Feb 13, 2023

မဲနယ်တောင်တန်းကြီးသည် ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြို့နယ်အတွင်း၌ တည်ရှိပေသည်။ ရှမ်းပြည်နယ်တွင် မဲနယ်တောင်ကို မသိသူအလွန်ရှားသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း)ဟိုပုံးမှ ကယားပြည်နယ် လွိုင်ကော်သို့ကားဖြင့် ခရီးသွားတိုင်း အမြဲတမ်းလိုလို ဟိုပုံး-နမ့်ခုတ်-နောင်မွန်- ဘန်းယဉ်- ဆိုက်ခေါင်- ဆီဆိုင် အစရှိသော မြို့ရွာများကို ဖြတ်သန်းမောင်းနှင်လျက် ညို့ညို့မှိုင်းမှိုင်း မဲနယ်တောင်တန်းကြီးကို လှမ်းငေးမော၍ ကြည့်ရှုခဲ့ရပါသည်။ မဲနယ်တောင်တန်းကား တောင်စဉ်အထပ်ထပ် လျှိုမြောင်အသွယ်သွယ်တို့ဖြင့် စိမ်းလန်းစိုပြည်လှပနေပေ၏။
Feb 13, 2023

စက်ရုံထဲသို့ ဝင်လိုက်သည်နှင့် ထောပတ်ရနံ့မွှေးမွှေးက ဆီးကြိုနှုတ်ဆက်လေသည်။ ရှေ့ဆက်လက်လျှောက်လိုက်သော် စက်ကြီးများဖြင့် တစ်နာရီလျှင် နှစ်တန်ခန့်ထုတ်လုပ်နေသည့် ဘီစကစ်များက စက်ပေါ်တွင် အတန်းလိုက်ထုပ်ပိုးမည့်နေရာသို့ ရွေ့လျားနေကြသည်။
Feb 12, 2023

ဤအပင်ကိုစိုက်လျှင် ဤအပင်မှ အသီးကိုစားရ မည်၊ ဤအပင်ကိုစိုက်လျှင် ဤအပင်မှ အပွင့်ကို ပန်ရမည်ဟူသောအသိဖြင့် အသီးစားလိုသူက သီးပင်စိုက်သလို အပွင့်ပန်လိုသူက ပန်းပင်စိုက်ကြ သည်။ မသီးမပွင့်သော်လည်း ကြီးမားသောအရိပ်၊ အေးမြသောအရိပ်ကိုပေးသည့်အပင်ကို အရိပ်ခို လိုသူတို့ စိုက်ကြသည်။
ထိုနည်းတူစွာ တိုင်းပြည်အခြေအနေ အရပ်ရပ် အတွက် အမြော်အမြင်ကြီးစွာဖြင့် ပြည်သူပြည်သား တို့ အရိပ်လည်းခိုစေ၊ အသီးလည်းစားစေ၊ အပွင့် လည်းပန်နိုင်စေရန် ပြည်ထောင်စုဖွား တိုင်းရင်းသားများအားကို စုစည်းကာ ပြည်ထောင်စုမြန်မာနိုင်ငံ တော်ဟူသည့်အပင်ကြီးကို စိုက်ခဲ့ခြင်းဖြစ်ပါသည်။
Feb 12, 2023

ကျွန်တော်တို့ ဒီလိုလွတ်လပ်တဲ့ နိုင်ငံဖြစ်ဖို့ ဘိုးဘေး ဘီဘင်တို့ဟာ ပင်လုံမြေမှာ စုစည်းနိုင်ခဲ့ကြတယ်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်ဟာ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်ရာ တိုင်းရင်းသား လူမျိုးရှစ်မျိုး မျိုးနွယ်စုပေါင်း ၁၃၀ ကျော်တို့ ပျော်ရွှင်ရတဲ့နေ့၊ အေးအတူပူအမျှ အတူတကွနေကြမယ်၊ တို့တိုင်းရင်းသားအပေါင်း သာယာဝပြောအောင်၊ ကျန်းမာအောင် ကမ္ဘာ့အလယ်မှာ ဂုဏ်ယူဝင့်ကြွားဖို့ ဆိုတဲ့နေ့ ဖြစ်ပါတယ်။
Feb 11, 2023

၂၀၂၂ ခုနှစ်ကို တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံး၏ စုစည်းညီညွတ်မှုအင်အားဖြင့် ဖြတ်ကျော်ခဲ့ပြီးဖြစ်သည်။ ၂၀၂၃ ခုနှစ် စိန်ရတုလွတ်လပ်ရေးနေ့ အခါသမယကိုလည်း ခမ်းနားထည်ဝါစွာဖြင့် ဂုဏ်ယူဖွယ်အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီ။ ၂၀၂၃ ခုနှစ် ပြည်ထောင်စုနေ့ အခါသမယတွင်လည်း စည်းလုံးညီညွတ်မှု အားမာန်များကို ပြသကြရပါဦးမည်။
Feb 10, 2023

ဤအပင်ကိုစိုက်လျှင် ဤအပင်မှအသီးကိုစားရမည်၊ ဤအပင်ကိုစိုက်လျှင် ဤအပင်မှအပွင့်ကိုပန်ရမည်ဟူသောအသိဖြင့် အသီးစားလိုသူက သီးပင်စိုက်သလို အပွင့်ပန်လိုသူက ပန်းပင်စိုက်ကြသည်။ မသီးမပွင့်သော်လည်း ကြီးမားသောအရိပ်၊ အေးမြသောအရိပ်ကိုပေးသည့် အပင်ကို အရိပ်ခိုလိုသူတို့ စိုက်ကြသည်။
Feb 08, 2023

မြန်မာနိုင်ငံတော်ကြီး ထီးကျိုးစည်ပေါက် နယ်ချဲ့လက်အောက်ဘဝမှ လွတ်မြောက်ရေးအတွက် ကြိုးပမ်းကြရာတွင် “ပြည်ထောင်စုနေ့” သည် မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် သမိုင်းဝင်နေ့ထူးနေ့မြတ်ကြီးပင်ဖြစ်သည်။ ပင်လုံမြေမှစတင်ခဲ့သည့် တိုင်းရင်းသားပေါင်းစုံ သွေးစည်းညီညွတ်မှု၏ သင်္ကေတဖြစ်သော ပြည်ထောင်စုစိတ်ဓာတ်၏ အရင်းတည်ပေါက်ဖွားရာ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှစ၍ ပြည်ထောင်စုအလံတော်ကို လွှင့်ထူခဲ့ကြသည်မှာ ယခုဆိုလျှင် ၇၆ နှစ် တိုင်ခဲ့လေပြီ။
Feb 08, 2023

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် “ပင်လုံသစ္စာလမ်း” သာ ဖောက်လုပ်နိုင်ခြင်းမရှိခဲ့လျှင် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့သည် (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်လာနိုင်ပါ့မလားဟု မြင်ပါသည်။ လွတ်လပ်ရေးမုခ်ဦးကြီးဆီအရောက် ချီတက်နိုင်ဖို့ ပင်လုံမှာ ပြည်ထောင်စုသစ္စာလမ်းမကြီးကို အရင်ဖောက်ခဲ့ရသည်။ ထိုလမ်းကို ရှေးပဝေသဏီကတည်းက သည်မြေမှာနေ၊ သည်ရေကိုအတူသောက်ပြီး ကြီးပြင်းရှင်သန်လာခဲ့သည့် တစ်အူထုံ့ဆင်း ညီရင်းအစ်ကို သွေးချင်းစိတ်ထားအရင်းခံကာ သံသယကင်းသည့် အပြန်အလှန် ယုံကြည်မှုလေးစားမှုတို့ဖြင့် နောက်မျိုးဆက်များအတွက် လွတ်လပ်ရေးအမွေပေးရန် ခင်းခဲ့ကြခြင်းဖြစ်ပေသည်။
Feb 07, 2023

မြန်မာနိုင်ငံတော်ကြီး ထီးကျိုးစည်ပေါက် နယ်ချဲ့လက်အောက်ဘဝမှ လွတ်မြောက်ရေးအတွက်ကြိုးပမ်းကြရာတွင် “ပြည်ထောင်စုနေ့”သည် မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် သမိုင်းဝင်နေ့ထူးနေ့မြတ်ကြီးပင်ဖြစ်ပါသည်။ ပင်လုံမြေမှစတင်ခဲ့သည့် တိုင်းရင်းသားပေါင်းစုံသွေးစည်းညီညွတ်မှု၏ သင်္ကေတဖြစ်သော ပြည်ထောင်စုစိတ်ဓာတ်၏ အရင်းတည်ပေါက်ဖွားရာ ၁၉၄၇ ခုနှစ်ဖေဖော်ဝါရီ ၁၂ ရက်ကစ၍ ပြည်ထောင်စုအလံတော်ကို လွှင့်ထူခဲ့ကြသည်မှာ ယခုဆိုလျှင် ၇၆ နှစ်တိုင်ခဲ့လေပြီ။
Feb 06, 2023

ကျွန်တော်တို့ သွေးချင်းတို့မြေ ပြည်ထောင်စုကြီး လွတ်လပ်ရေးရခဲ့တာ ၇၅ နှစ်ရှိပြီ။ ဒီလိုလွတ်လပ်တဲ့ နိုင်ငံဖြစ်ဖို့ ဘိုးဘေးဘီဘင်တို့ဟာ ပင်လုံမြေမှာ စုစည်းနိုင်ခဲ့ကြပါတယ်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ဟာ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်ရာ တိုင်းရင်းသားလူမျိုး ရှစ်မျိုး၊ မျိုးနွယ်စုပေါင်း ၁၃၀ ကျော်တို့ ပျော်ရွှင်ရတဲ့နေ့၊ အေးအတူပူအမျှ အတူတကွနေကြမယ်တို့၊ တိုင်းရင်းသားအပေါင်း သာယာဝပြောအောင်၊ ကျန်းမာအောင် ကမ္ဘာ့အလယ်မှာ ဂုဏ်ယူဝင့်ကြွားဖို့ဆိုတဲ့နေ့လို့ပြောရပါမယ်။