Jun 05, 2023
နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်အထူးကုဆေးရုံကြီး (ရန်ကုန်မြို့)သည် ခုတင် ၁၅၀ ဆံ့ အထူးကုသင်ကြားရေးဆေးရုံကြီးတစ်ရုံဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးမှ ညွှန်းပို့လာသော နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်း၊ လည်ပင်းနှင့် ပတ်သက်သောရောဂါများကို ကုသမှုပေးလျက်ရှိရုံသာမက မွေးရာပါနားမကြားသော ကလေးငယ်များအား နားအကြားအာရုံနှိုးဆွစက် (Cochlear Implant–CI) ခွဲစိတ်တပ်ဆင်ပေးသော အဓိကဆေးရုံကြီးတစ်ရုံလည်းဖြစ်သည်။
Jun 05, 2023
ယနေ့ကမ္ဘာတစ်ဝန်းတွင် ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကင်ဆာ၊ နာတာရှည်အဆုတ်နှင့် အသက်ရှူလမ်းကြောင်းရောဂါများ စသည့် မကူးစက်နိုင်သောရောဂါ (Non-Communicable Diseases)များ ကြောင့် နှစ်စဉ်လူဦးရေ ၄၁ သန်းကျော် အသက်ဆုံးရှုံးနေရပြီး တစ်ကမ္ဘာလုံးတွင် သေဆုံးမှုအားလုံး ၏ ၇၁ ရာခိုင်နှုန်းဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အချက်အလက်များအရ ဝင်ငွေနည်းပါးသော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အသက်(၃၀)နှစ်နှင့် (၇၀)နှစ်ကြား သေဆုံးမှုအားလုံး၏ ၈၆ ရာခိုင်နှုန်းသည် မကူးစက်နိုင်သောရောဂါများကြောင့် အသက်ဆုံးရှုံးနေရကြောင်း လေ့လာတွေ့ရှိရသည်။ မြန်မာနိုင်ငံတွင်လည်း ၂၀၁၈ ခုနှစ်၌ ဆေးရုံ၊ ဆေးခန်းများတွင် ဖြစ်ပွားသော သေဆုံးမှု (Hospital Death) စုစုပေါင်း၏ သုံးပုံနှစ်ပုံခန့်သည် မကူးစက်နိုင်သောရောဂါများကြောင့် သေဆုံးနေရကြောင်း တွေ့ရှိရသည်။ မကူးစက်နိုင်သောရောဂါများဖြစ်ပွားရသည့် အဓိကအကြောင်းရင်းတစ်ခုမှာ ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲခြင်းဖြစ်ပြီး ၎င်းသည်ရှောင်လွှဲ၍ရသည့် ရောဂါဖြစ်ပွားစေသောအကြောင်းရင်း တစ်ရပ်ဖြစ်သည်။
Jun 05, 2023
၂၀၂၃ ခုနှစ် မေလ ၁၉ ရက်နေ့ ၀၉:၂၅ နာရီ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးထံမှ တယ်လီဖုန်းဖြင့် ညွှန်ကြားချက်တစ်ခု လက်ခံရရှိခဲ့သည်။ ၁၀:၀၀ နာရီတွင် နေပြည်တော်လေဆိပ်မှ တပ်မတော်လေယာဉ်တစ်စင်း စစ်တွေသို့ထွက်ခွာမည်၊ ခဏစောင့်ရန် ပြောထားပေးမည်၊ မီအောင်လိုက်သွားပါရန်ဟူ၍……။
Jun 04, 2023
သိပ္ပံနည်းပညာအင်ဂျင်နီယာ(ထွန်း) - စက်မှုစီးပွားထူးချွန် (၁၉၉၂ခုနှစ်)
Jun 04, 2023
ကျွန်ုပ်တို့ ယနေ့ကြုံတွေ့နေရသည့် ပလတ်စတစ်ညစ်ညမ်းမှုသည် ကမ္ဘာလုံးဆိုင်ရာ ပြဿနာ တစ်ရပ်ဖြစ်လာသည်။ ပလတ်စတစ်အိတ်များ၊ အသုံးအဆောင်များနှင့် ပရိဘောဂများ သုံးစွဲမှုများ ပြားလာသည်နှင့်အမျှ ပလတ်စတစ် စွန့်ပစ်ပမာဏလည်း မြင့်တက်လာပြီး ညစ်ညမ်းမှု ဖြစ်လာစေ သည်။ ထိုပြဿနာကို အလေးအနက် ထားပြီး တိုက်ဖျက်ရန်အချိန်တန်ပြီဖြစ်သည်။ ကမ္ဘာ လုံးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အလွန်ထူးခြားလေးနက်သည့် မှတ်တိုင်တစ်ရပ် စိုက်ထူခဲ့သည့် နေ့ဖြစ်သည့် ၂၀၂၃ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ “Solutions to Plastic Pollution” “ပလတ်စတစ် ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်း ဆောင်ရွက်စို့” ဟူ၍ သတ်မှတ်ထားသည်။
Jun 01, 2023
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု ဗန်းမော်ဆရာတော်ဘုရားကြီး ပြီးခဲ့တဲ့ ၁၃၈၅ ခုနှစ် နယုန်လဆန်း(၇)ရက် (၂၅-၅-၂၀၂၃) ရက်ည မဇ္ဈိမယံမှာ ပျံလွန်တော်မူရှာ ပြီဆိုတဲ့သတင်းကိုကြားလိုက်ရတော့ ဗုဒ္ဓဘာသာဝင်မြန်မာပြည်သူတွေအဖို့ အင်မတန်မှစိတ်ထိခိုက် ပြီး နှလုံးစိတ်ဝမ်းမသာမယာဖြစ်ကြရတယ်ကွယ်။
Jun 01, 2023
၂၀၂၃ ခုနှစ် နွေကာလသည် ထူးထူးခြားခြားလူငယ်များနှင့် ဆက်စပ်နေသောလဖြစ်ကြောင်း တွေ့ရှိရသည်။ ရှေးဦးစွာ မေလ ၃ ရက်နေ့သည် ကဆုန်လပြည့် (ဗုဒ္ဓနေ့)နှစ်တိုင်းကဲ့သို့ ယင်းနေ့တွင် အစဉ်အလာမပျက် ကဆုန်ညောင်ရေသွန်းပွဲ ကျင်းပခြင်းအပြင် လူငယ်များပါဝင်သော ဗုဒ္ဓနေ့အထူးအစီအစဉ်အဖြစ် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်အား ပူဇော်မည့် ဆီမီးတိုင်များကိုင်ဆောင်လှည့်လည်ပူဇော်ပွဲနှင့် ဓမ္မပူဇာသဘင်တို့တွင် ပါဝင်ပူဇော်ခွင့်ရရှိခြင်းက လူငယ်များ၏နှလုံးသားတွင် ဗုဒ္ဓတရားတော်၏ တန်ဖိုးအဆီအနှစ်တို့ ကိန်းဝပ်စေသောအကျိုးကို ရရှိစေခဲ့သည်။
Jun 01, 2023
ပတ်ဝန်းကျင်ရှုထောင့်စုံက ဘယ်အာရုံလာလာ၊ ကမ္ဘာကြီးရဲ့ဘယ်နေရာက ဘယ်လိုအရာတွေ ရိုက်ခတ်သည်ဖြစ်စေ အကြောင်းအကျိုး၊ အဆိုးအကောင်း ခွဲခြားစိတ်ဖြာဝေဖန်နိုင်မှုကို ပေးနိုင်စွမ်းတာလည်း ပညာပါပဲ။ အနာဂတ်ခရီးလမ်းကို ချောမွေ့စေမယ့် ပတ်စ်ပို့တစ်ခုအဖြစ် ပညာကို တင်စား နိုင်သလို ယနေ့အချိန်မှာ ကြိုတင်ပြင်ဆင်မှု အားကောင်းသူတွေသာလျှင် အနာဂတ်ကို ပိုင်ဆိုင်ကြပါလိမ့်မယ်။ မိမိ ကိုယ်မိမိပြောင်းလဲနိုင်တာ၊ မိသားစု လူ့အဖွဲ့အစည်းကို၊ နောက်ဆုံးကိုယ့်နိုင်ငံ ကိုယ့်ကမ္ဘာကြီးကိုတောင်ပြောင်းလဲပေး နိုင်တာကပညာတည်းဟူသော လက်နက်စွမ်းပကားသာလျှင် ဖြစ်ပါတယ်။
May 31, 2023
မိမိဘဝရဲ့တန်ဖိုးတစ်ခုဟာ ပညာစွမ်းအားအပေါ်မှာသာ မှီတည်ပါတယ်။ တည်ငြိမ်တဲ့ လမ်းကြောင်းတစ်ခုမှာ လျှောက်ချင်ရင် အခြားအရာတွေထက် ပညာကိုသာ ဦးစားပေးရှာဖွေရပါမယ်။ ပညာကသာ ကောင်းတဲ့အလုပ်ကိုရွေးချယ်နိုင်ပြီး အကောင်းဆုံးအကျိုးပြုနိုင်မှာဖြစ်တဲ့အတွက် ကောင်းတဲ့ဂုဏ်သတင်းနဲ့အတူ ဘဝရှင်သန်ရပ်တည်မှုအခက်အခဲမရှိအောင် လမ်းပြသည်က ပညာသာလျှင်ဖြစ်ပါတယ်၊၊
May 29, 2023
ယခင်နှစ်များထက် ပူပြင်းလှသောနွေရာသီကိုအန်တု၍ နွေနှောင်းရာသီကို တရွေ့ရွေ့ ဖြတ်ကျော်လာခဲ့ပြီ။ မကြာမီကာလအတွင်း မိုးသက်မြေသင်းနံ့တို့ဖြင့် ထုံမွမ်းနေမည့် မိုးဦးရာသီသို့ ရောက်လာပေတော့မည်။ မြေသင်းနံ့တို့နှင့်အတူ ဝေ့ဝဲလာမည့် မင်္ဂလာရှိသော ကလေးငယ်များ၏ စာအံသံများကြောင့် ပညာရည် တိုက်ကျွေးမည့် ကျောင်းတော်ကြီး ပြန်လည်အသက်ဝင်လာတော့မည် ဖြစ်သည်။ တစ်နည်းအားဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးမီးရထားကြီး စတင်မောင်းနှင်တော့မည်ဖြစ်သည်။
