May 03, 2023

ကျွန်ုပ်တို့ သက်ရှိလောကကြီးတွင် “ရေ”သည် မရှိမဖြစ်ပင် အရေးကြီးကြောင်းစာဖွဲ့ရန်ပင်လိုမည်မထင် အားလုံးအသိပင်ဖြစ်၏။ အနှီရေတစ်ပေါက်အတွက် အသက်ပေါင်းများစွာ သေကျေပျက်စီးခဲ့ကြသလို အသက်ပေါင်းမြောက်မြားစွာကို ရှင်သန်ခဲ့ကြရသည့် သာဓကများလည်း အများအပြားပင်ရှိနေတော့သည်။ ထို့အတွက်ကြောင့် လူတိုင်းရေကို လုံလုံလောက်လောက်ရရှိလိုကြသည်။ ဤတွင် “ရေကြည်ရာ မြက်နုရာ”ဆိုရိုးအတိုင်း ရေအရင်းအမြစ်ရှိရာ မြစ်ချောင်းများကို တည်မှီလျက်မြို့ပြများ တည်ဆောက်နေထိုင်ခဲ့ကြသည် မဟုတ်ပါလော။
May 03, 2023

ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြသူများအတွက် ကဆုန်လပြည့်နေ့သည် တကယ့်နေ့ထူးနေ့မြတ်ပင်ဖြစ်သည်။ ကဆုန်လပြည့်၏ ထူးခြားချက်ငါးရပ်ရှိသည်။
May 01, 2023

ကဆုန်လသည် မြန်မာ့တစ်ဆယ့်နှစ်လရာသီတွင် ဒုတိယမြောက်လဖြစ်သည်။ ကဆုန်လ၏ သာယာပုံအစုံစုံကို ရှေးစာဆိုကြီးများက စာပန်းချီအမျိုးမျိုး သီကုံးဖွဲ့ဆိုခဲ့ကြသည်။ ယင်းတို့အနက် “တစ်ပုံတစ်ခန်း၊ ကဆုန်ဆန်းဖို့၊ ယုန်စန်းငွေလ၊ စန္ဒရနှင့် ပုဏ္ဏားတာရာ၊ ကြယ်ဝိသာလည်း၊ အာကာမြင့်ခေါင်၊ ကွန်ရွှန်းငယ်ပြောင်သည်၊ တိမ်မှောင်ကြွေလို့ လင်းတော့တယ်” ဟု စာဆိုဦးကြင်ဥက ရာသီဖွဲ့ကိုဖော်ကျူးခဲ့သည်။
May 01, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၀-၃-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၈၂/၂၀၂၃)အရ ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှ စတင်အာဏာတည်သည့် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေအရ အခွင့်အရေးချိုးဖောက်မှုများကို စစ်ဆေးစီရင်ရန် သက်ဆိုင်ရတရားရုံးများသို့ မူပိုင်ခွင့်တရားရုံးများ၏ ရာဇဝတ်နှင့် တရားမဆိုင်ရာ မူလမှု စီရင်ပိုင်ခွင့်အာဏာများနှင့် အယူခံမှု၊ ပြင်ဆင်မှု စီရင်ပိုင်ခွင့်အာဏာများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ၂၄-၃-၂၀၂၃ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာများထုတ်ပြန်၍ အပ်နှင်းခဲ့ပြီးဖြစ်သည်။
Apr 30, 2023

၁၅ နှစ်ရှိခဲ့ပါပြီ။ မမေ့စကောင်းသော သဘာဝဘေးကြီးက ၂၀၀၈ ခုနှစ် နွေအကုန် မိုးဦးကျရာသီတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၂၀၀၈ ခုနှစ် မေ ၂ ရက် ညနေ ပိုင်းမှစတင်၍ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြီးသည် ဧရာဝတီတိုင်းဟိုင်းကြီးကျွန်းအနီးမှတစ်ဆင့် ကုန်းတွင်းပိုင်းသို့ အရှိန်ပြင်းထန်စွာဝင်ရောက်တိုက်ခတ် ခဲ့ရာ ဧရာဝတီတိုင်းအတွင်းရှိ ငပုတော၊ လပွတ္တာ၊ မော်လမြိုင်ကျွန်း၊ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်နှင့် ဒေးဒရဲမြို့နယ်တို့၌လည်းကောင်း၊ ရန်ကုန်တိုင်းအတွင်းရှိ ကွမ်းခြံကုန်း၊ ကော့မှူး၊ တွံတေးမြို့နယ်နှင့် ရန်ကုန်မြို့တို့၌ လည်းကောင်း၊ လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဆေးပေးခန်းများ၊ ရုံးအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ပြီး လူ၊ တိရစ္ဆာန်မြောက်မြားစွာ သေကျေပျက်စီးခြင်း၊ လှေ၊ သမ္ဗန်များနစ်မြုပ်ပျက်စီးခြင်း၊ ဒေသအတွင်းရှိစိုက်ပျိုးမြေ၊ ဆားကွင်းမြေ၊ ရေတွင်းရေကန်များမှာ ပင်လယ်ဒီရေဖုံးလွှမ်း တိုက်ခိုက်ခြင်း၊ ဒေသအတွင်း သောက်သုံးရေရှားပါးခြင်း၊ သစ်ပင်များ၊ လျှပ်စစ်မီးလိုင်းများ၊ တယ်လီဖုန်းလိုင်းများပျက်စီးပြီး လျှပ်စစ်မီးနှင့်တယ်လီဖုန်းဆက်သွယ်မှု ပြတ်တောက်ခြင်းများ ဖြစ်ခဲ့ရသည်။
Apr 29, 2023

အပူလျှပ်ခြင်းနှင့် ချွေးထွက်လွန်ခြင်းကဲ့သို့သော နွေရာသီအပူဒဏ်၏ အန္တရာယ်များကို လူအများ သိရှိကြပြီးဖြစ်သည်။ လူအများ သတိမမူမိသည့် နွေရာသီအပူဒဏ်၏ နှိပ်စက်မှုများလည်း ရှိသေးသည်။ ၎င်းမှာ နှာချေ၊ နှာရည်ယိုခြင်းဖြစ်သည်။ ပန်းများသည် နွေရာသီတွင် ဖူးပွင့်ကြသကဲ့သို့ အပင်များ၊ မြက်များသည်ပင်လျှင် နွေရာသီ၌အပွင့်ပွင့်ကြသည်။ ပူသောရာသီဥတုကို တုံ့ပြန်သည့်အနေဖြင့် ဝတ်မှုန်ထုတ်လုပ်မှုများ မြင့်တက်လာသည်။ လေထဲ၌ ဝတ်မှုန်ပါဝင်မှု နှုန်းမြင့်မားမှုကြောင့် လူအများ ဓာတ်မတည့်ခြင်းဖြစ်ကာ နှာချေ၊ နှာရည် ယိုခြင်းဖြစ်ကြသည့်အပြင် မျက်လုံးများယားယံမှု လည်းဖြစ်တတ်သည်။ ဓာတ်မတည့်ခြင်း ပြင်းထန်သူများအနေဖြင့် ဖြစ်နိုင်သမျှ အပြင်ထွက်ခြင်းကို ရှောင်ရှားခြင်း သို့မဟုတ် နှာခေါင်းစည်းများ တပ်ထားခြင်းတို့ဖြင့် ကာကွယ်နိုင်သည်။
Apr 29, 2023

ရုပ်ရှင်လောကသားများ အလိုလား အတောင့်တဆုံးအရာမှာ အကယ်ဒမီခေါ် ရုပ်ရှင်ထူးချွန်ဆုဖြစ်သည်။ တစ်ခါဖူးမျှ ရယူဆွတ်ခူးနိုင်ခြင်း မရှိသေးသူများက အကယ်ဒမီကို တစ်ကြိမ်တစ်ခါမျှ ရယူဆွတ်ခူးချင်သည်။ ရယူဆွတ်ခူးဖူးသူများကလည်း အကြိမ်ကြိမ်အခါခါထပ်ဆင့် ရယူဆွတ်ခူးချင်ကြသည်။
Apr 29, 2023

ကမ္ဘာ့နိုင်ငံအသီးသီးတွင် အဂတိလိုက်စားမှုသည် ပုံစံအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးဖြင့် ဖြစ်ပွားလျက် ရှိသည်။ အဂတိလိုက်စားမှု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်သည်လည်း နိုင်ငံ၊ ဒေသနှင့် နယ်ပယ်အလိုက် လုပ်ဆောင်ချက်နှင့် ယူဆချက်အပေါ်မူတည်၍ အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ဆိုကြသည်။
Apr 29, 2023

မြန်မာနိုင်ငံသည် ILO အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် အတည်ပြုပါဝင်ထားသော အသင်းအဖွဲ့များ လွတ်လပ်စွာဖွဲ့စည်းခွင့်နှင့် စည်းရုံးခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် (၈၇) ကို ILO နှင့်ပူးပေါင်း၍ အပြည့်အဝလိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ အလုပ်ရှင်နှင့် အလုပ်သမားများအကြား၊ အလုပ်သမားအချင်းချင်းအကြား အလုပ်သမားရေးရာကိစ္စရပ်များ ဖြေရှင်းဆောင်ရွက်ရာတွင် အလုပ်သမားများအား ကိုယ်စားပြု၍ လွတ်လပ်စွာ ဆွေးနွေးဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၁ ခုနှစ် အလုပ်သမားအဖွဲ့အစည်းဥပဒေနှင့်အညီ အခြေခံအလုပ်သမားအဖွဲ့အစည်း ၂၈၂၄ ဖွဲ့၊ မြို့နယ်အလုပ်သမားအဖွဲ့အစည်း ၁၅၆ ဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ် အလုပ်သမားအဖွဲ့အစည်း ၂၅ ဖွဲ့၊ အလုပ်သမားအဖွဲ့ချုပ် ကိုးဖွဲ့၊ မြန်မာနိုင်ငံလုံး ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ တစ်ဖွဲ့၊ အခြေခံအလုပ်ရှင်အဖွဲ့အစည်း ၂၆ ဖွဲ့၊ မြို့နယ်အလုပ်ရှင်အဖွဲ့ အစည်း တစ်ဖွဲ့နှင့် အလုပ်ရှင်အဖွဲ့ချုပ်တစ်ဖွဲ့ စုစုပေါင်း ၃၀၄၃ ဖွဲ့တို့ကို အလုပ်ရှင်၊ အလုပ်သမား အဖွဲ့အစည်းများအဖြစ် အသိအမှတ်ပြုလက်မှတ် များထုတ်ပေးခဲ့ပြီး ၎င်းအဖွဲ့အစည်းများအား ကိုယ်စားပြုသည့် အလုပ်သမားများအနေဖြင့် အလုပ်သမားရေးရာကိစ္စရပ်များတွင် အစိုးရကိုယ်စားလှယ်များ၊ အလုပ်ရှင်ကိုယ်စားလှယ်များ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
Apr 28, 2023

ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၂၃ ခုနှစ် မေလ ၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပတော့မည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင် အားကစားသမား မောင်မယ်များအားလုံး ပြိုင်ပွဲရက်နီးကပ်လာသည်နှင့်အမျှ ပြိုင်ပွဲဝင်ရန်အတွက် ရုပ်ပိုင်းဆိုင်ရာအသင့်၊ စိတ်ပိုင်းဆိုင်ရာ အသင့်၊ အားကစားနည်းပညာပိုင်းဆိုင်ရာအသင့်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာအသင့်၊ အစစအရာရာ အသင့်ဖြစ်နေ ကြပြီဖြစ်သည်။ ပြိုင်ပွဲကျင်းပရန်လည်း ရက်ပိုင်းသာ လိုပါတော့သည်။