Skip to main content
Aug 14, 2023
၁၉၃၉ ခုနှစ် စက်တင်ဘာ ၃ ရက်တွင် အင်္ဂလိပ်နှင့်ဟစ်တလာ၏ ဂျာမနီတို့စစ်ကြေညာပြီး ဥရောပတိုက်တွင် ဒုတိယကမ္ဘာစစ်မီးကြီး ပေါက်ကွဲတောက်လောင်နေသော အချိန်အခါသမယဖြစ်သည်။
Aug 13, 2023
ထို့နောက် ဦးကိုကိုကြီးက ရန်ကုန်မြို့ ပန်းဆိုးတန်း၌ မြန်မာ့အလင်းစာပုံနှိပ်တိုက်ဖွင့်ပြီးလျှင် ၁၉၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် မြန်မာ့အလင်းသတင်းစာသစ် (The New Light of Burma) အမည်ဖြင့် တစ်ပတ်လျှင်သုံးကြိမ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များ၌ ထုတ်ဝေခဲ့သည်။ အယ်ဒီတာချုပ်မှာ ဦးစိန်း၊ တာဝန်ခံအယ်ဒီတာမှာ ဆရာသင်ဖြစ်၍ ဦးကိုကိုကြီး(နောင်တွင် အမရပူရရက်ကန်းကျောင်းအုပ်ကြီး)က တိုက်ပိုင်အဖြစ် ဆောင်ရွက်သည်။ ၁၉၁၉ ခုနှစ် ဇူလိုင် ၁ ရက်နေ့တွင် မြန်မာ့အလင်းသတင်းစာသစ်ကို နေ့စဉ်သတင်းစာအဖြစ် ပြောင်းလဲထုတ်ဝေခဲ့သည်။ ၁၉၁၉ ခုနှစ် စက်တင်ဘာ ၁၁ ရက် ည ၁၀ နာရီတွင် အယ်ဒီတာ ဆရာသင်သည် လူဆိုးကြီးမောင်မိုး၏ လက်ချက်ဖြင့် အနိစ္စရောက်ခဲ့သဖြင့် ဦးစိန်းသည် မြန်မာ့အလင်း သတင်းစာတိုက်အုပ်အဖြစ် ဆောင်ရွက်ရသည့်အပြင် အယ်ဒီတာတာဝန်ကိုလည်း ဆောင်ရွက်ခဲ့ရသည်။
Aug 12, 2023
နှစ်စဉ် ဩဂုတ်လ ၁၂ ရက်နေ့ဟာ နိုင်ငံတကာလူငယ်များနေ့ဖြစ်ပါတယ်။ လူငယ်များနဲ့ပတ်သက်လို့ ကမ္ဘာတစ်ဝန်း အသိပညာကျယ်ပြန့်စေဖို့အတွက် နိုင်ငံတကာလူငယ်များနေ့ကို ကမ္ဘာတစ်ဝန်း နှစ်စဉ်ကျင်းပလျက်ရှိပါတယ်။
Aug 12, 2023
ဆောင်းပါး
“သတင်းစာတွင် ဖော်ပြပါရှိသည့် ပြည်သူ့အရေးအခင်းတို့သည် ယနေ့အဘို့၌ “သတင်း” ဖြစ်သော်လည်း နောက်နေ့တွင် “သမိုင်း”အဖြစ်သို့ ရောက်ရှိသွားကြလေသည်။ ထို့ကြောင့် သတင်းစာများသည် သမိုင်းကို မှတ်တမ်းတင်နေကြသည်ဟု ဆိုရိုးရှိလေသည်။ ဤစကားသည် မှန်၏။ သို့သော် မပြည့်စုံသေးချေ။ သတင်းစာ၏ အခန်းကဏ္ဍကို တဝက်တပျက်မျှသာ ထပ်ဟပ်ခြင်းဖြစ်ပေသည်။ အကြောင်းသော်ကား သတင်းစာများသည် သမိုင်းကို မှတ်တမ်းတင်နေကြသည်သာမဟုတ်ဘဲ အနာဂတ်သမိုင်းကိုပါ ဖန်တီးနေကြ၍ ဖြစ်သည်။ ဤနေရာတွင် သတင်းစာဟုဆိုရာ၌ စာနယ်ဇင်းတရပ်လုံးကို ဆိုလိုခြင်းဖြစ်ပါသည်”ဟု သတင်းစာဆရာကြီး ဇဝနက စာနယ်ဇင်းနှင့် နိုင်ငံရေးစာတန်းတွင် ရေးသားဖော်ပြခဲ့သည်။
Aug 11, 2023
စင်ကာပူနိုင်ငံ၏ ဆင်းရဲမှုလျှော့ချရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှုအခြေအနေများအား လေ့လာခြင်း
အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး ဝန်ကြီးများအဆင့်အစည်းအဝေး (AMRDPE)၊ အဆင့်မြင့်အရာရှိကြီးများအဆင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး အစည်းအဝေး(SOMRDPE)နှင့် ဆက်စပ်အစည်းအဝေးများကို အာဆီယံနိုင်ငံများအလိုက် အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ခဲ့ပြီး (၁၃) ကြိမ်မြောက် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးဝန်ကြီးများ အဆင့်အစည်းအဝေး (13th AMRDPE)နှင့် အကြိမ် (၂၀) မြောက် အဆင့်မြင့်အရာရှိကြီးများအဆင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးအစည်းအဝေး (20th SOMRDPE)ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ စင်ကာပူနိုင်ငံတွင် သုံးရက်ကြာ ကျင်းပသွားရန် ရှိပါတယ်။
Aug 11, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် “နိုင်ငံ၏ အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုခိုင်မာအောင် တည်ဆောက်၍ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာသည့် ကျန်းမာရေးစနစ် ဖြစ်ပေါ် လာစေရေး” ဆိုသည့် လူမှုရေးဦးတည်ချက်ကို ချမှတ်ဆောင်ရွက်လျက်ရှိရာ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားကဏ္ဍသည် အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုဖြစ်ပါသည်။
Aug 11, 2023
သမုဒ္ဒဂီရိမြို့၊ မိုခါမုန်တိုင်းနှင့် ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည် (၂)
သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် ကြေညာထားသည်မှာ ရခိုင်ပြည်နယ်မှ ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊ စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ တောင်ကုတ်၊ သံတွဲ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနှင့် မြေပုံ မြို့နယ်များ၊ ချင်းပြည်နယ်မှ တီးတိန်၊ ပလက်ဝ၊ မတူပီနှင့်ဟားခါးမြို့နယ်များဖြစ်သည်။
Aug 11, 2023
နိုင်ငံတော်ကြီး သာယာဝပြောမှု ရှိစေဖို့ ဆိုရာဝယ်…
အဆင်ပြေရင်ပြေသလို ကိုယ့်သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်း၊ ဆွေမျိုးတွေကိုလည်း ဝေမျှပေးပါ။ ဆွေမျိုးတွေကို ချီးမြှောက်စောင့်ရှောက် ထောက်ပံ့တာကလည်း မင်္ဂလာတရားတော်နဲ့အညီ တရား အားထုတ်နေတယ်လို့ မှတ်ယူပါ။ သက်ရှိမိဘနှစ်ပါးကိုလည်း စောင့်ရှောက်လှူဒါန်းရမှာ ဖြစ်ပါတယ်။ မိဘနှစ်ပါးကို လှူဒါန်းတာဟာ သက်ရှိဘုရားကို လှူဒါန်းတာနဲ့တူပါတယ်။ မိဘ နှစ်ပါးလိုအပ်တာတွေကို စောင့်ရှောက်လှူဒါန်း နေတာကလည်း မင်္ဂလသုတ္တန်နည်းအရ တရားအားထုတ်နေတာပါပဲ။ ဘုရားကျောင်းကန်တွေမှာ လှူသင့်တာလည်းလှူပါ။ လူ့ကျင့်ဝတ်တွေကိုလည်း တတ်နိုင်သမျှ ကျေပွန်အောင် ကြိုးစားပါ။ ဒါတွေအားလုံးဟာ ဒါနတွေချည်းပါပဲ။ လှူတဲ့နေရာမှာလည်း ကံ ကံရဲ့ အကျိုးကို ယုံကြည်စွာလှူပါ။ အယုတ်အလတ်အမြတ်မရွေး ရိုရိုသေသေ လေးလေးစားစားနဲ့ လှူပါ။ အချိန်ကာလအလိုက် လိုအပ်တာကိုလှူပေးပါ။ အစစအရာရာအဆင်ပြေပါစေဆိုတဲ့ စိတ်လေးထားပြီး ချီးမြှောက်လိုစိတ်နဲ့ လှူပါ။ သန့်ရှင်းစင်ကြယ်တဲ့ လှူဖွယ်ပစ္စည်းနဲ့ မိမိသူတစ်ပါး ပတ်ဝန်းကျင်ကိုပါ မထိခိုက်ရအောင် ငါးပါးသီလလုံစွာလှူပါ။ လှူတဲ့အခါမှာလည်းမလှူခင်နဲ့ လှူပြီးတဲ့အခါမှာပါ စေတနာမပျက်စေရဘဲ စေတနာသုံးတန် ပြည့်ဝစွာလှူဒါန်းရပါမယ်။ ကိုယ်ရလာတဲ့ အကျိုးအမြတ်တွေထဲက အယုတ်အလတ်အမြတ်မရွေး တတ်နိုင်သမျှပေးကမ်း၊ ဝေမျှ၊ လှူဒါန်းရပါမယ်လို့လည်း ဆရာတော်ကြီးရဲ့ ဟောကြားမှုကို နာယူဖူးပါတယ်။
Aug 10, 2023
ဆောင်းပါး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၈-၂-၂၀၂၃ ရက်နေ့က တောင်ကြီးမြို့နယ်ပင်းပက်ဒေသ ပင်ငိုကျေးရွာအနီးရှိ စက်မှုဝန်ကြီးဌာန အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) ကို လာရောက်စစ်ဆေးစဉ် “နိုင်ငံတော်တည်ဆောက်ရေးတွင် သံမဏိသည် မဖြစ်မနေလိုအပ်သည့်ပစ္စည်းဖြစ်ပြီး ပြည်တွင်းလိုအပ်ချက်များစွာရှိသဖြင့် သံမဏိထုတ်လုပ်ရေးစီမံကိန်းများအား အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။
Aug 10, 2023
ဆောင်းပါး
မာရဝိဇယရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံရဲ့အထင်ကရမြို့တော်ဖြစ်တဲ့ နေပြည်တော်မှာ တည်ထားကိုးကွယ်ရတဲ့ရည်ရွယ်ချက်က မြန်မာနိုင်ငံမှာထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီးသာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီး ငြိမ်းချမ်းသာယာမှုဖြစ်စေရန်ဆိုတဲ့ ရည်ရွယ်ချက်(၄)ရပ်နဲ့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပါတယ်။ အဲဒီရည်ရွယ်ချက်များအရ မြန်မာနိုင်ငံသားအများစုဟာ ဗုဒ္ဓဟောကြားတော်မူခဲ့တဲ့ အဆုံးအမ၊ တရားဓမ္မတွေကို မြတ်နိုးတာကြောင့် အဲဒီအတိုင်း လိုက်နာကျင့်သုံးနေတဲ့ “ဗုဒ္ဓဘာသာ” ဘာသာဝင်တွေ ဖြစ်ကြတယ်ဆိုတာကို ကမ္ဘာကသိရှိစေဖို့ပြသလိုခြင်းပဲဖြစ်ပါတယ်။ ကမ္ဘာကြီးမှာ ကိုးကွယ်ယုံကြည်မှုနဲ့ ဘာသာတရားအမျိုးအစား စုံလင်စွာရှိသလိုလူတိုင်းဟာ မိမိနှစ်သက်ရာ လေးစားမြတ်နိုးတန်ဖိုးထားတဲ့အတိုင်း လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ရှိရမှာဖြစ်သလို မြန်မာနိုင်ငံမှာလည်း ယင်းအခွင့်အရေးဟာ နိုင်ငံသားတိုင်းရဲ့အခြေခံဥပဒေပါ ရပိုင်ခွင့် ဖြစ်ပါတယ်။