Jul 27, 2023

မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ဒေသပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် မေလ ၁၉ ရက်နေ့တွင် စစ်တွေမြို့သို့ ရောက်ရှိခဲ့သည်။ စစ်တွေလေဆိပ်သို့ လေယာဉ်ဆင်းခါနီး လောကာနန္ဒာစေတီတော်မြတ်ကြီးအား လှမ်း၍ဖူးတွေ့လိုက်ရ၏။
Jul 26, 2023

ယနေ့ကာလတွင် တပ်မတော်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထုတို့သည် စစ်ရာဇဝတ်မှုများ (War Crimes)ကျူးလွန်နေသည့် လက်နက်ကိုင် သောင်းကျန်းသူများနှင့် အကြမ်းဖက်မှုများကျူးလွန် နေသည့် အကြမ်းဖက်သမားများ၏ အန္တရာယ်နှင့် ရင်ဆိုင်နေရပါသည်။ တပ်မတော်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် လက်နက်ကိုင်
Jul 25, 2023

အနာဂတ်ကာလတွင်ကမ္ဘာတစ်ဝန်း ရင်ဆိုင်ကြုံတွေ့လာနိုင်သည့် စွမ်းအင်လိုအပ်ချက်၊ လောင်စာဆီရှားပါးလာမှုပြဿနာများကို ဖြေရှင်းနိုင်ရန်နှင့် တွင်းထွက်သယံဇာတထုတ်ယူသုံးစွဲမှုကို လျော့နည်းစေပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထောက်အကူဖြစ်စေရန် ပြန်ပြည့်မြဲစွမ်းအင် (Renewable Energy) များဖြင့် အစားထိုးသုံးစွဲနိုင်မည့် နည်းလမ်းများကို ကမ္ဘာ့နိုင်ငံ အသီးသီးက တီထွင်အသုံးပြုလာကြသည်။
Jul 25, 2023

ပြာလဲ့လဲ့မိုးကောင်းကင်နှင့် ဖြူလွလွတိမ်ပန်းချီတို့ကိုနောက်ခံပြု၍ အချိုးတကျသပ္ပာယ်တော်မူလှသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တီဗွီဖန်သားပြင်မှတစ်ဆင့် ဖူးမြော်ရရုံဖြင့် ပီတိ သောမနအဝဝနှင့်အတူ ကြည်ညိုသဒ္ဓါကုသိုလ် အဖြာဖြာပွားများရပါသည်။
Jul 24, 2023

ငါးသည် မြန်မာလူမျိုးတို့၏ နေ့စဉ်စားသောက်မှုဟင်းလျာတွင် နေရာယူထားလျက်ရှိနေပေသည်။ မြန်မာလူမျိုးအများစုမှာ ရေငန်ငါးများထက် ရေချိုငါးများကို ပိုမိုကြိုက်နှစ်သက်ပြီး မြန်မာနိုင်ငံတွင် မြစ်ချောင်း အင်းအိုင်များပေါများသည့်အလျောက် ပြည်တွင်းငါးစားသုံးမှုအတွက် အထောက်အကူပြုလျက်ရှိပါသည်။ ငါးသည် အဆီနည်းပြီး ပရိုတင်းဓာတ်ကြွယ်ဝကာ မွေးမြူရေးတိရစ္ဆာန်အသားနှင့်နှိုင်းယှဉ်ပါက ဈေးသက်သာသောကြောင့် လူအများဝယ်ယူစားသုံးနိုင်သည့် စားသောက်ကုန်အမယ်တစ်ခုလည်း ဖြစ်ပါသည်။
Jul 24, 2023

မြန်မာ့တိုင်းရင်းဆေးပညာသည် မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်း၊ သဘာဝပတ်ဝန်းကျင်၊ ရာသီဥတု၊ ရိုးရာတွေးခေါ်မှုများ၊ ယုံကြည်ချက်၊ လူ့အဖွဲ့အစည်းတို့နှင့် အပြိုင်ဖြစ်ထွန်းလာခဲ့သော စစ်မှန်သည့်မြန်မာ့ရိုးရာအမွေအနှစ်၊ မွန်မြတ်သည့်အသက်မွေး ဝမ်းကျောင်းပညာရပ်ဖြစ်သည်။ “အများ ပြည်သူအားထားဖွယ်ရာ မြန်မာ့တိုင်းရင်းဆေးပညာ” “ပြည်သူလူထုကျန်းမာဖို့တိုင်းရင်းဆေးဖြင့် စောင့်ရှောက်စို့”ဆိုသည့် ဆောင်ပုဒ်များကို လက်ကိုင်ထားပြီး တိုင်းရင်းဆေးပညာရှင်များ မွေးထုတ်ပေးလျက်ရှိသော တိုင်းရင်းဆေးတက္ကသိုလ်ကြီးတစ်ခုကို မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အိုးဘိုရွှေကျင်ရပ်ကွက် (၁)လမ်းနှင့် မန္တလေး-မိုးကုတ် မတ္တရာလမ်းကြားတွင် နိုင်ငံတော်ကတည်ဆောက်ပေးထားသည်။ တစ်နည်းအားဖြင့် “အသက် ကလေးရယ်တဲ့ရှည်စေလို မန်းတောင် ရိပ်ခို”ဆိုသည့် စာဆိုနှင့်အညီ အသက်ရှည်ရာ အနာမဲ့ကြောင်းအတွက် တိုင်းရင်းဆေးပညာရပ်များ သင်ကြား လေ့လာနေသောမျိုးဆက်သစ်တိုင်းရင်း ဆေးပညာရှင်များကွန်းခိုရာ တက္ကသိုလ်ကြီးအဖြစ် မန္တလေးတောင်ခြေရင်းတွင် ခံ့ခံ့ညားညားတည်ရှိနေပါသည်။
Jul 23, 2023

မြန်မာ့သမိုင်းတွင် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် စသည်ဖြင့် သမိုင်းမတင်မီခေတ်၊ သမိုင်း တင်ခေတ်ဦးနှင့် သမိုင်းတင်ခေတ်ဟူ၍ ပြောင်းလဲ ဖြစ်တည်မှုအဆင့်ဆင့်ရှိခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ရှေးဟောင်းမြို့ပြယဉ်ကျေးမှုကို ခရစ်တော်မပေါ်မီ ကာလကပင် ယဉ်ကျေးသော လူ့အဖွဲ့အစည်းအဖြစ် ပျူလူမျိုးများကအစပြု၍ တစ်ဆင့်ပြီးတစ်ဆင့် တည်ထောင်ခဲ့ကြပါသည်။
Jul 23, 2023

ယခုနှစ်နွေရာသီကာလတွင် ပူပြင်းခြောက်သွေ့မှုကို တစ်နိုင်ငံလုံး သိသိသာသာ ခံစားခဲ့ကြရပြီး ဒေသအချို့တွင်လည်း ရေရှားပါးမှုများ၊ ရေတွင်းရေကန် ခန်းခြောက်မှုများဖြင့် ကြုံတွေ့ခဲ့ကြရသည်။ ဤဖြစ်စဉ်၏ အဓိကအကြောင်းရင်းမှာ သစ်ပင်သစ်တောများ ပြုန်းတီးခြင်းကြောင့်ဖြစ်သည်။
Jul 23, 2023

“အယ်လ်နီညို” ဆိုတာ ယေဘုယျအနေနဲ့ပြောရရင် မိုးရွာသွန်းမှု ပုံစံပြောင်းလဲလို့ ပြင်းထန်တဲ့ အပူလှိုင်းတွေ၊ မိုးခေါင်မှုတွေ ဖြစ်ပေါ်စေတာလို့ နားလည်မှတ်သားမိပါတယ်။ အယ်လ်နီညိုကြောင့် အချို့ဒေသတွေမှာ မိုးခေါင်ပေမယ့် အချို့ဒေသတွေမှာတော့ မိုးများပြီးရေလွှမ်းမိုးမှုတွေလည်း ကြုံတွေ့ရတာမျိုးတွေရှိပါတယ်။ ဒီတော့အယ်လ်နီညိုလို့ဆိုလာရင် မိုးရွာသွန်းမှုပုံစံမူမမှန်တာ၊ အပူချိန်မြင့်မားတာ၊ မုန်တိုင်းတွေ ပုံမှန်မဟုတ်ဘဲ ဖြစ်ပေါ်တတ်ပြီး အလွယ်အနေနဲ့ ပြောရရင်တော့ ကမ္ဘာ့ရာသီဥတုက ပုံမှန်မဟုတ်ဘဲ ဖောက်ပြန်တဲ့ ဖြစ်စဉ်လို့ပြောရမှာဖြစ်ပါတယ်။ အယ်လ်နီညိုက သာမန်အားဖြင့် နှစ်နှစ်ကနေ ခုနစ်နှစ်အတွင်း တစ်ကြိမ်ဖြစ်ပေါ်တတ်ပြီး တစ်ကြိမ်ဖြစ်ရင် တစ်နှစ်လောက်အထိ ကြာတတ်တာမျိုးပါ။ အယ်လ်နီညိုဖြစ်စဉ်က ပုံသေတော့မရှိဘဲ မတူကွဲပြားတတ်ပါတယ်။
Jul 23, 2023

ဘယ်အငြိုးနှင့်မသိ စစ်တွေမိုးက မိုးမလင်းမီကတည်းက သဲကြီးမဲကြီးရွာနေသည်။ မိုးအေးအေးတွင် အိပ်ရာထဲကွေးပြီး စာလေးဖတ်နေရလျှင် ဘယ်လောက်များ ဇိမ်ရှိလိမ့်မလဲ ဘကြီးအောင် တွေးလိုက်မိသည်။ လက်တွေ့ဘဝတွင်ကား ကွေးနေ၍မဖြစ်၊ ဘကြီးအောင်တို့အဖွဲ့ကို နိုင်ငံတော်က အလွန့်အလွန် အားကောင်းသော မိုခါမုန်တိုင်းဒဏ်ကြောင့် အပျက်အစီး အထိအခိုက်များစွာ ခံစားခဲ့ရသည့် ရခိုင်ပြည်နယ်၊ အထူးသဖြင့် စစ်တွေမြို့နယ်တစ်ဝိုက် ပြန်လည်ထူထောင်ရေးနှင့် မူလထက် သာလွန်တိုးတက်ကောင်းမွန်ရေး ဆောင်ရွက်ရန် တာဝန်ပေးအပ်ထားသည်။ သည့်အတွက်ကြောင့် သည်အဖွဲ့တွေ မေလ ၁၄ ရက်က မိုခါမုန်တိုင်းတိုက်ခတ်ခဲ့ပြီးနောက် မေလ ၁၅ ရက်တွင်ပင် စစ်တွေမြို့သို့ နိုင်ငံတော်အကြီးအကဲနှင့်အတူ ရောက်ရှိခဲ့ကြသည်။