Sep 08, 2023
“အ”သုံးလုံးကျေလုပ်ငန်း အရှိန်မြင့်လာသည့်အခါ လုပ်အားပေးတက္ကသိုလ်ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများသည် အညာဘက်သို့ မီးရထားဖြင့်လည်းကောင်း၊ မြစ်ဝကျွန်းပေါ်ဘက်သို့ သင်္ဘောဖြင့်လည်းကောင်း နွေရာသီကျောင်းပိတ်ရက်တွင် မိမိစရိတ်ဖြင့် သွားရောက်ကြရာ သူတို့ထွက်ခွာသည့်အချိန်၌ ဘူတာရုံအပြည့်နှင့် သင်္ဘောဆိပ်များတွင် ကမ်းလုံးအပြည့် လာနှုတ်ဆက်ကြသည်။
Sep 08, 2023
ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူစကျင် ဗုဒ္ဓရုပ်ပွားတော် မာရဝိဇယဘုရားကြီးဆီ တစ်ခေါက်တစ်ခါဖူးမြော်ဖို့ အနယ်နယ်အရပ်ရပ်က ဘုရားဖူးပရိသတ်တွေ နေ့စဉ်နဲ့အမျှ စည်စည်ကားကား လာရောက်လျက်ရှိသလို ဗုဒ္ဓဥယျာဉ်တော်ကြီး စိမ်းလန်းစိုပြည်ရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလည်း အရှိန်အဟုန်နဲ့ ဆက်လက်လုပ်ဆောင်လျက်ရှိတာကို တွေ့ခဲ့ရပါတယ်။
Sep 08, 2023
ပြီးခဲ့တဲ့ကမ္ဘာ့ဖလားဘောလုံးပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက “ကျွန်တော်က ဥရောပသားတစ်ဦးပါ။ ဥရောပသားတွေနဲ့ အနောက်ကမ္ဘာကနေ သင်ခန်းစာတွေ အများကြီး ကျွန်တော်တို့ရခဲ့တယ်။ သူများတွေရဲ့ အပြစ်အနာအဆာတွေကို အခုမပြောနဲ့ဦး။ ပြီးခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ လောက် လုပ်ခဲ့တာတွေအတွက် နောက် နှစ်ပေါင်း ၃၀၀၀ လောက်တောင် ကျွန်တော်တို့ တောင်းပန်နေသင့်တာ။ အခုလိုအခြားသူတွေအပေါ် ဝေဖန်ထောက်ပြနေတာတွေက ဥရောပသားတွေရဲ့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေမှုသက်သက်ပဲ” လို့ မီဒီယာတွေနဲ့ဝေဖန်ရေးတွေကို တုံ့ပြန်ခဲ့တာ တွေကြောင့် အနောက်ဥရောပမီဒီယာတွေ အတော် လေး ခံပြင်းခဲ့ကြပါတယ်။
Sep 08, 2023
မြန်မာနိုင်ငံမှာ ဒုတိယကမ္ဘာစစ်ကြီးအပြီး စစ်ပြီးခေတ်က စာမတတ်သူ ၆၅ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ ဒီကိန်းဂဏန်းဟာ ဘယ်လောက် ကြောက်စရာကောင်းတယ်ဆိုတာ သိသူအလွန်နည်းပါးခဲ့ပါတယ်။ ၁၉၆၃-၆၄ ခုနှစ် ဝန်းကျင်လောက်က ဆရာအတတ်သင်ပညာရေးအထူးအရာရှိ ဆရာကြီးဦးသံဗျင်ရဲ့ နိုးကြားတိုက်တွန်းချက်ကြောင့် မြန်မာနိုင်ငံအနေနဲ့ ၁၉၆၄ ခုနှစ် ကျောင်းပိတ်ရက်ကာလ စာမတတ်သူ ပပျောက်ရေးလုပ်ငန်းကို မူလတန်းဆရာဖြစ်သင်တန်းမှ စေတနာ့ဝန်ထမ်း လုပ်အားပေး (၁) မောင်စန်းမောင်၊ (၂) မောင်အောင်သန်း၊ (၃) မောင်သိန်းနဲ့ (၄) အလယ်တန်း ဆရာဖြစ်သင်တန်းမှ မောင်သန်းရှိန်တို့ဟာ မိတ္ထီလာခရိုင် သဖန်းစံပြကျေးရွာက စာမတတ်တဲ့ သက်ကြီးရွယ်အိုတွေကို စာသင်ပေးတဲ့လုပ်ငန်းကို စတင်ခဲ့တယ်။ ဒီ ‘အ’ သုံးလုံးကျေသင်တန်းကို တစ်လတာ နာရီ ၈၀ အတွင်း ဆောင်ရွက်နိုင်တာမို့ သမိုင်းတွင်ခဲ့ပါတယ်။
Sep 07, 2023
ပြီးခဲ့တဲ့ကမ္ဘာ့ဖလားဘောလုံးပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက “ကျွန်တော်က ဥရောပသားတစ်ဦးပါ။ ဥရောပသားတွေနဲ့ အနောက်ကမ္ဘာကနေ သင်ခန်းစာတွေ အများကြီး ကျွန်တော်တို့ရခဲ့တယ်။ သူများတွေရဲ့ အပြစ်အနာအဆာတွေကို အခုမပြောနဲ့ဦး။ ပြီးခဲ့တဲ့နှစ်ပေါင်း ၃၀၀၀ လောက် လုပ်ခဲ့တာတွေအတွက် နောက်နှစ်ပေါင်း ၃၀၀၀ လောက်တောင် ကျွန်တော်တို့တောင်းပန်နေသင့်တာ။ အခုလိုအခြားသူတွေအပေါ် ဝေဖန်ထောက်ပြနေတာတွေက ဥရောပသားတွေရဲ့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေမှုသက်သက်ပဲ” လို့ မီဒီယာတွေနဲ့ ဝေဖန်ရေးတွေကို တုံ့ပြန်ခဲ့တာတွေကြောင့် အနောက်ဥရောပမီဒီယာတွေ အတော်လေး ခံပြင်းခဲ့ကြပါတယ်။
Sep 07, 2023
ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ စကျင်ဗုဒ္ဓရုပ်ပွားတော် မာရဝိဇယဘုရားကြီးဆီ တစ်ခေါက်တစ်ခါဖူးမြော်ဖို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပရိသတ်တွေ နေ့စဉ်နဲ့အမျှ စည်စည်ကားကား လာရောက်လျက်ရှိသလို ဗုဒ္ဓဥယျာဉ်တော်ကြီး စိမ်းလန်းစိုပြည်ရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလည်း အရှိန်အဟုန်နဲ့ ဆက်လက်လုပ်ဆောင်လျက်ရှိတာကို တွေ့ခဲ့ရပါတယ်။
Sep 06, 2023
လူငယ်တစ်ယောက်သည် ပညာသင်ယူတတ်မြောက်ပြီးနောက် အသက်မွေးမှုအတွက် သင့်တင့်လျောက်ပတ်သော ဝင်ငွေရသည့် အလုပ်အကိုင်တစ်ခုရှိမည်၊ မိတ်ကောင်းဆွေကောင်း အပေါင်းအသင်းများရှိမည်၊ ရောဂါဝေဒနာကင်း၍ ကျန်းကျန်းမာမာရှိမည်၊ ကိုယ်ကျင့်တရားကို ထိန်းသိမ်းမည်ဆိုလျှင် ထိုလူငယ်သည် ဉာဏဗလ၊ ဘောဂဗလ၊ မိတ္တဗလ၊ စာရိတ္တဗလ၊ ကာယဗလဟူသော ဗလငါးတန် ကိုယ်ခံကောင်းများကို ပိုင်ဆိုင်နေပြီဟုဆိုရမည်ဖြစ်သည်။
Sep 06, 2023
စနစ်ဆိုတာ လူတွေကလုပ်တာ၊ ဖန်တီးတာ၊ လူတွေကြောင့် စနစ်ဖြစ်လာတာ၊ လူတွေပိုကောင်းဖို့ စနစ်သစ်တွေပြဋ္ဌာန်းရတာ၊ ဒါပေမဲ့ လူတွေပြုလုပ်ဖန်တီးထားတဲ့စနစ်က လူတွေကို ပိုကောင်းအောင်၊ ပိုတိုးတက်အောင်ပြန်မလုပ်ပေးနိုင်တဲ့အခါ လူနဲ့စနစ်ကသဟဇာတမဖြစ်တော့ဘဲ ဒီလူတွေကပဲ ဒီစနစ်ကို တိုက်ထုတ်လိုက်ကြပြန်ရော . . . ဖြစ်ပုံက။
Sep 05, 2023
ယနေ့ကမ္ဘာ့မီဒီယာလောကသည် အနောက်အုပ်စုနှင့် အမေရိကန်နိုင်ငံတို့၏ အခြယ်လှယ်ခံဘဝရောက်နေသည်မှာ ကြာမြင့်ခဲ့ပါပြီ။ အနောက် ကမ္ဘာမီဒီယာသည် ကမ္ဘာ့တိုင်းပြည်များစွာ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်စုံတွင် ဝင်ဆန့်သည်၊ ဩဇာလွှမ်းသည်။ အနောက်အုပ်စု၏ ခြယ်လှယ်မှုအောက်မှာ ဖွံ့ဖြိုးဆဲနိုင်ငံ၊ နိုင်ငံငယ်များသည် သူတို့၏နစ်နာမှု၊ သူတို့အတွက် အပေါင်းလက္ခဏာမဆောင်သည့် ထင်မြင်ချက်၊ မဟုတ်မမှန်သည်များအပေါ် ထောက်ပြဝေဖန်ခွင့်မရ၊ ဖြေရှင်းခွင့်မရ အရာမထင်ဖြစ်နေရသည်။
Sep 05, 2023
ဂျပန်အစိုးရရဲ့ အစီအစဉ်ဟာ ပြည်ပမှာသာမက ပြည်တွင်းမှာလည်း ကန့်ကွက်မှုတွေ ကြုံတွေ့နေရပါတယ်။ အထူးသဖြင့် ဖူကူရှီးမားဒေသမှာရှိတဲ့ ရေလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေသူတွေအနေနဲ့ သူတို့ဒေသရဲ့ ရေထွက်ကုန်တွေရဲ့ နာမည်ကျော်ကြားမှုတွေအပေါ် ထိခိုက်မှုရှိလာမှာကို စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါအနေနဲ့ ပြန်လည်သန့်စင်ပြီး ရေတွေစတင်မစွန့်ပစ်မီ ရက်ပိုင်းအလို ဩဂုတ်လ ၂၁ ရက်နေ့က ဂျပန်နိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ Masanobu Sakamoto နဲ့ သွားရောက်တွေ့ဆုံ ရှင်းလင်းပြောကြားခဲ့ပြီး ရေလုပ်ငန်းရှင်တွေရဲ့ နားလည်မှုကိုရယူဖို့ ကြိုးစားခဲ့ပါတယ်။ ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါကိုယ်တိုင်လည်း ဖူကူရှီးမားဒေသက ပင်လယ်ရေထွက်ကုန်တွေဟာ လူတွေစားသောက်ဖို့ လုံခြုံစိတ်ချရမှုရှိတယ်ဆိုတာပြနိုင်ဖို့ ဩဂုတ်လ ၃၀ ရက်နေ့က ဝန်ကြီးချုပ်ရုံးမှာ ဖူကူရှီးမားဒေသက ပင်လယ်ရေထွက် အစားအစာတွေနဲ့ နေ့လယ်စာ စားပြခဲ့ပါတယ်။
