Skip to main content
Sep 14, 2023
ဝါခေါင်လကိုအကြောင်းပြု၍ ရှေးစာပေပညာရှင်စာဆိုကြီးများ ရေးဖွဲ့မှတ်တမ်းပြုကြသည့် စာအလင်္ကာများထဲတွင် “စာရေးတံမဲ” ပွဲမှအပအခြား ကဆုန်၊ ဝါဆို၊ သီတင်းကျွတ်၊ တန်ဆောင်မုန်း၊ တပို့တွဲ၊ တပေါင်းလများကဲ့သို့ ဗုဒ္ဓဝင်ဆိုင်ရာနှင့်ဆက်စပ်၍ ဝေဝေဆာဆာမရှိလှပေ။
Sep 14, 2023
လူထုဆက်သွယ်ရေးနည်းလမ်း(မီဒီယာ)များကို ခြုံငုံ၍ ပညာရပ်အဖြစ်ခေါ်ဝေါ်သော အသုံးအနှုန်းမှာ သတင်းစာပညာ(Journalism)ဟူ၍ဖြစ်သည်။
Sep 13, 2023
ဆောင်းပါး
ပြဋ္ဌာန်းထားသော ကျောင်းသင်ခန်းစာများကိုသာ လေ့ကျင့်ကျက်မှတ်နေကြရသော ကျောင်းသား ကျောင်းသူလူငယ်များအနေဖြင့် အတန်းပညာရှိမှသာ “အတတ်ပညာများ”ကို သင်ယူတတ်မြောက်နိုင်မည်ဖြစ်သောကြောင့် ကျောင်းစာများကိုသာ အလေးထားသင်ကြား နေကြရသည်ဖြစ်ရာ “အသိပညာ” များစွာကို ပြင်ပအသိပညာရှင်များနှင့် အတတ်ပညာရှင်များထံမှသာ လေ့လာရရှိနိုင်ကြပါသည်။ စာပေမျိုးစုံကို ဖတ်ရှုလေ့လာခြင်းဖြင့်လည်းကောင်း၊ စာပေစကားဝိုင်းများ၊ စာပေဆွေးနွေးပွဲများ၊ ပညာပေးဟောပြောပွဲများ ကျင်းပကြခြင်းဖြင့်လည်းကောင်း၊ အသိပညာများတိုးပွားကာ ကိုယ်ကျင့်တရားနှင့် ကိုယ်ရည်ကိုယ်သွေးလည်း မြင့်မားဖွံ့ဖြိုးလာကြပေမည်။
Sep 13, 2023
ဆောင်းပါး
လတ်တလောကမ္ဘာ့အရေးကို လေ့လာကြည့်ရင် BRICS အဖွဲ့အစည်းရဲ့ လှုပ်ရှားမှုတွေသာ ကြီးစိုးနေတာ တွေ့ရပါတယ်။ အကြောင်းက ဩဂုတ်လ ၂၂ ရက်ကနေ ၂၄ ရက်အထိ သုံးရက်ကြာကျင်းပခဲ့တဲ့ (၁၅) ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးမှာ ထူးခြားတဲ့တိုးတက်ပြောင်းလဲမှုတွေ တွေ့ရတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
Sep 12, 2023
၁-၉-၂၀၂၃ ရက်​က ကျင်းပခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအ‌ဝေး (၃/၂၀၂၃) သည် အခြေအနေအချိန်အခါအရများစွာ လေးနက်မှုရှိခဲ့သည်ဟု ယူဆပါသည်။ ယင်းအစည်းအဝေးတွင် တက်ရောက်အမှာစကား ပြောကြားခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ အမှာစကားကို လေ့လာဆန်းစစ်ကြည့်ခြင်းဖြင့် နိုင်ငံတော်၏ လက်ရှိအခြေအနေအရပ်ရပ်နှင့်တကွ နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီက ဦးဆောင်ပြီးသွားနေသည့် လမ်းကြောင်း၊ သွားလိုသည့်ပန်းတိုင်ကို ထင်သာမြင်သာစွာ တွေ့ရမည်ဖြစ်သည်။
Sep 11, 2023
ဆောင်းပါး
မွန်လူမျိုးများ၏ အဖြူရောင်နှင့် အနီရောင် ရောစပ်ထားသော မွန်ရိုးရာ ဝတ်စုံသည် ထူးခြားဆန်းပြားသော အဆင်အပြင် မပါရှိသော်လည်း ရိုးရှင်းနေသည်၊ ပေါ်လွင်နေသည်။ ရိုးရိုး ရှင်းရှင်းဖြင့် ဝတ်ဆင်သူအပေါင်းကို ကျက်သရေအပေါင်းနှင့် ပြည့်စုံစေသည်။ မွန်အမျိုးသားပုဆိုး၏အဆင် အနီလေးထောင့်ကွက်သည် လယ်ယာလုပ်ငန်း၏ လယ်ကွက်အမှတ်အသားဖြစ်ပြီး အနီရောင်လေးထောင့်ကွက်ကို ကန့်ထားသော အဖြူစင်းများသည် စိတ်စေတနာဖြူစင်ခြင်းကို ရည်ရွယ်သည်။ ဇွဲ၊ လုံ့လ၊ ဝီရိယအားစိုက်ရသည့် လယ်ယာအလုပ်ကို ဖြူစင်သော စိတ်စေတနာနှင့် လုပ်ဆောင်တတ်ခြင်းကို ရည်ရွယ်သည်ဟု ဆိုကြသည်။
Sep 09, 2023
ဆောင်းပါး
ပညာသည် လူ၏တန်ဖိုးဖြစ်သည်။ ပညာသည် ဆီမီးတိုင်ပမာဝန်းကျင်တစ်ခုလုံးကို အလင်းရောင်ပေးနိုင်သည်။ “ပညာရွှေအိုး လူမခိုး”ဆိုသကဲ့သို့ ပညာသည် ရွှေအိုးပမာ မပျောက်မပျက် အကျိုးရှိအောင်အသုံးပြုနိုင်သည်။ ပညာ၏တန်ဖိုးမှာ များပြားသည်။ ပညာဖြင့် အရာရာကို ပိုင်းခြားဆင်ခြင် အလင်းဆောင်နိုင်သည်။ “ပညာမတတ်လျှင် အကန်း”၊ “စာတတ်ပြီး စာမဖတ်လျှင် ပြတင်းပေါက်ရှိလျက် မဖွင့်သောအိမ်” နှင့်တူသည်ဟု သတင်းစာဆရာကြီးတစ်ဦးဆိုသကဲ့သို့ အရာအားလုံးသည် အမှောင်အတိ ဖုံးနေမည်ဖြစ်သည်။
Sep 09, 2023
ဆောင်းပါး
နိုင်ငံသားတိုင်းသည် ပြည်​ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပါ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များကို မဖြစ်မနေသိရှိရမည်ဖြစ်သလို အလုပ်သမားများကို စီမံခန့်ခွဲသူများနှင့် ကာယ၊ ဉာဏ လုပ်သားကြီးများကလည်း မိမိတို့၏ ရပိုင်ခွင့်နှင့် တာဝန်များကို သမားရိုးကျသဘောမထားဘဲ အလေးထားပြီး အလုပ်သမားရေးရာ ဥပဒေများရှိ ရပိုင်ခွင့်နှင့် တာဝန်များဆိုင်ရာကိစ္စကို မည်သို့သတ်မှတ်ထားကြောင်း လေ့လာသိရှိရန် လိုအပ်ပါသည်။ စာရေးသူအနေဖြင့် အရိုးသားဆုံးပြောရလျှင် နိုင်ငံ့ဝန်ထမ်းတာဝန်ထမ်းဆောင်ရာတွင်လည်း မိမိတို့ဦးစီးဌာန စည်းကြပ်ဥပဒေများပါ အလုပ်သမားများ၏ ရပိုင်ခွင့်များနှင့် တာဝန်များကိုသာ သိရှိသော်လည်း မူလအစ အလုပ်သမားများ၏ ရပိုင်ခွင့်က ဘာကိုဆိုလိုသလဲ၊ တာဝန်များကဘာလဲ၊ လုပ်သားကြီးများ၏ အခန်းကဏ္ဍက ဘယ်လောက်ထိ အရေးပါခဲ့သလဲစသည်ဖြင့် ယေဘုယျသဘော သိရုံသာရှိခဲ့ပါသည်။ ထို့အတွက်ကြောင့် စာရေးသူလေ့လာမိခဲ့သမျှတို့မှ ကောက်နုတ်၍ စာဖတ်သူများသိရှိနိုင်ရန်အတွက် ရေးသားလိုက်ရခြင်းဖြစ်ပါသည်။
Sep 09, 2023
ဆောင်းပါး
ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံမှာ နိုင်ငံသားပီသဖို့ အရေးကြီးဆုံးအရည်အချင်းက ဉာဏ်အမြော်အမြင် (Intelligence) ဖြစ်ပါတယ်။ ဉာဏ်အမြော်အမြင်ဆိုတာ အခြေခံပညာနဲ့ ဗဟုသုတအတွေ့အကြုံတွေ ပေါင်းစပ်ထားတာဖြစ်ပါတယ်။ ပညာတတ်မှသာ လူတစ်ဦးချင်း ဂုဏ်သိက္ခာကို မြင့်မားစေသလို ပညာတတ်တွေ ပေါများတဲ့ နိုင်ငံကသာ ဝေဖန်ပိုင်းခြားနိုင်ခြင်း၊ ဆုံးဖြတ်နိုင်ခြင်း၊ ထွန်းလင်းတောက်ပနိုင်ခြင်းတွေနဲ့ ပြည့်စုံမှာ ဖြစ်ပါတယ်။