Skip to main content
Apr 20, 2023
ကုန်အမှတ်တံဆိပ်များကို အကာအကွယ်ပေးခြင်း၏ ရည်ရွယ်ချက်များမှာ လုပ်ငန်းရှင်များ၏ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုအမှတ်တံဆိပ်များကို အသုံးပြုသူများ၏ လုပ်ငန်းအပေါ် အများ၏ ယုံကြည်မှုကို ထိန်းသိမ်းပေးခြင်း၊ ကုန်အမှတ် တံဆိပ်ကို အကာအကွယ်ပေးခြင်းဖြင့် ပြည်တွင်း ပြည်ပမှရင်းနှီးမြှုပ်နှံမှုများ၊ ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေခြင်း၊ ကုန်ပစ္စည်းဝယ်ယူသူနှင့် စားသုံးသူတို့၏အကျိုးကို အကာအကွယ် ပေးခြင်း တို့ဖြစ်သည်။
Apr 20, 2023
မြတ်ဗုဒ္ဓရဲ့ တရားဓမ္မများကို Organizational Behavior ဘာသာရပ်နဲ့ ချဉ်းကပ်လေ့လာတဲ့ ပုံစံမျိုးနဲ့ရေးသားပြီး ဖတ်ရှုသူများရဲ့ အပြုအမူပြောင်းလဲရာမှာ အထောက်အပံ့ ဖြစ်စေရေး ရည်ရွယ်ချက်၊ နိုင်ငံတကာပညာရှင်များရဲ့ အတွေးအခေါ်သဘောတရားများ၊ သီအိုရီများနဲ့ ပေါင်းစပ်ရေးသားနေမှုမှာ မြတ်ဗုဒ္ဓရဲ့ တရားတော်များကလိုအပ်ချက်ရှိ နေခြင်းကြောင့်မဟုတ်ဘဲ လွန်ခဲ့သောနှစ်ပေါင်း ၂၆၀၀ လောက်ကတည်းက ဟောကြားခဲ့တဲ့ တရားတော်များဟာ ဘယ်လောက် ပြည့်စုံမှန်ကန်မှုရှိကြောင်း ဖော်ထုတ်ရေး သားနေခြင်း ဖြစ်ပါတယ်။ စာရေးသူရဲ့ ဦးတည်ရည်ရွယ်ရေးသားမှုအပေါ် စာဖတ်သူများကိုယ်တိုင် ဖတ်ရှုပြီး ကိုယ်ပိုင်အသိနဲ့ ချင့်ချိန်ဆုံးဖြတ်သွားနိုင်စေဖို့ ရည်မှန်းချက် ထားရှိပါတယ်။
Apr 19, 2023
01

မေရီလန်းကပတ်စ်သည် ဖိလစ်ပိုင်နိုင်ငံမာလဘွန်မြို့ရှိလမ်းများတွင် တနင်္ဂနွေနေ့မှအပ နေ့စဉ်နံနက်တိုင်း တွန်းလှည်းတစ်စီးဖြင့် အလုပ်များနေတတ်သည်။ မာလဘွန်မြို့သည် မနီလာ မြို့တော်၏ မြောက်ဘက်တွင် တည်ရှိသည်။

Apr 19, 2023
“ဖွံ့ဖြိုးတဲ့နိုင်ငံဖြစ်လာခြင်းဟာ သူ့နိုင်ငံသား တွေ ကောင်းကြ၊ တော်ကြလို့ပါ။ ကောင်းသလောက် တော်ကြတဲ့ နိုင်ငံသားတွေ ကြွယ်ဝဖို့ကျတော့ အဲဒီနိုင်ငံရဲ့ပညာရေးမှာ အရည်အသွေးမြင့်တဲ့ ဆရာတွေရှိမှ ဖြစ်မှာပါ”
Apr 19, 2023
နိုင်ငံရေးပါတီဆိုသည်မှာ နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ယုံကြည်လက်ခံ၍ နိုင်ငံရေးဝါဒသဘောတရားတစ်ရပ်အပေါ်တွင် အခြေခံပြီး မိမိတို့၏လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြု ထားသောအဖွဲ့အစည်း ဖြစ်သည်။ နိုင်ငံရေးပါတီများတွင် ပြည်ထောင်စုတစ်ဝန်းလုံး၌ စည်းရုံးဆောင်ရွက်မည့် နိုင်ငံရေးပါတီနှင့် တိုင်းဒေသကြီး/ပြည်နယ်တစ်ခုအတွင်း၌ စည်းရုံးဆောင်ရွက်မည့် နိုင်ငံရေးပါတီဟူ၍ ရှိသည်။ နိုင်ငံရေးပါတီများ ဖွဲ့စည်းနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်(၁၅/၂၀၂၃) ဖြင့်လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၂၃) ဖြင့်လည်းကောင်း၊ နိုင်ငံရေးပါတီတည်ထောင်ခွင့်၊ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့နှင့် စပ်လျဉ်း၍ ကြေညာချက်အမှတ် (၂/ ၂၀၂၃)၊ (၃/ ၂၀၂၃) တို့ဖြင့်လည်းကောင်း ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်သည်။
Apr 19, 2023
01
ယနေ့ကမ္ဘာကြီးတွင် အသက်အရွယ်ကြီးမြင့်ပြီး အသက်ရှည်ကြသူ သက်ကြီးရွယ်အိုများ များပြားလာသည်နှင့်အမျှ သက်ကြီးရွယ်အိုအသိုင်းအဝိုင်းသည်လည်း ပိုမိုကျယ်ပြန့်လာနေသလို သက်ကြီးရွယ်အိုများအား ကာကွယ်စောင့်ရှောက်ခြင်းနှင့် သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများကို လေးစားကာကွယ် မြှင့်တင်ကြရန် လုပ်ဆောင်လာနေကြပြီဖြစ်သည်။ ၂၀၁၉ ခုနှစ် World Population Ageing ၏ ထုတ်ပြန်ချက်အရ ကမ္ဘာကြီးတွင်အသက် ၆၅ နှစ်နှင့်အထက် လူဦးရေ သန်းပေါင်း ၇၀၀ ကျော်ရှိနေပြီဖြစ်ပြီး ၂၀၅၀ ပြည့်နှစ်ရောက်ပါက ၁ ဒသမ ၅ ဘီလီယံအထိ တိုးမြင့်ရောက်ရှိမည်ဟုလည်း ခန့်မှန်းထားသည်။ အဆိုပါ ကိန်းဂဏန်းသို့ရောက်ရှိမည်ဆိုပါက လူခြောက်ဦးတွင်တစ်ဦးမှာ သက်ကြီးရွယ်အိုဖြစ်မည် ဖြစ်သည်။
Apr 18, 2023
01
လျှပ်စစ်သုံးယာဉ်(Electric Vehicle-EV)များ မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုးစေရန် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီကို နိုင်ငံတော် အဆင့်ဖွဲ့စည်းပြီး ပေါ်လစီများချမှတ်ကာ စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်သည်။
Apr 17, 2023
ဘဝခရီးကိုလျှောက်လှမ်းရာမှာ နေ့စဉ်နဲ့အမျှ ဆုံးဖြတ်ချက်တွေချနေရတယ်။ အလေးအပေါ့ အတိမ်အနက်ကွာပေမယ့် ဆုံးဖြတ်ချက်တွေကတော့ ချနေရတယ်။ မုန့်ဟင်းခါးဆိုင်မှာ ထိုင်နေရင်း မှာလုဆဲဆဲ မုန့်ဟင်းခါးပွဲကို ဘဲဥနဲ့ကောင်းမလား၊ အကြော်နဲ့အဆင်ပြေမလား စဉ်းစားရတာမျိုးကနေ ဘဝတစ်ခုလုံးနဲ့ ဆိုင်တဲ့ဆုံးဖြတ်ချက်တွေ၊ လူ့အဖွဲ့အစည်းတစ်ခုလုံးနဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေအထိပေါ့။ ကိစ္စရပ်တစ်ခုချင်းအပေါ်မူတည်ပြီး အချိန်ဘယ်လောက်ယူရမယ်၊ ဘယ်အတိုင်းအတာအထိ အလေးအနက်ထားသင့်တယ် ဆိုတာမျိုးတွေ ခြားနားသွားမှာပေါ့။
Apr 16, 2023
၀၁
ပိတောက်ဝါဝါ ငုဝါဝါတို့ သိန်သရေထိန်ဝေလို့တောက်ခဲ့ပြီ။ ငုနှင့်ပိတောက်တို့အလှချင်းဆိုင်၊ ဂုဏ်ချင်းပြိုင်နေကြပြီ။ သင်္ကြန်မိုးပြေးကလေးတစ်ဖြိုက် ရွာအပြီးတွင် ပိတောက်ပန်းတို့ အစွမ်းကုန်ပွင့်လန်းကာ ပင်လုံးကျွတ်ထိန်ဝေနေသည်မှာ ရွှေစင်ရွှေမှုန်တို့ကပ်ငြိနေသည်သို့ ထင်မှတ်ရသည်။ ပိတောက်ပင်၏ အောက်ခြေမြေတလင်း၌ ပြန့်ကြဲနေသည့် ပိတောက်ပန်းကြွေတို့မှာလည်း နင်းရက်စရာမရှိ။ ရွှေစင်ရွှေစက်တို့အား ပက်ဖျန်းကြဲပက်ထားသည့် အလား။ ပိတောက်ပန်း၏ ရနံ့ကလည်း စူးရှမွှေးမြနေသည်။ အဝေးအသံချဲ့စက်မှ သင်္ကြန်တေးသံက လွင့်ပျံလာသည်။ တီးလုံးတီးကွက်က မြိုင်မြိုင်ဆိုင်ဆိုင်။ ဗီစီဒီခွေဖြင့် ဖွင့်ထားသည့် တေးသံဖြစ်လိမ့်မည် ထင်သည်။ ကြားနေရသောသင်္ကြန်သံချပ်သံနှင့်အတူ ဖြတ်သန်းခဲ့ရသော ငယ်ဘဝကို တမ်းတဖြစ်မိပြန်သည်။
Apr 13, 2023
လူတိုင်းဟာ နေ့စဉ်ဘဝမှာ နေထိုင်စဉ်မှာပဲ ကိုယ်ကျင့်တရားကောင်းမွန်အောင်၊ လုံ့လဝီရိယနဲ့ အသိပညာရအောင် ကြိုးစားအားထုတ်နေမှုဆိုတာ အင်မတန်မှအရေးကြီးပါတယ်။ အဲဒီထဲမှာမှ လူတွေရဲ့အခြေခံသဘောဟာ ကိုယ်ကျင့်သီလကောင်းဖို့ လိုအပ်သလို အရာရာမှာ ကြိုးစားအားထုတ်ဖို့၊ အထူးသဖြင့် အသိပညာ၊ အတတ်ပညာရရှိအောင် ကြိုးစားအားထုတ်နေဖို့ လိုအပ်ပါတယ်။