Skip to main content
Dec 12, 2022
PR
Presenter ။ ။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် မြဝတီရုပ်မြင်သံကြားဌာနတို့ ပူးပေါင်း၍ မြန်မာနိုင်ငံ ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် (Proportional Representation – PR) ပြောင်းလဲ ကျင့်သုံးနိုင်ရေး စကားဝိုင်းဆွေးနွေးပွဲ အစီအစဉ်ကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ပါဝင်ဆွေးနွေးပေးဖို့ ဖိတ်ကြားထားသူကတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး ဖြစ်ပါတယ်။ အစီအစဉ် တင်ဆက်သူအဖြစ် ကျွန်တော် ဦးကျော်ဆွေအောင်နှင့် ကျွန်မ ဒေါ်ဖြိုးထက်ထက်အောင်တို့က ဆောင်ရွက်မှာ ဖြစ်ပါတယ်။
Dec 10, 2022
ကမ္ဘာကြီးသည် အရွေ့အပြောင်းအလွန်မြန်ဆန်လာနေပြီဖြစ်သည်။ သိပ္ပံနှင့် နည်းပညာများ အံ့မခန်းတိုးတက်လာမှုနှင့်အတူ ကမ္ဘာ့လူသား အများစုသည်လည်း ခေတ်မီတိုးတက်လာ ကြသည်။ ခေတ်မီတိုးတက်လာမှုနှင့် တစ်ဆက်တည်းတွင် လိုအပ်ချက်များလာမှု ဆက်နွှယ်ပတ်သက်လာသည့် စားရေရိက္ခာ၊ အသီးအနှံ၊ စက်မှုပစ္စည်း၊ လူ့အသုံး အဆောင်၊ အဝတ်အစား၊ စက်မှုနှင့် စိုက်ပျိုးမွေးမြူ ရေးသုံးဆက်စပ်ပစ္စည်း၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်နှင့် တခြားသောလိုအပ်ချက်များ ကြီးမားလာခြင်းသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဆင်းရဲ၊ ချမ်းသာကွာဟချက် ပိုမိုများပြားလာခြင်းပင်ဖြစ်သည်။ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုလျှင် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများ တိုးတက်အောင်အားပေး၍ ပြည်တွင်းလိုအပ်ချက်ကို ပြည်တွင်း၌ပင် ထုတ်လုပ်နိုင်သည်အထိ ကြိုးစားအကောင်အထည်ဖော်ရန် များစွာလိုအပ်သည်။ မျက်မှောက် ၂၁ ရာစုကာလတွင် ကမ္ဘာ့နိုင်ငံအသီးသီးက မိမိနိုင်ငံ စီးပွားရေး ခိုင်မာတောင့်တင်းစေရန် နိုင်ငံအလိုက် စီးပွားရေး မူဝါဒများ ချမှတ်ကျင့်သုံးလျက်ရှိကြသည်။ အထူးသဖြင့် ကမ္ဘာ့လူသားများ၏ ခေတ်နှင့်အညီ လိုအပ်မှု၊ အသုံးပြုမှု၊ ကုန်ထုတ်လုပ်နိုင်စွမ်း၊ ဝယ်လိုအား၊ တီထွင်ဆန်းသစ်မှု စသည်တို့ကိုတွက်ချက်၍ လိုအပ်သော ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ထူထောင်ကာ အပြိုင်အဆိုင် ကြိုးစားလာကြသည်။
Dec 09, 2022
01
၁၉၄၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ခန့်အပ်ခဲ့သည့် နိုင်ငံတော်စာရင်း စစ်ချုပ်၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် အစိုးရစာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း ကျောင်းကို စတင်ဖွင့်လှစ်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။ ပထမဆုံး သင်တန်းကျောင်းကို ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းနှင့် ကမ်းနားလမ်း၊ ပန်းဘဲတန်းမြို့နယ်၌ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
Dec 09, 2022
လူသားအားလုံးသည် လွတ်လပ်သူများအဖြစ် မွေးဖွားလာကြပြီး ဂုဏ်သိက္ခာနှင့်အခွင့်အရေးများ တန်းတူရည်တူရှိကြသည်ဆိုသည့်စာသားဖြင့် အစပြုခဲ့သည့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း (Universal Declaration of Human Rights- UDHR) ကို ၁၉၄၈ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ထိုအချိန်က ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ မဲခွဲဆုံးဖြတ်မှုရလဒ်ဖြင့် အတည်ပြုထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) ကို အတည်ပြုခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်ကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ (International Human Rights Day)အဖြစ် သတ်မှတ်ခဲ့ကြပြီး ကမ္ဘာတစ်ဝန်းလုံးတွင် လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အခမ်းအနားများကို ပုံစံအမျိုးမျိုးဖြင့် ကျင်းပလာခဲ့ကြသည်မှာ ယခု ၂၀၂၂ ခုနှစ်တွင် ၇၄ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။
Dec 08, 2022
01
နိုင်ငံတစ်နိုင်ငံ ဘက်စုံဖွံ့ဖြိုးရေးပညာရေးနှင့် ကျန်းမာရေးကဏ္ဍသည် လွန်စွာအရေးပါသည်။ ကျန်းမာမှ ဆောင်ရွက်နိုင်မည့်လုပ်ငန်းများ များစွာရှိပါသည်။ ကျန်းမာမှ ပညာသင်ကြားခွင့်၊ မိမိအနာဂတ်ကို ကိုယ်တိုင်ဖန်တီးခွင့်ရရှိမည်ဖြစ်သည်။ ကျန်းမာရေးသည် လူတိုင်း အလေးထား လိုက်နာစောင့်ရှောက်သင့်သည်။ အသိနောက်မကျသင့်သည့် အရေးကိစ္စများတွင် ကျန်းမာရေးလည်းပါဝင်သည်။ အသိနောက်မကျအောင် သတိပြုဆောင်ထားရမည်က “လူတိုင်းချင့်တွေး ကျန်းမာရေး”ပင် ဖြစ်သည်။
Dec 08, 2022
အဂတိ
ဒီဇင်ဘာလ ၉ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ ဖြစ်ပါသည်။ ကုလသမဂ္ဂအထွေထွေညီလာခံသည် ၂၀၀၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်းကို ချမှတ်ခဲ့ပြီး ၂၀၀၅ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် အသက်ဝင်ခဲ့ပါသည်။ ထိုအချိန်မှစ၍ ကမ္ဘာ့နိုင်ငံများသည် ကောင်းမွန်သော အုပ်ချုပ်ရေး၊ တာဝန်ယူမှုနှင့် နိုင်ငံရေးကတိကဝတ်များ၏ အရေးပါမှုကို ပြသသည့်အနေဖြင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းပါ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတာဝန်များကို အဖွဲ့ဝင် ၁၈၈ နိုင်ငံက ကတိပြုခဲ့ကြသည်။
Dec 08, 2022
012
မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း ၆၃၀၀၀ ကျော်ရှိပြီး နိုင်ငံ့လူဦးရေ၏ ၇၀ ဒသမ ၄ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင် နေထိုင်ကြပါသည်။ ၂၀၁၉ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် မြန်မာနေထိုင်မှုအခြေအနေ စစ်တမ်း ၂၀၁၇ အရ ကျေးလက်လူဦးရေ၏ ၃၀ ဒသမ ၂ ရာခိုင်နှုန်းဖြစ်သော ၁၁ ဒသမ ၂ သန်းခန့်သည် ဆင်းရဲနွမ်းပါးသူများဖြစ်ကြပါသည်။ ပြည်တွင်းနှင့် နိုင်ငံတကာ အတွေ့အကြုံများအရ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ သာမက မိသားစုဝင်ငွေတိုးပွားရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးကိစ္စရပ်များကို ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။
Dec 07, 2022
အဂတိလိုက်စားမှုတိုက်ဖျက်ဖို့ ကမ္ဘာတစ်ဝန်းစည်းလုံးစို့
ဒီဇင်ဘာ ၉ ရက်သည် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ ဖြစ်ပါသည်။ ကုလသမဂ္ဂအထွေထွေညီလာခံသည် ၂၀၀၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်းကို ချမှတ်ခဲ့ပြီး ၂၀၀၅ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင် အသက်ဝင်ခဲ့ပါသည်။ ထိုအချိန်မှစ၍ ကမ္ဘာ့နိုင်ငံများသည် ကောင်းမွန်သောအုပ်ချုပ်ရေး၊ တာဝန်ယူမှုနှင့် နိုင်ငံရေး ကတိကဝတ်များ၏ အရေးပါမှုကို ပြသသည့်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းပါ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတာဝန်များကို အဖွဲ့ဝင် ၁၈၈ နိုင်ငံက ကတိပြုခဲ့ကြသည်။
Dec 07, 2022
01
အီသီယိုးပီးယားနိုင်ငံသည် ကမ္ဘာ့ပထမဆုံး နိုင်ငံအဖြစ် (၉) ရာစုခန့်ကတည်းက အစပြု ကော်ဖီကို သောက်သုံးလာခဲ့ရာ (၁၆) ရာစုနှစ် ရောက်သောအခါ ကမ္ဘာတစ်ဝန်း၌ “အာရေဗျဝိုင်”ဟု ရေပန်းစားလာခဲ့သည်။ ယနေ့ထိတိုင်ကော်ဖီကို လူမျိုးမရွေး၊ ဘာသာမရွေး အာသာငမ်းငမ်း သောက်သုံးလျက်ရှိကြသည်။ စစ်တမ်းများအရ ကမ္ဘာပေါ်တွင် အာရေဗီကာကော်ဖီစေ့ကို ၇၀ ရာခိုင်နှုန်း အသုံးပြုကြကြောင်း၊ ရိုဘက်စတာ ကော်ဖီစေ့ကို အသုံးပြုမှုနည်းသော်လည်း အခါး ဓာတ်များ၍ ကဖိန်းဓာတ် နှစ်ဆပိုသဖြင့် နှစ်သက်သူများကြောင်း၊ လက်ရှိကမ္ဘာပေါ်တွင် ကုန်သွယ်မှု အများဆုံး ရပ်တည်လျက်ရှိသည့်ထုတ်ကုန်မှာ ရေနံဖြစ်ပြီး ဒုတိယမြောက် ကုန်သွယ်မှုအများဆုံး ထုတ်ကုန်မှာ ကော်ဖီဖြစ်ကြောင်း လေ့လာသိရှိရသည်။