Skip to main content

အေးအတူပူအမျှအသိုက်အဝန်း အတူတည်ဆောက်၍ တရုတ် - မြန်မာဆက်ဆံရေး နက်ရှိုင်းစွာ ဖွံ့ဖြိုးတိုးတက်လာစေခြင်း

နိုင်ငံအသီးသီးနှင့်အတူလက်တွဲကာ စိန်ခေါ်မှုများ ရင်ဆိုင်၍ အတူတကွ စည်ပင်ဝပြောမှု အကောင်အထည်ဖော်

အစည်းအဝေးတွင် အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်မှုသည် ရှီကျင့်ဖျင်သံတမန်ဆက်ဆံရေး အတွေးအခေါ်၏ အဓိကအယူအဆဖြစ်ကြောင်း၊ ရေရှည်ငြိမ်းချမ်းသော၊ ယေဘုယျအားဖြင့် လုံခြုံသော၊ အတူတကွစည်ပင်ဝပြောသော၊ တံခါးဖွင့်၍ အားလုံးပါဝင်မှုရှိသော၊ သန့်ရှင်းသာယာလှပသော ကမ္ဘာကြီးတည်ဆောက်ခြင်းကို ကြိုးပမ်းမှုရည်မှန်းချက်အဖြစ်ထားရှိခြင်း၊ အတူတကွ ဆွေးနွေး၊ အတူတကွတည်ဆောက်၊ အတူတကွမျှဝေသည့် ကမ္ဘာလုံးဆိုင်ရာစီမံအုပ်ချုပ်မှု တွန်းအားပေးခြင်းအား အကောင်အထည် ဖော်ဆောင်သည့် လမ်းကြောင်းအဖြစ်ထားရှိခြင်း၊ လူသားအားလုံး ဘုံတန်ဖိုးဖော်ဆောင်ခြင်းအား ယေဘုယျအားဖြင့်လိုက်နာခြင်း၊ နိုင်ငံတကာဆက်ဆံရေး ပုံစံအသစ်တည်ဆောက်ခြင်းကို အခြေခံကျားကန်မှုအဖြစ်ထားရှိခြင်း၊ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု အစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ လူသားယဉ်ကျေးမှုအစီအမံ အကောင်အထည်ဖော်ဆောင်ခြင်းအားမဟာဗျူဟာမြောက် ဦးဆောင်မှုအဖြစ်ထားရှိခြင်း၊ “Belt and Road” အရည်အသွေးမြင့် အတူတကွတည်ဆောက်ခြင်းအား လက်တွေ့အကောင်အထည်ဖော်ဆောင်သည့် ပလက်ဖောင်းထားရှိခြင်းတို့ဖြင့် နိုင်ငံအသီးသီးနှင့်အတူလက်တွဲကာ စိန်ခေါ်မှုများရင်ဆိုင်၍ အတူတကွစည်ပင်ဝပြောမှု အကောင်အထည်ဖော်ဆောင် ပြီး ကမ္ဘာကြီးက ငြိမ်းချမ်းသော၊ လုံခြုံသော၊ စည်ပင်ဝပြောသော၊ တိုးတက်သော ထွန်းပြောင်သည့်အနာဂတ်သို့ လျှောက်လှမ်းရန် တွန်းအားပေး ဖော်ဆောင်ရမည်ဖြစ်ကြောင်း ထောက်ပြပြောဆို ခဲ့သည်။

အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရန်အတွက် တရုတ်နိုင်ငံကတန်းတူညီမျှ၍ စနစ်ကျသည့် ဗဟုဝင်ရိုးကမ္ဘာနှင့် ကျယ်ကျယ်ပြန့်ပြန့်အကျိုးပြု၍ အားလုံးပါဝင်မှုရှိသည့် စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းကို အဆိုပြုခဲ့သည်။ တန်းတူညီမျှ၍ စနစ်ကျသည့် ဗဟုဝင်ရိုးကမ္ဘာသည် နိုင်ငံကြီး၊ ငယ်မရွေးအားလုံးတန်းတူ ညီမျှဖြစ်ခြင်းကို လက်ကိုင်စွဲ၍ ဗိုလ်ကျစိုးမိုးမှုဝါဒနှင့် ပါဝါနိုင်ငံရေးကို ကန့်ကွက်ကာ နိုင်ငံတကာဆက်ဆံရေး ဒီမိုကရေစီဆန်ခြင်းကို လက်တွေ့ကျကျ ဖော်ဆောင်ခြင်းဖြစ်သည်။ ကုလသမဂ္ဂပဋိညာဉ် စာတမ်း ရည်မှန်းချက်နှင့် အခြေခံမူကို အတူတကွ လိုက်နာစောင့်ထိန်း ၍ ယေဘုယျအားဖြင့် အသိအမှတ်ပြုသည့် နိုင်ငံတကာဆက်ဆံရေး အခြေခံမူစည်းမျဉ်းကို အတူတကွလက်ကိုင်စွဲကာ စစ်မှန်သော နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုဝါဒ (Multilateralism) ကို လက်တွေ့အကောင် အထည်ဖော်ဆောင်ရမည် ဖြစ်သည်။

အားလုံးပါဝင်မှုရှိသည့် စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်း

ကျယ်ကျယ်ပြန့်ပြန့်အကျိုးပြု၍ အားလုံးပါဝင်မှုရှိသည့် စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းဆိုသည်မှာ နိုင်ငံအသီးသီးအထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ယေဘုယျတောင်းဆိုချက်များအရ တစ်ကမ္ဘာလုံးတွင် အရင်းအမြစ်ခွဲဝေမှုကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံများအကြားနှင့် နိုင်ငံများအတွင်းပိုင်း ဖွံ့ဖြိုးတိုးတက်မှု မညီမျှသည့်ပြဿနာကိုကောင်းမွန်စွာ ဖြေရှင်းခြင်းပင်ဖြစ်သည်။ ဂလိုဘယ်လိုက်ဇေးရှင်းအား ဆန့်ကျင်မှု(Deglobalization)၊ လုံခြုံရေး အယူအဆများကို အလွဲသုံးစားလုပ်ခြင်း (abuse the concept of security) တို့အား ပြတ်ပြတ်သားသားဆန့်ကျင်၍ တစ်ကိုယ်တော်ဝါဒ (unilateralism)၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ (protectionism) ပုံစံမျိုးစုံကို ကန့်ကွက်ရမည်။ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလွတ်လပ်ခြင်း၊ အဆင်ပြေလွယ်ကူခြင်းတို့ကို ခိုင်မာစွာမြှင့်တင်၍ ကမ္ဘာ့စီးပွားရေး ကောင်းမွန်စွာဖွံ့ဖြိုးတိုးတက်မှုအား အတားအဆီးဖြစ်စေသည့် ဖွဲ့စည်းပုံဆိုင်ရာအခက်အခဲများကို ဖြေရှင်းခြင်းဖြင့် စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်းကို ပိုမိုတံခါးဖွင့်သော၊ အားလုံးပါဝင်မှုရှိသော၊ ကျယ်ကျယ်ပြန့်ပြန့် အကျိုးပြုသော၊ ညီမျှသောလားရာသို့ ဖွံ့ဖြိုးတိုးတက်စေရန် ဖော်ဆောင်ရမည်။

တရုတ် - မြန်မာ နှစ်နိုင်ငံသည် တောတောင်ရေမြေချင်း ဆက်စပ်လျက်ရှိပြီး ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးသံယောဇဉ် နက်ရှိုင်းသည်။ သမ္မတရှီကျင့်ဖျင်သည် ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသို့ သမိုင်းဝင်ခရီးစဉ်လာရောက်ခဲ့ပြီး နှစ်ဦးနှစ်ဖက်က တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရန် သဘောတူညီခဲ့သည်။ ယခုနှစ်သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ငါးရပ်ကို တရုတ်၊ မြန်မာ၊ အိန္ဒိယက အတူတကွအဆိုပြုသည့် နှစ် ၇၀ ပြည့်ဖြစ်သည်။ မိမိတို့သည် ဗဟိုကော်မတီ နိုင်ငံခြားရေး လုပ်ငန်း အစည်းအဝေးစိတ်ဓာတ်ကိုကျင့်သုံး၍ တရုတ် - မြန်မာ ချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်ဆံသည့် ဉာဏ်ပညာနှင့်အတွေ့အကြုံများကို လက်ဆင့်ကမ်းပြန့်ပွားစေပြီး ချစ်ခင်ရင်းနှီးခြင်း၊ ရိုးသားစွာ ဆက်ဆံခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းခြင်း၊ အားလုံးပါဝင်ခြင်းဟူသည့် အိမ်နီးချင်းနိုင်ငံများနှင့် သံတမန်ဆက်ဆံရေးအယူအဆကို လက်တွေ့ဖော်ဆောင်သွားမည်ဖြစ်သည်။ မိမိတို့သည် မြန်မာနိုင်ငံနှင့်အတူ သမ္မတ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်ရလဒ်များကို ဆက်လက်ဖော်ဆောင်၍ နိုင်ငံရေးရာစီမံခန့်ခွဲမှု အတွေ့အကြုံများ ကူးလူးဖလှယ်ခြင်းကို မြှင့်တင်သွားမည်ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ လူသားယဉ်ကျေးမှုအစီအမံတို့ကို ချိတ်ဆက် အကောင်အထည်ဖော်ဆောင်၍ တရုတ် - မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းကိုတည်ဆောက်မှု လက်တွေ့ကျနက်ရှိုင်းလာစေရန် တွန်းအားပေးသွားမည်ဖြစ်သည်။ မိမိတို့သည် မြန်မာနိုင်ငံနှင့်အတူ “Belt and Road” နှင့် တရုတ် - မြန်မာစီးပွားရေးစင်္ကြံကို အရည်အသွေးမြင့် အတူတည်ဆောက်ပြီး ပိုမိုများပြားသည့် လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုရလဒ်များဖြင့် နှစ်နိုင်ငံပြည်သူများကို ပိုမို အကျိုးပြုသွားလိုသည်။ မိမိတို့သည် မြန်မာနိုင်ငံက မိမိနိုင်ငံအခြေ အနေနှင့်ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း လျှောက်လှမ်းခြင်းကိုအားပေးပြီး မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်း စဉ်အားထောက်ခံပံ့ပိုးပေးရန်အတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ကာ တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကို အတူတကွ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်သည်။ မိမိတို့သည် ပြည်သူဗဟိုပြုသည့် ဖွံ့ဖြိုးတိုးတက်မှု အတွေးအခေါ်ကို အမြဲတစေလက်ကိုင်စွဲ၍ တရုတ်-မြန်မာ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ ဆက်သွယ်ရေးလိမ်လည်မှု စသည့်နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများကို အတူတိုက်ဖျက်ပြီး နှစ်နိုင်ငံပြည်သူများ အသက်အိုးအိမ်စည်းစိမ်ဥစ္စာဘေးကင်းလုံခြုံမှုကို ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်သည်။ မိမိတို့သည် မြန်မာနိုင်ငံနှင့်အတူ လန်ချန်း-မဲခေါင်နှင့် တရုတ်-အာဆီယံစသည့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေကာ သာယာလှပသောအိမ်ရာကြီး အတူတည်ဆောက် သွားလိုပါသည်။

နှစ်သစ်အစကာလတွင် မြန်မာနိုင်ငံပြည်သူများ ငြိမ်းချမ်းမှု၊ စည်ပင်ဝပြောမှုနှင့် သာယာချမ်းမြေ့မှုများ ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။ ။

သံအမတ်ကြီး မစ္စတာချန်းဟိုင်