Skip to main content
Dec 02, 2022
01
မြန်မာ့မီးရထားအနေဖြင့် ယခုနှစ် မေလ ၁ ရက်နေ့က သက်တမ်း ၁၄၅ နှစ် ဆိုသည့် ဘူတာစဉ်အမှတ်ကို ဖြတ်ကျော် ခုတ်မောင်းခဲ့ပြီဖြစ်သည်။ မြန်မာ့မီးရထားပေါ်ပေါက်လာပုံ သမိုင်းအကျဉ်း ပြန်ပြောင်း ကြည့်ရလျှင် ၁၈၅၂ ခုနှစ်တွင် အင်္ဂလိပ်နယ်ချဲ့တို့အနေဖြင့် မြန်မာနိုင်ငံကို ဒုတိယအကြိမ် ကျူးကျော်သိမ်းပိုက် ပြီးနောက် အောက်မြန်မာပြည်၏ လမ်းပန်းဆက်သွယ်ရေးမှာ လူသွားလမ်း၊ လှည်းလမ်းကြောင်းများနှင့် မြစ်ချောင်းတို့တွင် လှေသမ္ဗန်များဖြင့်သာ ဆက်သွယ်သွားလာလျက်ရှိခြင်း၊ ၁၈၆၉ ခုနှစ်တွင် စူးအက်တူးမြောင်း ဖွင့်လှစ်ပြီးနောက် အဓိကဒေသ ထွက်ကုန်ဖြစ်သည့် ဆန်နှင့်အခြား ပို့ကုန်များ တင်ပို့မှုတိုးတက်လာခြင်းနှင့် အထက်မြန်မာပြည်ကို အုပ်ချုပ်လျက်ရှိသည့် မြန်မာဘုရင်က စစ်တုံ့ပြန်သည့်အခါ၎င်းတို့၏ ဗြိတိသျှစစ်တပ်နှင့် စစ်လက်နက်ပစ္စည်းများကို အလျင်အမြန် ရွှေ့ပြောင်း ပို့ဆောင်နိုင်ရန်တို့ အတွက် ရထားလမ်းဖောက်လုပ်ရန် သုံးသပ်လာကြသည်။
Dec 01, 2022
ဆောင်းပါး
ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အခမ်းအနားများကို နှစ်စဉ်ဒီဇင်ဘာလ(၁)ရက်နေ့တွင် ကမ္ဘာတစ်ဝန်းလုံး၌ အိတ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရန်၊ ပြည်သူ့ကျန်းမာရေး၀န်ထမ်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် အိတ်ချ်အိုင်ဗွီရောဂါပိုးရှိသူများအပါအ၀င် ပြည်သူလူထုတစ်ရပ်လုံးမှ ပူးပေါင်းပါ၀င်၍ ခုခံအားကျဆင်းမှုကူးစက်ရောဂါအား ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ်မှ လုံးဝကင်းစင်ပပျောက်သွားသည်အထိ ဝိုင်းဝန်းကြိုးပမ်းပူးပေါင်းဆောင်ရွက်သွားရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်သည်။
Dec 01, 2022
လူသားတို့သည် မိမိတို့၏ ကာယ၊ ဉာဏစွမ်းအားများပေါ်မူတည်၍ စားဝတ်နေရေးအတွက် နေ့စဉ်ရုန်းကန်လှုပ်ရှားကြရသည်။ ထိုသို့ ရုန်းကန်ကြရာတွင် ပစ္စည်းဥစ္စာပြည့်စုံ၍ စားဝတ်နေရေးတွင် မည်မျှပင် အဆင့်အတန်းမီမီ ကောင်းမွန်ပြည့်စုံစွာ နေထိုင်နိုင်သော်ငြားလည်း ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်စုံတစ်ရာချို့ယွင်းနေပါက အများနည်းတူ မစွမ်းဆောင်နိုင်တော့သဖြင့် ပင်ကိုစွမ်းဆောင်နိုင်သည့် အင်အားများ ယုတ်လျော့အားနည်းသည့်  အခြေအနေနှင့် ကြုံတွေ့ရမည်ဖြစ်ပါသည်။ 
Nov 30, 2022
မြန်မာနိုင်ငံတွင် ပြည်ပကို ငွေလွှဲလုပ်ငန်းလုပ်ကိုင်ခွင့် ဘဏ်လုပ်ငန်းလိုင်စင်ကို နိုင်ငံပိုင် ဘဏ်သုံးခု၊ ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၉ ခု၊ နိုင်ငံ ခြားဘဏ်များ၏ ဘဏ်ခွဲ ၁၃ ခု စုစုပေါင်း ၃၅ ခုအား လုပ်ကိုင်ခွင့်ပြုထားသော်လည်း ပြည်တွင်းဘဏ် ၁၉ ခုအနက် ၁၃ ခုသာ အမှန်တကယ် လုပ်ကိုင် လျက်ရှိသည်။ ဘဏ်များအနေဖြင့် ငွေလွှဲခြင်းဆိုင် ရာလုပ်ငန်းစဉ်အဆင့်ဆင့်တွင် ခေတ်နှင့်လိုက်လျော ညီထွေမရှိတော့သည့် လုပ်ထုံးလုပ်နည်းများ ဆက်လက်ကျင့်သုံးနေခြင်းက တရားမဝင်ငွေလွှဲခြင်းကို တွန်းအားပေးရာရောက်စေသည်။
Nov 30, 2022
ကျွန်ုပ်တို့မြန်မာနိုင်ငံသည် နယ်ချဲ့တို့လက်အောက်သို့ ကျရောက်စဉ်ကပင် သွေးခွဲအုပ်ချုပ် ခံခဲ့ရသည့်အတွက် လွတ်လပ်ရေးရပြီး နောက်ပိုင်းပေါ်ပေါက်လာခဲ့သည့် ပြည်တွင်း သောင်းကျန်းမှုဒဏ်ကို တိုင်းရင်းသားပြည်သူအားလုံး တွေ့ကြုံခဲ့ရပါသည်။ အဆိုပါ ကိုလိုနီအမွေဆိုးကြီးကြောင့် နိုင်ငံတော်တည်ဆောက်ရေးတွင် ဖွံ့ဖြိုးမှုများနှောင့်နှေးခဲ့ရကာ တစ်ချိန်က ဖွံ့ဖြိုးမှုမရှိခဲ့သည့် အိမ်နီးချင်း နိုင်ငံများနောက်သို့ပင် ရောက်ရှိခဲ့ရပါသည်။
Nov 30, 2022
မြန်မာနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲကြီး နီးကပ်လာသည်နှင့်အတူ တွေ့မြင်နေရသည်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်မှုများ ဖြစ်ပါသည်။
Nov 29, 2022
ကျွန်ုပ်တို့မြန်မာနိုင်ငံသည် နယ်ချဲ့တို့လက်အောက်သို့ ကျရောက်စဉ်ကပင် သွေးခွဲအုပ်ချုပ်ခံခဲ့ရသည့်အတွက် လွတ်လပ်ရေးရပြီးနောက်ပိုင်း ပေါ်ပေါက်လာခဲ့သည့် ပြည်တွင်းသောင်းကျန်းမှုဒဏ်ကို တိုင်းရင်းသား ပြည်သူအားလုံး တွေ့ကြုံခဲ့ရပါသည်။ အဆိုပါ ကိုလိုနီအမွေဆိုးကြီးကြောင့် နိုင်ငံတော်တည်ဆောက်ရေးတွင် ဖွံ့ဖြိုးမှုများ နှောင့်နှေးခဲ့ရကာ တစ်ချိန်က ဖွံ့ဖြိုးမှုမရှိခဲ့သည့် အိမ်နီးချင်းနိုင်ငံများ နောက်သို့ပင် ရောက်ရှိခဲ့ရပါသည်။
Nov 28, 2022
လူထုအခြေပြု မြန်မာ့ခရီးသွားလုပ်ငန်းများ
မြန်မာ့ယဉ်ကျေးမှု၊ ဓလေ့ထုံးစံနှင့် မြန်မာ့ရေမြေသဘာဝအလှများက ချစ်စရာကောင်းလှ သည်။ ကမ္ဘာတစ်လွှား နိုင်ငံခြားသားခရီးသွားများ၏ နှလုံးသားကို ရိုးသားပွင့်လင်းစွာ ညှို့ငင်ဖမ်းစားနိုင်စွမ်းရှိသည်။ မြန်မာ့အပြုံး သူတို့နှလုံးသား ထဲ စွဲထင်သွားခြင်းသာဖြစ်သည်။
Nov 28, 2022
လူမှုကာကွယ်စောင့်ရှောက်ရေး စာရွက်မှတ်တမ်းမှသည် ဒစ်ဂျစ်တယ်စနစ်ဆီသို့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဟာ “လူ့ဂုဏ်သိက္ခာ အပြည့်အဝရရှိနိုင်မယ့် လူမှုအသိုက်အဝန်းတစ်ရပ်ပေါ်ပေါက်လာစေရေးနဲ့ အားလုံးအကျုံးဝင်ပြီး ရေရှည်တည်တံ့မှုရှိတဲ့ လူမှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းတွေနဲ့ ပြည်သူလူထု လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်စေရေး” မူဝါဒနဲ့အညီ ပြည်သူလူထုအတွင်း ထိရောက်တဲ့ လူမှုရေးပိုင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများနဲ့ ဝန်ဆောင်မှုတွေကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါတယ်။
Nov 28, 2022
ရွှေရတုသက်တမ်း “ စာအုပ်စာပေ လူ့မိတ်ဆွေ ” ဆောင်ပုဒ်
“စာမတတ်လို့ စာကိုသင်၊ စာကိုသင်မှ မိုက်မှန်းသိ” ဆိုသည့် ဆရာကြီးမင်းသုဝဏ်တို့လက်ထက်က အမှတ်အသားသည် ခေတ်မတိမ် နည်းမှီရဆဲဖြစ်လေသည်။ စာမတတ်ခဲ့သဖြင့် စာသင်တတ်မြောက် စာဖတ်နိုင်သည့်အခါ တစ်ချိန်က မိုက်မှားခဲ့သည်တို့ကို နောင်တရကြောင်း ရိုးရှင်းစွာ ဆိုပေသည်။ တစ်ချိန်က ကိုလိုနီစနစ်ကြောင့် မြန်မာများ စာမတတ်ခဲ့ရသည်ကို အတော်ပင် ကုစားခဲ့ရသည်။ အထူးသဖြင့် ၁၉၇၀ ဝန်းကျင်တွင် လူတိုင်းစာတတ်မြောက်ရေး လှုပ်ရှားမှုအဖြစ် နိုင်ငံတစ်ဝန်း ကြိုးပမ်းခဲ့ပေရာ အောင်မြင်မှုရသည့်အပြင် နိုင်ငံတကာဆုကိုပါ နှင်းအပ်ခြင်းခံရသည်။