ဆံရေး သံခင်း တမန်ခင်းကဏ္ဍတွင် သမိုင်းအစဉ်အလာ ကြီးမားခဲ့သည်။ ဒေသတွင်းနိုင်ငံများကြားတွင် ရှေ့ဆောင်နိုင်ငံဟုပင် ဆိုရလောက်သည်။ ကမ္ဘာ့ခေါင်းဆောင်များနှင့် ကြိမ်ဖန်များစွာ အပြန် အလှန် ကူးလူးယှက်နွှယ်ထိတွေ့ဆက်ဆံမှုရှိခဲ့၍ နိုင်ငံအချို့သည် ၎င်းတို့၏ ကမ္ဘာ့အရေး၊ ဒေသတွင်းအရေးကိစ္စများတွင် ပါဝင်နယ်ဒီပလိုမေစီသဘောအရ မြန်မာခေါင်းဆောင်များကို ကြားမှ အောင်သွယ်တော်အဖြစ် အကူအညီတောင်းခံမှုပေါင်းများစွာပင် ရှိခဲ့ဖူးသည်။
Sep 23, 2022

ယနေ့ကမ္ဘာမှာ နိုင်ငံရေး၊ စီးပွားရေး အခင်းအကျင်းတွေ အခြေခံကအစ အချိန်နှင့်အမျှ ပြောင်းလဲနေသည်ကို တွေ့ရသည်။ ဗဟိုချက်မတွေ ပြောင်းနေသည်။ အနောက်မှ အရှေ့သို့ လည်းကောင်း၊ အနောက်မှ အရှေ့ပစိဖိတ်သို့လည်းကောင်း အရွေ့များကို တွေ့မြင်နေ ရသည်။ ထိုသို့ တိုးတက်ပြောင်းလဲနေမှုများကို ရုရှားနိုင်ငံ ပရီမော်စကီဒေသ၊ ဗလာဒီဗော့စတော့၌ ကျင်းပသော (၇) ကြိမ်မြောက် Eastern Economic Forum တွင် အကဲဖြတ်ခွင့်ရခဲ့ကြသည်။
Sep 23, 2022

မိသားစုတစ်ခုရယ်လို့ ဖြစ်လာပြီဆိုရင် လူတန်းစေ့ ရှင်သန်၊ ရပ်တည်၊ နေထိုင်နိုင်ရေးအတွက် လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ လိုအပ်ချက်တွေထဲကမှ အရေးအကြီးဆုံးအရာကတော့ စီးပွားရေးလို့ ဆိုကြပါတယ်။
Sep 22, 2022

“ဥပဒေဆိုသည်မှာ စည်းကမ်းဖြစ်သည်။ စည်းကမ်းတိုင်းသည် ဥပဒေမဟုတ်ပါ။ စည်းနှောင်အားရှိသော စည်းကမ်းသည်သာ ဥပဒေဖြစ်ပါသည်။” “No One is Above the Law ဥပဒေအထက်တွင် မည်သူမျှ မရှိပါ။” အစရှိသော ဥပဒေရေးရာဆောင်ပုဒ်များကို ရည်ညွှန်းသုံးသပ်လျက် ဥပဒေနှင့်ပြစ်မှု၊ ပြစ်ဒဏ် အကြောင်းကို စာဖတ်သူတို့အတွက် ဤဆောင်းပါးဖြင့် မျှဝေပေးလိုပါသည်။
Sep 22, 2022
ရုရှားဖက်ဒရေးရှင်းနိုင်ငံ Irkutsk ပြည်နယ် Irkutsk မြို့တွင် ခေတ္တရောက်ရှိ တည်းခိုနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ စက်တင်ဘာလ ၈ ရက် နံနက်စောပိုင်းမှစတင်၍ အသက်ဝင်လှုပ်ရှားနေသည်။ ယမန်နေ့ညက အိပ်စက်နားနေချိန်မှာ နောက်ကျသည့်တိုင် လန်းဆန်းတက်ကြွမှုက အပြည့်ရှိနေသည်။ နိုင်ငံ့အကြီးအကဲဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ ယနေ့လေ့လာရေးခရီးစဉ်ကို နံနက်ပိုင်းမှပင် စတင်မည်ဖြစ်ပြီး Irkutsk ပြည်နယ်အစိုးရအဖွဲ့အကြီးအကဲ Mr. Igor Ivanovich Kobzev နှင့် တာဝန်ရှိသူများက လေ့လာရေးခရီးစဉ်အား လိုက်ပါရှင်းလင်းတင်ပြမည်ဖြစ်သည်။
Sep 21, 2022
ခြိုးခြံချွေတာခြင်းဟူသည် အိမ်တစ်အိမ်၊ မိသားစုတစ်စုအတွက် အလွန်ပင်အရေးကြီးပါသည်။ လူသားများဟူသည်ကား နေ့စဉ်နှင့်အမျှ ဝမ်းစာရေးအတွက် အဓိကထား၍ ရှာဖွေစားသောက်နေ ထိုင်ကြရသူများဖြစ်သည်။ လူသားဟူသည် တစ်ဦးတစ်ယောက်တည်းခွဲထွက်၍ နေကြရသည်မှာ နည်းပါးပါသည်။ မိသားစု၊ ဆွေမျိုး၊ ညီအစ်ကို မောင်နှမများနှင့် နေထိုင်ကြရသူများသည် ပို၍ချွေတာကြရပါသည်။
Sep 21, 2022
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Republic of Buryatia ပြည်နယ် Ulan-Ude မြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ စက်တင်ဘာ ၁၀ ရက် လေ့လာရေးခရီးစဉ်အား နံနက် ပိုင်းကာလကပင် စတင်သည်။
Sep 20, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ ယာဉ်တန်းသည် လုံခြုံရေးယာဉ်တန်းများခြံရံ၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဦးတည်ထွက်ခွာလျက်ရှိသည်။ စတင်ရောက်ရှိသည်မှ စက်တင်ဘာလ ၉ ရက် နံနက်ပိုင်းအထိ ခေတ္တတည်းခိုနေထိုင်ခဲ့သည့် ဗလာဒီဗော့စတော့ခ်မြို့ Far Eastern Federal University(FEFU)တက္ကသိုလ်ကြီးမှာ ခံ့ထည်စွာဖြင့် ကျန်ရစ်သည်။ စက်တင်ဘာ ၉ ရက် နံနက်ပိုင်းတွင် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ စတင်သွားရောက်မည့် နေရာမှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ Amur ပြည်နယ်၊ Blagoveshchensk မြို့သို့ဖြစ်သည်။
Sep 19, 2022

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ၌ စတင်တွေ့ရှိခဲ့သော ကိုဗစ်-၁၉ ကူးစက်ရောဂါသည် နှစ်နှစ်ခွဲကျော် ကြာလာခဲ့ချိန်တွင် ဗီဇပြောင်းလဲမှုများစွာ တွေ့နေရသည်။ အဆိုပါ ဇီဗပြောင်းမျိုးကွဲများအနက် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO)က ထုတ်ပြန်ထားသည့် အထူးသတိပြုစောင့်ကြည့်ရမည့် မျိုးကွဲများမှာ-
Sep 19, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ စက်တင်ဘာလ ၄ ရက်နေ့မှ ၁၁ ရက်နေ့အထိ သွားရောက်ခဲ့သည်။