Skip to main content
Aug 24, 2023
ဆောင်းပါး
ပင်ပျိုရွက်နုတို့ဟာ နုရာမှရင့်၊ ရင့်ရာမှရော်နဲ့ အဆုံးမှာတော့ ကြွေကျမြေခသွားကြရတယ်။ မနုဿ လူသားအပါအဝင် သတ္တဝါအပေါင်းကလည်း ပျိုရာမှအို၊ ပျိုသမျှအိုရ၊ မာသမျှနာရ၊ နေသမျှသေကြ ရတာပါပဲ။
Aug 23, 2023
ဆောင်းပါး
မြန်မာရှေးဘုရင်များ၊ ခေတ်သစ်အစိုးရအကြီးအကဲ၊ နိုင်ငံ့ခေါင်းဆောင်များသည် ထေရဝါဒဗုဒ္ဓဘာသာဝင်များဖြစ်ကြသည့်အပြင် နိုင်ငံတော်၏ လူဦးရေအများစုကြီး ကိုးကွယ်သဖြင့် ဝိသေသထူးလှသောဗုဒ္ဓသာသနာတော်ကို ချီးမြှောက်ရန်နိုင်ငံအစိုးရတိုင်းတွင် တာဝန်ရှိသည့်အားလျော်စွာ မိုးဒဏ်၊ နေဒဏ်၊ လေဒဏ် (မုန်တိုင်းဒဏ်)၊ မြေ ငလျင်ဒဏ် စသည့်သဘာဝဘေးနှင့်ကြုံ၍ ဘုရားပုထိုးစေတီတော်များ ပြိုဆင်း၊ ယိုယွင်းသည့်အခါတိုင်း ပြုပြင်တည်ထားပေးခဲ့သည်သာဖြစ်သည်။
Aug 23, 2023
ဆောင်းပါး
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်အတွင်း အသုံးပြုနေသော လျှပ်စစ်မီး (ရွှေလီ စက်ရုံ) သည် ၂၀-၈-၂၀၂၃ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်မှ ၂၂-၈-၂၀၂၃ ရက်နေ့ ည ၈ နာရီခွဲအထိ သုံးရက်ကြာ နာရီပေါင်း ၆၂ နာရီ မိနစ် ၃၀ ပြတ်တောက်နေပြီး  အဆိုပါ လျှပ်စစ်မီးပြတ်တောက်မှုတွင် မူဆယ်မြို့နယ် (မန့်ဟီးရိုးမြို့၊ ပန်ဆိုင်း(ကြူကုတ်)မြို့)နှင့် နမ့်ခမ်းမြို့နယ်တို့ ပါဝင်ပါသည်။
Aug 23, 2023
ဆောင်းပါး
ဖိလစ်ပိုင်နိုင်ငံသည် ၁၈၉၈ ခုနှစ်တွင် အမေရိကန်၏ ကိုလိုနီဖြစ်ခဲ့ပြီး ၁၉၄၆ ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့သည်။ ၂၀၂၃ ခုနှစ် စာရင်းအရ လူဦးရေ ၁၁၇ သန်း ကျော်ရှိပြီး ၂၀၂၃ ခုနှစ် မေလ Social Weather Stations Survey အရ ဆင်းရဲမှုနှုန်းအနေဖြင့် မိသားစု ၅၁ ရာခိုင်နှုန်းသည် ဆင်းရဲ၍ ၃၀ ရာခိုင်နှုန်းခန့်သည် အလယ်အလတ်ဖြစ်ပြီး ကျန် ၁၉ ရာခိုင်နှုန်းမှာ ဆင်းရဲမှုမရှိကြောင်းသိရသည်။ ကမ္ဘာ့ဘဏ်၏စာရင်းအရ ဖိလစ်ပိုင်နိုင်ငံ၏ ဆင်းရဲမှုနှုန်းမှာ ၂၀၁၈ ခုနှစ်က ၁၆ ဒသမ ၆ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၂၁ ခုနှစ်တွင် ၁၈ ဒသမ ၁ ရာခိုင်နှုန်းအထိ တိုးလာခဲ့ပြီး ဆင်းရဲနွမ်းပါးလူဦးရေ ၁၉ ဒသမ ၉ သန်းကျော်ခန့်အထိ ရှိလာကြောင်းတွေ့ရသည်။ ဖိလစ်ပိုင်နိုင်ငံသည် ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းတွင်တည်ရှိကာ ကျွန်းပေါင်း ၇၆၄၁ ကျွန်းဖြင့် ဖွဲ့စည်းထားပြီး စတုရန်းကီလိုမီတာ သုံးသိန်းခန့် ကျယ်ဝန်းသည်။ ဒီမိုကရေစီစနစ်ကျင့်သုံးပြီး သမ္မတသက်တမ်းမှာ ခြောက်နှစ်ဖြစ်သည်။
Aug 22, 2023
လူငယ်ဟူသည် လူ့ဘောင်အဖွဲ့အစည်းတစ်ခုမှာ အားကိုးအားထားပြုစရာ လူ့စွမ်းအားအရင်းအမြစ် တစ်ခုဖြစ်သည်။ မည်သည့်ခေတ်၊ မည်သည့်စနစ်ကို ဖြတ်သန်းရသည်ဖြစ်စေ လူငယ်မျိုးဆက်တစ်ခုနှင့် တစ်ခုကြား အတွေးအခေါ်ပိုင်း၊ အတွေ့အကြုံပိုင်း၊ အရည်အသွေးနှင့် ကိုယ်စွမ်းကိုယ်စပိုင်းများမှာများစွာ ကွာခြားသွားရန်မသင့်။ ကာယဉာဏ စာရိတ္တစွမ်းရည်များ ချို့တဲ့သွားရန်မသင့်ပါ၊ ကြိုးစားအားထုတ်မှု အခွင့်အလမ်းနှင့် စွမ်းရည်များမှာ တစိုက်မတ်မတ် ဖွံ့ဖြိုးမှုလမ်းကြောင်းပေါ်တွင်သာ ရှိနေရပါမည်။ သို့မှသာ ထိုလူငယ်များအားကိုးနှင့် ထိုလူငယ်များကိုမှီခိုရာ လူ့အဖွဲ့အစည်းကြီးသည်လည်း ငြိမ်းချမ်းသာယာ ဝပြော၍ အစဉ်ဖွံ့ဖြိုးတိုးတက်နေမည်ဟု ခံယူထားပါသည်။
Aug 22, 2023
မည်သည့်အခြေအနေမျိုးတွင်မဆို တိုင်းပြည်က “အားကိုးရသောသူ” ထွက်ပေါ်လာကြပါသည်။ ထိုသူကား တိုင်းကျိုးပြည်ကျိုးဆောင်သူဖြစ်ပါသည်။ တိုင်းပြည်က အားကိုးရသော “လူရည်မွန်” ကို မည်သို့ မွေးထုတ်ရပါမည်နည်း။
Aug 22, 2023
ဒေသတွင်း ပတ်ဝန်းကျင်အခင်းအကျင်းများကို ရှုမျှော်လေ့လာကြည့်သော် . . .
ဒေသတွင်းပတ်ဝန်းကျင်နိုင်ငံများရဲ့ အခင်းအကျင်းကို ရှုမျှော်လေ့လာကြည့်ရင် နိုင်ငံတကာနဲ့ ရင်ပေါင်တန်းဖို့၊ ဆင်းရဲနွမ်းပါးမှုလျှော့ချဖို့၊ ဒေသဖွံ့ဖြိုးတိုးတက်ဖို့၊ အနာဂတ်မူဝါဒကိုယ်စီနဲ့ တီထွင်ကြံဆကြိုးပမ်းအားထုတ်နေကြတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ထိုသို့ဆောင်ရွက်ရာမှာ လူဦးရေသန်းပေါင်း ၁၃၀၀ ကျော်ရှိတဲ့ တရုတ်ပြည်ဈေးကွက်ကြီးကို ဗဟိုပြုပြီးဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။
Aug 22, 2023
မာရဝိဇယမြတ်ဗုဒ္ဓ သက္ကာယချီရှိဦးခိုက် ကြည်ညိုဖွယ်ပ ဆင်ယင်ကြ ဗုဒ္ဓအနုပညာသိုက်
မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာတော် စတင်ရောက်ရှိထွန်းကားခဲ့သည်မှာ နှစ်ပေါင်း ၂၀၀၀ ကျော်ခဲ့ပေပြီ။ ဒုတိယတကောင်းခေတ်ကပင် မြတ်ဗုဒ္ဓ၏သာသနာတော် မြန်မာနိုင်ငံသို့ စတင်ရောက်ရှိခဲ့ကြောင်း စာများ၌ ဖတ်ရ၊ မှတ်ရသည်။ ရှေးဟောင်းမြန်မာနိုင်ငံမှ ပျူခေတ်များဖြစ်သည့် ဟန်လင်း၊ တကောင်း၊ မိုင်းမော၊ ဗိဿနိုး၊ သရေခေတ္တရာခေတ်တို့၌ ဗုဒ္ဓသာသနိကအဆောက်အအုံများဖြစ်သော စေတီပုထိုး၊ ရုပ်ပွားဆင်းတုတော်များအား ကိုးကွယ်ခဲ့ကြပေသည်။
Aug 21, 2023
ဆောင်းပါး
အနောက်အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ နိုင်ဂျာနိုင်ငံမှာ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့က နိုင်ဂျာသမ္မတ မိုဟာမက်ဘာဇွမ်ကို သမ္မတရဲ့အစောင့်တပ်က ထိန်းသိမ်းလိုက်ပါတယ်။ နိုင်ဂျာနိုင်ငံရဲ့ဖြစ်စဉ်အပေါ် ရှုထောင့်အမျိုးမျိုး၊ အမြင်အမျိုးမျိုးနဲ့ ချဉ်းကပ်နေကြပါတယ်။
Aug 21, 2023
ဆောင်းပါး
သစ်ပင်၏ အရိပ်သည်လျှင်ချမ်းသာ၏။ ထိုသစ်ပင်အရိပ်၏ ချမ်းသာသည်ထက် ဆွေမျိုးမိဘ၏ အရိပ်သည်ချမ်းသာ၏။ ထိုဆွေမျိုးမိဘအရိပ် ချမ်းသာသည်ထက် ဆရာသမား၏ အရိပ်သည်ချမ်းသာ၏။ ထိုဆရာသမားတို့၏ အရိပ်ချမ်းသာသည်ထက် မင်း၏အရိပ်သည်ချမ်းသာ၏။ ထိုမင်း၏ အရိပ်ချမ်းသာသည်ထက် မြတ်စွာဘုရား၏အရိပ်ဟု ဆိုအပ်သောတရားသည်များစွာသော အပြားအားဖြင့် ချမ်းသာ၏။ (လောကနီတိ၊ သုဇနကဏ္ဍ - အပိုဒ် ရေ ၅၀)