Jun 30, 2023

ကျွန်တော်တို့ ငယ်စဉ်ကတည်းက နှစ်သက်စွာဖတ်ခဲ့ဖူးသည့် ကာတွန်းမြင့်သိန်း၏ ဇာတ်ကောင်စံရွှေမြင့် ပြောတာလား၊ ကာတွန်းတင်အောင်နီ၏ ဇာတ်လိုက်ကိုပြာလောင် ပြောတာလားကတော့ မသဲကွဲတော့ပါ၊ တိုးရင်းတိုးရင်းနဲ့ အလယ်ရောက်သွားတာပါဆိုသည့် စကားလို ရေးရင်းရေးရင်းနဲ့ ဆောင်းပါး အမှတ်စဉ် (၉) သို့ပင် ရောက်သွားပါပကောလား။ အမှတ်စဉ် (၁) မှာ ပြန်ကြည့်လျှင် ရခိုင်ပြည်နယ်သို့ မိုခါမုန်တိုင်းမဝင်ရောက်မီ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လမ်းညွှန်ချက်များ၊ မုန်တိုင်းဝင်ရောက်ပြီး ကိုယ်တိုင်သွားရောက် ကြည့်ရှုဖြည့်ဆည်းဆောင်ရွက်ပေးမှုများ၊ ဆက်လက်၍ အမြန်အကောင်အထည်ဖော်ရမည့် လုပ်ငန်းတာဝန်များကို ရေးသားတင်ပြခဲ့သလို ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်သည့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှု၊ ဝန်ကြီးဌာန အလိုက် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ စစ်တွေသို့ရောက်ရှိ တာဝန်ထမ်းဆောင်မှု၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြိုတင်ပြင်ဆင်မှုများနှင့် စီမံခန့်ခွဲဆောင်ရွက်မှုများ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကူညီပံ့ပိုးဆောင်ရွက်ပေးမှုများကို နိဒါန်းပျိုး၍ ရေးခဲ့သည်။
Jun 29, 2023

“ဥတုရာသီ၊ တောကိုမှီ” ဆိုသည့် အတိုင်းနေ့စဉ်မိုးလေဝသအခြေအနေများ၊ နှစ်အလိုက်ဖြစ်ပေါ်လျက်ရှိသော ရာသီဥတုအခြေအနေများသည် သစ်တော၊ သစ်ပင် များအပေါ် များစွာမှီတည်လျက်ရှိသည်။ ကမ္ဘာ့လေထုကိုပူနွေးစေပြီးရာသီဥတု ပြောင်းလဲမှုကို ဖြစ်ပေါ်စေသောလေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များကို သစ်တောသစ်ပင်များက စုပ်ယူဖယ်ရှားပေးပြီး ရာသီဥတုမျှတ ကောင်းမွန်လာစေရေး၊ ပတ်ဝန်းကျင်ဂေဟစနစ်များ တည်ငြိမ်စေရေးကို အထောက်အကူပြုလျက်ရှိသဖြင့် “ဥတုရာသီ၊ တောကိုမှီ” ဟု ဆိုခြင်းဖြစ်သည်။ သစ်ပင်သစ်တောများ တိုးပွားလာသည်နှင့်အမျှ မိုးလေဝသမှန်ကန်ပြီး ရာသီ ဥတုပြောင်းလဲမှုများကို လျှော့ချနိုင်ကာ နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် စေရေးအတွက် အလွန်အထောက်အကူ ပြုနိုင်မည်ဖြစ်သည်။
Jun 28, 2023

“နျူကလီးယားနည်းပညာဟာ ယနေ့ကမ္ဘာမှာ အလွန်ရေပန်းစားနေပါတယ်။ နျူကလီးယားနည်းပညာကို နိုင်ငံဖွံ့ဖြိုးရေးအတွက် နိုင်ငံတိုင်းက ပိုင်ဆိုင်လိုကြတယ်။
Jun 28, 2023

အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ (International Cooperative Alliance - ICA Day) သည် ကမ္ဘာတစ်ဝန်းရှိ သမဝါယမများ၏ စိတ်ဓာတ်နှင့် အောင်မြင်မှုများကို ဂုဏ်ပြုသည့် အရေးကြီးသော အခါသမယဖြစ်သည်။ နှစ်စဉ် ဇူလိုင်လ၏ ပထမစနေနေ့တွင် ကဏ္ဍအသီးသီးနှင့် ဒေသအသီးသီးမှ သမဝါယမ အသင်းများသည် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှု၊ လူမှုရေးပါဝင်မှုနှင့် စီးပွားရေးဆိုင်ရာ စွမ်းဆောင်နိုင်မှုတို့ကို အထိမ်းအမှတ်ပြုရန်စုဝေးကြသည်။ ဤဆောင်းပါးသည် (၁၀၁) နှစ်မြောက် ICA နေ့၏ အရေးပါမှုကို သရုပ်ဖော်ထားပြီး တစ်ဦးချင်း၊ အသိုင်းအဝိုင်းနှင့် ကမ္ဘာ့စီးပွားရေးအတွက် အပြုသဘောဆောင်သော အပြောင်းအလဲများ ဖန်တီးရာတွင် သမဝါယမများ၏ ထူးထူးခြားခြား အောင်မြင်မှုများကို မီးမောင်းထိုးပြထားသည်။
Jun 27, 2023

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Center- DMC) သည် မိုခါမုန်တိုင်းနှင့်ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်ပေးသည့် ဗဟိုဌာနဖြစ်သည်။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအောက်တွင် လုပ်ငန်းကော်မတီ ၁၂ ခုကို ဖွဲ့စည်းထားရှိပြီး အဆိုပါ လုပ်ငန်းကော်မတီများသည် DMC တွင် စုဖွဲ့ကာ မိုခါမုန်တိုင်းနှင့်ပတ်သက်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို အရေးပေါ်တုံ့ပြန် ဆောင်ရွက်လျက်ရှိသည်။ လုပ်ငန်းကော်မတီ ၁၂ ခုအနက် တစ်ခုအပါအဝင်ဖြစ်သည့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူနှင့် တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။
Jun 26, 2023

ကုလားတန်မြစ်ကို ဂစ္ဆပနဒီ သို့မဟုတ် ကစ္ဆပနဒီ မြစ်ဟု ခေါ်ကြသည်။ မယူမြစ် သို့မဟုတ် မလ္လာနဒီ ဟု ရှေးကခေါ်တွင်လာကြသည့် မေယုမြစ်ဆိုတာကလည်း ရှိနေသေးသည်။ လေးမြို့မြစ်ကိုမူ အဉ္စန နဒီဟု ခေါ်ဆိုကြကြောင်း သိရသည်။ ရန္ဓနဒီ (ခေါ်)ရန်ချောင်း၊ သီရိမာနဒီ (ခေါ်) သရေချောင်းတို့ သည်လည်း ရခိုင်ပြည်နယ်၏ ထင်ရှားသော မြစ်ချောင်းများထဲမှာ ပါဝင်နေကြသည်။ အဆိုပါ မြစ်ချောင်းများသည် ရခိုင်ပြည်နယ်၏ အသက်သွေးကြောများဆိုလျှင် မမှားပေ။ ဤမည်သော မြစ်ချောင်းများစွာ တို့ကိုအမှီပြု၍ စားရေရိက္ခာပေါများခဲ့သည်။ သမိုင်းစဉ်တစ်လျှောက် ဆန်ရေစပါး ပေါများကြွယ်ဝရာ အရပ်ဒေသဖြစ်ခဲ့ခြင်းကြောင့် ဓညဝတီဟူ၍ အမည်တွင်ခဲ့ခြင်းဖြစ်ကြောင်း သုတေသီများက ဆိုကြသည်။ ထို့ပြင်တဝ ပေ၊ ပုရပိုဒ်၊ ကျောက်စာများတွင်ပါရှိသည့်အတိုင်း သေလာဂီရိ၊ မောရပဗ္ဗတ၊ သီရိဂုတ္တ၊ နီလာပဗ္ဗတအစရှိသော တောတောင်အမည်နာမများဖြင့် ထေရဝါဒဗုဒ္ဓသာသနာယဉ်ကျေးမှုထွန်းကားရာ၊ သာသနာရောင်ဝါထွန်းလင်း တောက်ပရာဒေသ ဖြစ်ခဲ့ခြင်းကြောင့်လည်း ဓညဝတီကို ရွှေပြည်ငွေပြည် သို့မဟုတ် ရတနာရွှေမြေ ဟူ၍လည်း ခေါ်ဝေါ်သမုတ်ခဲ့ကြကြောင်း မှတ်သားခဲ့ဖူးသည်။
Jun 26, 2023

ယခုနှစ် ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့သည် (၃၆) ကြိမ်မြောက် “အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ဖြစ်ပါသည်။ ဇွန်လ ၂၆ ရက်နေ့ ကို သတ်မှတ်ရသည့် သမိုင်းကြောင်းရှိပါသည်။ တရုတ်ပြည်၌ ပထမဘိန်းစစ်ပွဲဖြစ်ခါနီး ၁၈၃၉ ခုနှစ်တွင် ဥရောပတိုက်သားများဖြစ်ကြသော ပေါ်တူဂီ၊ စပိန်နှင့် ဒတ်ချ်ကုန်သည်များက တရုတ် ပြည်ကို ဘိန်းများရောင်းချရန်အတွက် ဂွမ်ဒုန်း ပြည်နယ် ဟူမင်းမြို့သို့ ရောက်လာကြသည်။ ထိုအခါ ဖူးကျန့်ပြည်နယ် အုပ်ချုပ်ရေးမှူး Li Zexu က ဇွန်လ ၂၆ ရက်နေ့တွင် ဟူမင်းသို့ အချိန်မီ သွားရောက်ပြီး ဥရောပဘိန်းကုန်သည်များ သယ်လာသည့်ဘိန်းများကို သိမ်းဆည်းမီးရှို့ဖျက်ဆီး ခဲ့သည်။ ထိုသို့ ဘိန်းများမီးရှို့ဖျက်ဆီးခဲ့သော ဇွန်လ ၂၆ ရက် နေ့ကို နှောင်းလူတို့ အမြဲတမ်း အောက်မေ့ သတိရကြစေရန်ရည်ရွယ်၍ သြစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ ၁၉၈၇ ခုနှစ် ဇွန်လအတွင်း ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံက ဇွန်လ ၂၆ ရက် နေ့ကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အဖြစ် အထူးတလည်သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။
Jun 26, 2023

သိန်းဇော် (ရွှေလီဦး)
Jun 25, 2023

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်မှာ ထိုနိုင်ငံရှိလူအများစုလုပ်ကိုင်သည့် စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့််တင်၍ ယင်းစီးပွားရေးမောင်းနှင်အားကို အခြေခံလျက်ပြည်ပသွင်းကုန်များ အစားထိုးနိုင်သည့် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများကို ကျွဲကူးရေပါဆိုသကဲ့သို့ အားပေးမြှင့်တင်ရန်လိုအပ်သည်။ ပြည်တွင်းထုတ်ကုန်များကို ပြည်ပသို့ တင်ပို့နိုင်လေလေ ဖွံ့ဖြိုးမှုမြန်လေလေ ဖြစ်ပေမည်။
Jun 25, 2023

မူးယစ်ဆေးဝါးသုံးစွဲမှုက သုံးစွဲတဲ့လူတစ်ဦးတစ်ယောက်ချင်းစီကို ထိခိုက်စေရုံသာမက ဆေးစွဲနေသူရဲ့ မိသားစု၊ မိတ်ဆွေအပေါင်းအသင်း၊ တိုင်းပြည်ရဲ့ အရင်းအမြစ်များနဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးကိုပါ ထိခိုက်စေနိုင်ပါတယ်။ သုံးစွဲသူအနေနဲ့လည်း HIV/AIDS ရောဂါ ကူးစက်ခံရခြင်းအပါအဝင် အခြားသောရောဂါပေါင်းစုံဝင်ရောက်နိုင်ပြီး လူမှုရေးကိုထိခိုက်စေတဲ့ ဆိုးကျိုးများကို ချက်ချင်းလက်ငင်းကြုံတွေ့ခံစားရမှာဖြစ်ပြီး မိသားစုရှိတဲ့သူဖြစ်မယ်ဆိုရင် ၎င်းရဲ့ သားသမီးများမှာလည်း မိသားစုနဲ့ပတ်ဝန်းကျင်ရဲ့ ရုပ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း လျစ်လျူရှုခြင်းခံရမှုတွေကြောင့် သနားဖွယ်ရာ စိတ်ဒဏ်ရာများနဲ့ ကြီးပြင်းလာကြရပါတယ်။