Dec 26, 2022

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ ကံကောင်း (မိတ္ထီလာ) -စပါးကြွယ် (တောင်ငူ) ဓာတ်အားလိုင်း အပြီးသတ်ချိတ်ဆက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့်ပတ်သက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင် အား အုတ်တွင်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက တွေ့ဆုံမေးမြန်း ခဲ့သည်များကို ဖော်ပြအပ်ပါသည်။
Dec 26, 2022

ခရစ်နှစ်တစ်နှစ် ကုန်ဆုံးပြန်လေပြီ။ နှစ်သစ်ကို ပျော်ရွှင်ဖွယ် အခမ်းအနားများဖြင့် တခမ်းတနား ကြိုဆိုကြမည်။ နှစ်သစ်တွင် မျှော်လင့်ချက်အသစ်များကို မျှော်လင့်ကြလေ့ရှိသည်။ နှစ်သစ်ဆုတောင်းစကားများလည်း ဆိုကြမည်။ မြန်မာနိုင်ငံတွင် မြန်မာပြက္ခဒိန်အရ နှစ်သစ်ကူးနေ့ရှိသကဲ့သို့ အခြားလူမျိုးများနှင့် ယဉ်ကျေးမှုများတွင် နှစ်သစ်ကူးနေ့များ ရှိကြသည်။ ယနေ့ခေတ်တွင် အသုံးအများဆုံး ဂရီဂေါရီယန်ပြက္ခဒိန်အရ နှစ်သစ်ကူးနေ့သည် ဇန်နဝါရီ ၁ ရက်ဖြစ်သည်။ ဒီဇင်ဘာ ၃၁ ရက်တွင် နှစ်ဟောင်းတစ်နှစ် ကုန်ဆုံး၍ ဇန်နဝါရီ ၁ ရက်တွင် နှစ်သစ်တစ်နှစ်ကို စတင်ခြင်းဖြစ်သည်။ ကုန်ဆုံးသွားသော အချိန်ကာလတို့သည် အတိတ်ကာလအဖြစ် ကျန်ရှိနေခဲ့ပြီး ပြန်လည်၍ မရနိုင်တော့။
Dec 25, 2022

လွတ်လပ်ရေးသည် ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ၊ လွတ်လပ်ရေးသည် တတိယ ဟူသောကြွေးကြော်သံဖြင့် တိကျပြတ်သားသော ရည်မှန်းချက်တစ်ခုဆီ အရောက်လှမ်းပြီး တိုင်းရင်းသားပြည်သူအားလုံး အလိုချင်ဆုံးသော လွတ်လပ်ရေးကို အရယူနိုင်ခဲ့သည်။ နယ်ချဲ့တိုင်းတစ်ပါးတို့ စိုးမိုးမှုအောက်မှာမနေချင်ကြ၍ အသက်၊ သွေး၊ ချွေး စတေးပေးဆပ်ပြီးမှ ခက်ခဲကြမ်းတမ်းစွာဖြင့် တိုက်ခိုက်ရယူခဲ့ရသော လွတ်လပ်ရေးဖြစ်၍ စစ်မှန်သောလွတ်လပ်ရေးဟု ဆိုထိုက်သည်။
Dec 24, 2022

နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံတော်နှင့်နိုင်ငံသားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် အခွန်အကောက်ရငွေများသည် အဓိကကျသည့်ဘဏ္ဍာငွေများဖြစ်ပါသည်။ အဆိုပါ အခွန်အကောက်ရငွေများ ဥပဒေနှင့်အညီအပြည့်အဝရရှိရန် အခွန်ကောက်ခံမှုစနစ်သည် အခွန်ထမ်းပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ ညီညွတ်မျှတစေပြီး နိုင်ငံတော်၏စီးပွားရေးကို အထောက်အကူပြုရန် လိုအပ်သကဲ့သို့အခွန်အာဏာပိုင်များ၏ အခွန်စည်းကြပ်ကောက်ခံမှုအပေါ် အပြည့်အဝကျေနပ်မှုမရှိသည့် အခွန်ထမ်းများအတွက် ပွင့်လင်းမြင်သာသည့် အခွန်အယူခံစနစ်တစ်ခု တည်ရှိရန်လည်းလိုအပ်ပါသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် အစိုးရအဆက်ဆက်က ခေတ်စနစ်နှင့်အညီ အခွန်အယူခံခုံရုံးများ ဖွဲ့စည်းပြီးတရားမျှတမှုရှိရေး ကြိုးပမ်းအကောင်အထည်ဖော်ခဲ့ကြပါသည်။
Dec 24, 2022

လွတ်လပ်ရေးသည် ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ၊ လွတ်လပ်ရေးသည် တတိယဟူသောကြွေးကြော်သံဖြင့် တိကျပြတ်သားသော ရည်မှန်းချက်တစ်ခုဆီ အရောက်လှမ်းပြီး တိုင်းရင်းသားပြည်သူအားလုံး အလိုချင်ဆုံးသော လွတ်လပ်ရေးကို အရယူနိုင်ခဲ့သည်။ နယ်ချဲ့တိုင်းတစ်ပါးတို့ စိုးမိုးမှုအောက်မှာမနေချင်ကြ၍ အသက်၊ သွေး၊ ချွေး စတေးပေးဆပ်ပြီးမှ ခက်ခဲကြမ်းတမ်းစွာဖြင့် တိုက်ခိုက်ရယူခဲ့ရသော လွတ်လပ်ရေးဖြစ်၍ စစ်မှန်သောလွတ်လပ်ရေးဟု ဆိုထိုက်သည်။
Dec 21, 2022

အရှေ့တောင်အာရှက မြန်မာနိုင်ငံဟာ မြေမျက်နှာသွင်ပြင် အမျိုးမျိုးရှိတဲ့အပြင် နေရောင်ခြည်ကိုလည်းမြင်၊ ပင်လယ် ကမ်းခြေနဲ့ ရေခဲတောင်လည်းရှိ၊ မြေဩဇာကောင်းတဲ့ စိုက်ပျိုးမြေတွေကလည်း ကျယ်ပြော၊ နုန်းတင်မြေနု သစ်တောတွေနဲ့ လမုတောကလည်းရှိ၊ သစ်ခွမျိုးစုံက အစ၊ ပန်းရနံ့တွေကလည်း မွှေးကြိုင်လှပ သာယာလျက်ရှိတဲ့ နိုင်ငံဖြစ်ပါတယ်။
Dec 20, 2022

နိုင်ငံတစ်နိုင်ငံ၏ လူနေမှုအဆင့်အတန်း၊ ယဉ်ကျေးမှုအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်မှု မည်မျှ ရှိသည်ကို သိလိုလျှင်၊ ထိုနိုင်ငံသူ နိုင်ငံသားများ စာဖတ်မှုစွမ်းရည် ဘယ်လောက်ရှိသလဲ၊ လူဦးရေ မည်မျှစာဖတ်ကြသလဲ၊ မည်သို့သော စာအမျိုးအစားများကိုဖတ်ရှုကြသလဲ စသည့်အနေအထားကိုကြည့်၍ ဆုံးဖြတ်ကာသိရှိနိုင်သည်ဟု ဆိုပေ၏။ ဤသည်ကိုကြည့်လျှင် စာဖတ်ခြင်းသည် တိုင်းပြည်နှင့် လူမျိုးအတွက် အဘယ်မျှအရေးကြီးသည်ကို သိသင့်ကြပေသည်။
Dec 20, 2022

ယခုလတ်တလော လူမှုကွန်ရက်မှာ လူအများစိတ်ဝင်စားနေတဲ့သတင်းကတော့ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ NUGနဲ့ သူတို့ဖွဲ့စည်းထားတဲ့ PDF ဆိုတဲ့ အဖွဲ့တွေရဲ့ လူမဆန်စွာ အကြမ်းဖက်သတ်ဖြတ်မှုတစ်ခုက ဖုံးမရဖိမရ ပေါ်ပေါက်လာခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ကုန်ဆုံးတော့မယ့် ဒီဇင်ဘာလအစမှာပဲ တမူးက PDF အကြမ်းဖက်အဖွဲ့တွေက မအေးမာထွန်းလို့ခေါ်တဲ့ အပြစ်မဲ့အမျိုးသမီးငယ်တစ်ဦးကို အများပြည်သူ အသုံးပြုတဲ့ လမ်းမပေါ်မှာ လက်ထိပ်ခတ်ရိုက်နှက်ပြီး သေနတ်နဲ့ ဦးခေါင်းကို အထပ်ထပ်အခါခါ ပစ်သတ်လိုက်တဲ့ ဗီဒီယိုဖိုင်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ သာမက နိုင်ငံတကာသတင်းမီဒီယာများကိုပါ ပျံ့နှံ့ခဲ့ပါတယ်။
Dec 19, 2022
ရေခဲဖုံးတောင်တန်းများတည်ရှိရာ မြန်မာနိုင်ငံ၏ မြောက်ဖျားအစွန်း ကချင်ပြည်နယ် နောင်မွန်မြို့နယ်ရှိ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်နှင့် ဖုန်ကန်ရာဇီတောရိုင်း တိရစ္ဆာန်ဘေး မဲ့တောမှ ဇီဝနှင့် ရုက္ခဗေဒကြွယ်ဝမှုကို လေ့လာလိုသူ၊ သဘာဝအလှအပကို မြတ်နိုးသူ ပြည်တွင်း ပြည်ပ ခရီးသွားများအား ယခုပွင့်လင်းရာသီတွင် အရောက်လှမ်းလာရန် ကြိုဆိုဖိတ် ခေါ်လျက်ရှိသည်။
Dec 19, 2022

အခြေခံအားဖြင့် ဒီမိုကရေစီရွေးကောက်ပွဲဆိုသည်မှာ အထွေထွေရွေးကောက်ပွဲတစ်ခုတွင် ဝင်ရောက် ယှဉ်ပြိုင်ကြသောပါတီများနှင့် ကိုယ်စားလှယ်လောင်း အသီးသီးအတွက် မဲဆန္ဒရှင်ပြည်သူလူထု၏ ထောက်ခံဆန္ဒမဲများကို သက်ဆိုင်ရာလွှတ်တော် အသီးသီး၏ ကိုယ်စားလှယ် နေရာများအဖြစ်သို့ ပြောင်းလဲပေးလိုက် ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ပြည်သူလူထု၏ ကိုယ်စားပြုမှုကို ဖော်ဆောင် ပေးလိုက်ခြင်းပင် ဖြစ်သည်။