Skip to main content

ရှမ်း(မြောက်)ကိုလှမ်းပါလို့ ရွှေမန်းဆီသို့ ဝင်ခဲ့သည်

မြင့်စိုး (နတလ)

သီချင်းလေးတစ်ပုဒ်မှ အစပြု၍ သီချင်းအမည်က “မြန်မာ့စိတ်ဓာတ်”၊ တေးရေးလက်ရာရှင်က

“သင့်ရဲဘော်”၊ တေးရေးသင့်ရဲဘော်သည် အခြားသူမဟုတ်ပါ။ တပ်မတော်သား ဘဝက ကျွန်တော်တို့ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ နယ်ဘက်ဝန်ထမ်းဘဝတွင် ထပ်မံရေစက်ဆုံခဲ့သော နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးဒုတိယ ဗိုလ်ချုပ်ကြီးမောင်သင့် ဖြစ်ပါသည်။ သီဆိုခဲ့သည့်တေးသံရှင်က ရဲဘော် နိုင်ဝင်း၊

* ဒီမြေဟာ ငါတို့မြေ ..

မြန်မာဘိုးဘွားတို့မြေ ...

ဒီမြေဟာ ငါတို့မြေ ...

မြန်မာပိုင် ဘိုးဘွားတို့အမွေ

မြန်မာ့စိတ်ထားကို ကမ္ဘာသိစေမည်

 မြန်မာ့စိတ်ဓာတ်ကို ကမ္ဘာအနှံ့ပြမည်

မျိုးချစ်စိတ် အသင့်ရှိသည် ...

* စီးပွားရေးပိတ်ဆို့တာ တို့မမှုပါ သယံဇာတတွေ ပေါတဲ့မြေ ...

တို့ရဲ့ လုပ်သလို တိုးတက်မည် ... တကယ်ကိုလုပ်တော့ အဟုတ်ဖြစ်မည်

…………………….

သီချင်းစာသားက အားလုံး ခြောက်ပိုဒ်၊ အဘသင့်က နေတော့သာ ခပ်အေးအေး၊ ရေးထားသည့် စာလုံးတိုင်းမှာ အားရှိသည်။ မာန်ရှိသည်။ သီဆိုသူကလည်း ရဲဘော်နိုင်ဝင်းတည်းဟူသော တပ်မတော်သားတစ်ဦး၊ တီးဝိုင်းသည် ပင်လျှင်အဘသင့် တိုင်းမှူးဘဝက ထူထောင်ပေးခဲ့သည့် မောကိန္ဒရီတီးဝိုင်း ဖြစ်မည်ထင်ပါသည်။ မြန်မာ့စိတ်ဓာတ် သီချင်းသည် ၁၉၉၀ ပြည့်လွန်နှစ်များ ၌ဆယ်စုနှစ်တစ်ခုမက လွင့်ပျံ့ခဲ့သော၊ ရှင်းလင်းပြတ်သားစွာ ရပ်တည်ခဲ့သည့် နိုင်ငံ့ပုံရိပ်ကို ထင်ဟပ်စေသော သီချင်း ဖြစ်ခဲ့သလို တော်လောက်ပါပြီ ကိုသင့် ရယ်ဟု လူကြီးတစ်ယောက်က တားယူရသည်အထိ မကြာခဏ ထုတ်လွှင့်ခဲ့သော သီချင်းတစ်ပုဒ်လည်း ဖြစ်ခဲ့သည်။ သည်အကြောင်းများကို စီကာ စဉ်ကာ ပြန်လည်တွေး တောနေမိသည့် နေရာက လားရှိုးမြို့၏ ရိပ်သာတစ်ခုမှာ၊ ထိုနေရာကနေလှမ်းကြည့်လျှင်လားရှိုး တက္ကသိုလ်ကြီးကို မြင်နေရသည်။ တက္ကသိုလ်အဆင့် မရောက်မီ ၁၉၇၈ ခုနှစ်၌ ရှမ်းပြည်နယ် ဒေသကောလိပ် ဖြစ်ခဲ့သည်။ ထိုမှ ၁၉၈၀ ပြည့်နှစ်တွင် လားရှိုးကောလိပ်အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် ဒီဂရီကောလိပ် ဖြစ်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် တက္ကသိုလ် အဆင့် တိုးမြှင့်ဖွင့်လှစ်ခဲ့ကာ လက်ရှိ ပါမောက္ခချုပ်မှာ ဒေါက်တာဌေးအောင် ဖြစ်ကြောင်းလည်း သိခွင့်ရခဲ့သည်။ လားရှိုးကောလိပ် ဘဝကကျောင်းဆောင် တစ်ခုကို နယ်စပ်/ စည်ပင်ဝန်ကြီးအနေဖြင့် အဘသင့် ဖွင့်လှစ်ပေးခဲ့ဖူးကြောင်း ပြန်လည်ကောင်းကောင်းမှတ်မိနေ၍ အတွေးဝင်နေခြင်းဖြစ်ပါလိမ့် မည်။ တွက်စစ်ကြည့်လိုက်သောအခါ လားရှိုးအပါအဝင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများနှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတို့သို့နောက်ဆုံးရောက်ရှိခဲ့သည်က ၂၀၁၇ ခုနှစ်ဖြစ်၍ ခြောက်နှစ်ကြီးများတောင် ကြာခဲ့ပါပကောလား။

ရိုသေလေးစားရပါသော ကျွန်တော်တို့ အဘသင့်သည်ပင်လျှင် လူ့ဘဝ၊ လူ့လောကကြီးထဲတွင် မရှိတော့ပြီ။ သူ တိုင်းမှူးဘဝ၊ ရမခနှင့် မောကိန္ဒရီတီးဝိုင်း သည် ခွဲခြား၍မရသလို ရမခရိပ်သာ မြက်ခင်းပြင်ကိုလည်း ငြိမ်းချမ်းရေးပန်းရနံ့များဖြင့် ထုံမွမ်းပျံ့သင်းစေခဲ့သည်။ တပ်မတော်အစိုးရ လက်ထက် ၁၉၈၉ ခုနှစ်အတွင်း၌ တရားဥပဒေ ဘောင်အတွင်း ဝင်ရောက်ခဲ့ကြသည့် ကိုးကန့်အထူးဒေသ(၁)၊ ၀’အထူး ရှမ်းအထူးဒေသ(၃)တို့မှ ဒေသ(၂)၊ တိုင်းရင်းသားခေါင်း ဆောင်များ၊ ၁၉၉၁ ခုနှစ်တွင် တရားဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့သော PSLA အဖွဲ့၊ KDA (ကောင်းခါး) အဖွဲ့တို့မှ တိုင်းရင်းသား ခေါင်းဆောင်များ အားလုံးတို့သည် ထိုမြက်ခင်းပြင်သို့ စုဝေးရောက်ရှိခဲ့ကြဖူးသည်။ ငြိမ်းချမ်းရေးတွဲလက်များကို ခိုင်မြဲအောင်  စည်းနှောင်ပေးခဲ့သော နေရာတစ်ခုဖြစ်ခဲ့ဖူးသည်။ ထိုအချိန်ကညစာဖြင့် တည်ခင်းဧည့်ခံခဲ့သော ပွဲတိုင်းမှာ မောကိန္ဒရီအဖွဲ့၏ တေးသံသာများကို ကြားခဲ့ရသည်။ သတိရလိုက်ပါဘိတော့။

မှန်းလို့သာရည် တန့်ယန်းမြို့လေးဆီ

ခရီးစဉ်မှာ မိုင်းရယ်နှင့် တန့်ယန်း မြို့တို့သို့ နေ့ချင်းပြန် ဆွဲထားသော်ငြားလည်းအကြောင်း အားလျော်စွာမရောက် ဖြစ်တော့ပါ။ ကျွန်တော် နောက်ဆုံး ရောက်ခဲ့သည်မှာ နတလ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဘဝဖြင့် ၂၀၁၇ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် သွားခဲ့သည့် ခရီးစဉ်ဖြစ်သည်။ သံလွင်အရှေ့ခြမ်းတွင် သီတင်းသုံးနေကြသော သံဃာတော်များအတွက် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင် အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏ အစီအစဉ်ဖြင့်ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းလာခဲ့ရာ အကြိမ် (၂၀)မြောက် ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့၌ ကျင်းပပြုလုပ်မည်ဖြစ်၍ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် (ကိုယ်စား) ကျွန်တော်သွားရောက်ခဲ့ခြင်း ဖြစ်သည်။ ရှမ်းပြည် နယ်အစိုးရအဖွဲ့မှ ဗမာတိုင်းရင်းသား ဝန်ကြီး ဒေါက်တာအောင်သန်းမောင် တက်ရောက်ခဲ့ပါသည်။ သို့ဂလို တာဝန်ဖြင့် သွားခဲ့ရသည်ဆိုသော်ငြားလည်းတန့်ယန်းမြို့ လေးသည် ကျွန်တော်နှင့် မစိမ်းခဲ့ပါ။ ၁၉၈၃ ခုနှစ် သံလွင်အရှေ့ ခြမ်းက လွယ်ပန်လုံစခန်း ကုန်းများကို တပ်မ ၆၆ တပ်ရင်းများ၊ ရမခတပ်ရင်း များက တိုက်နေချိန်၊ ကျွန်တော်တို့ တပ်မ ၅၅ တပ်ရင်းက သံလွင်အနောက် ခြမ်းမှာ စခန်းထိန်း၊ လမ်းထိန်း၊ ကမ်းထိန်းတာဝန်ကို ယူရင်းစတင် ရောက်ဖူးခဲ့ခြင်းဖြစ်သည်။ တန့်ယန်းနှင့် ရေစက်တွေမကုန်နိုင်အောင် ဆုံလိုက်ကြပုံ များ ၁၉၈၈ ခုနှစ်တွင် ထိုမြို့က ခလရ ၃၃တပ်ရင်းသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရပြီး ၁၉၉၁ ခုနှစ်အထိ တန့်ယန်းသားလုပ်ခဲ့ရသည်။ ဆိုရသော် ... ဤမြို့သေးသေးလေးနှင့် လွယ်အင်၊ နမ့်ပေါင်၊ မိုင်းကောင်၊ ဆယ်ဟီကတောင်၊ လွယ်ဆေး၊ နောင်ဖာ၊ နောင်လိုင်၊ နမ့်မူဆယ်ဒေသ များတွင် ကျွန်တော် ပျော်မွေ့ခဲ့ဖူးသည်။

သွားဖြစ်ခဲ့ပါမူ ရှေးဦးစွာ ကိုင်းကုန်း ပရိယတ္တိစာသင်တိုက် ဆရာတော်ကြီး ဂန္ထဝါစကပဏ္ဍိတ၊ မဟာသဒ္ဓမ္မဇောတိ ကဓဇ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကုသလအား သွားရောက်ဖူးမြော် မည်။ပြီးလျှင် ဆရာတော်ကြီး အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝဏ္ဏဓဇပျံလွန်တော် မူသွားခဲ့ပြီဖြစ်သော ဝေဠုဝန်ပရိယတ္တိစာသင်တိုက်ကိုသွားမည်။ အလားတူ သီလရှင်ဆရာကြီး မဟာဂန္ထဝါစကပဏ္ဍိတ၊ သဒ္ဓမ္မဇောတိကဓဇ ပညာစာရီ မရှိတော့သည့် ရွှေမောင်း သီလရှင် စာသင်တိုက်သို့လည်းဝင်ရောက်ဦးခိုက်လိုက်ဦးမည်။ ယင်းနောက်မှ တန့်ယန်းမြို့တွင် မိမိတို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက ဆောင်ရွက်ပေးရမည့်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက်ဌာနဆိုင်ရာများနှင့် တွေ့ဆုံညှိနှိုင်းမည်။ ရောက်တုန်းရောက်ခိုက်မှာလူငယ် သင်တန်းကျောင်းလေးရှိရာသို့လည်း အပြေးအလွှားသွားရောက်ရန် စိတ်ကူး ထားလိုက်သေး၏။ ဒါတင်ပဲလားဆိုတော့မဟုတ်သေးပါ။ လွန်ခဲ့သော ၃၅ နှစ်ခန့်ကတည်းက ခင်မင်ရင်းနှီးခဲ့ကြသော ကျွန်တော့် မိတ်ဆွေများဖြစ်သည့် ကိုအောင်စန်း၊ ကိုဝင်းဇော်ဦး၊ ကိုကျော်ချစ်မောင်တို့ အတွက်လည်း လက်ဆောင်များယူသွား ဦးမည်ပေါ့။ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောဘိုးသာနှင့် မကြာခဏသွားခဲ့ဖူးသည့် မိုင်းရယ်မြို့လေးကိုတော့ တန့်ယန်း အပြန် ဝင်ဖြစ်အောင်ဝင်မည်။ မိမိဝန်ထမ်းများနှင့်တွေ့ဆုံမည်၊ ဒေသဖွံ့ဖြိုးရေးအတွက်လည်း ညှိနှိုင်းဆောင်ရွက်ကြမည်။ သို့သော်.. စိတ်ကူး နှင့်သာ မှန်းမျှော်၍ လွမ်းလိုက်ရပါသည့် တန့်ယန်းမြို့လေးရေ။ စောင့်ပေဦးတော့။

ဦးခိုက်ဖူးမြော် မန်ဆူဆရာတော်

လားရှိုးမြို့နှင့် ပတ်ဝန်းကျင် တစ်ဝိုက်မှာ လုပ်စရာရှိသည်များ ခဏထား၊ မဖြစ်မနေသွားရမှာက မန်ဆူကျောင်းဟု ... ကျွန်တော့်အာရုံထဲတွင်ပေါ် နေလေတော့ရာ ယင်းကျောင်းတိုက်သို့သွား၍ ဆရာတော်ကြီး အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဋ္ဌာနာ စရိယဒေါက်တာဘ ဒ္ဒန္တပုညနန္ဒအား ဖူးမြော်ကန်တော့ခဲ့ကြသည်။ ရခိုင်ပြည်နယ်အတွင်း၌ မိုခါမုန်တိုင်း မတိုက် ခတ်မီအချိန် ပထမတစ်ခေါက်သွားစဉ်က ဆရာတော်ကြီးအား စစ်တွေလေဆိပ်တွင် ဖူးမြော်ခွင့်ရခဲ့သည်။ ဒုတိယအကြိမ် က နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်ကြီး၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင်ဖြစ်သည်။ ယခုပြီးခဲ့သည့် ဩဂုတ် လ ၁၆ ရက်နေ့ လားရှိုးမြို့ ခရီးစဉ်မှာ တတိယအကြိမ် သွားရောက်ဖူးမြော်ခဲ့ ၌တံတားဦးအပြည်ဆိုင်ရာလေဆိပ် မှထွက်ခွာခဲ့သော လေယာဉ်သည် ပျံသန်းချိန် ၄၅ မိနစ်ခန့်တွင် လားရှိုးလေဆိပ် သို့ ဆိုက်ရောက် ခဲ့သည်။ မရောက်သည် ကြာပြီဖြစ်သလို လေယာဉ်ခရီးမသွား ဖြစ်ခဲ့သည်မှာလည်း အတော်ကြာခဲ့ပြီပင်။ သို့သော် လားရှိုးလေဆိပ်ကို တက်ဆင်းပြုလုပ်တိုင်းပတ်ဝန်းကျင် အမြင့်ဆုံးဖြစ်နေသည့် ဆင်တောင် ကိုဖျတ်ခနဲအမှတ်ရပြီး ငုံ့ကြည့်လိုက်မိသည်။ တွေ့လိုက်ပါပြီ ဆင်တောင်ကို၊ တောင်ကြီးဖဝါးအောက်၊ တောင်မြင့် သော်လည်း လေယာဉ်အောက်ပါတကား။ လေဆိပ်တွင် လာကြိုသူများကိုနှုတ်ဆက်၍ လားရှိုးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနရုံးသို့ ဆက်လက်ထွက်ခွာကာ မိမိတို့ဝန်ကြီးဌာနအောက်ဦးစီးဌာနလေးခုမှ ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပါသည်။ ဘယ်ပြည်နယ်၊ ဘယ်တိုင်းဒေသကြီး ကိုပဲရောက်ရောက် ဝန်ထမ်းများနှင့်တွေ့ဆုံနိုင်ရန်ကို ကျွန်တော်အထူးအလေးထား ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များ၊ နိုင်ငံမှာအကောင်အထည်ဖော် ဆောင်ရွက်နေ သည့် စီမံကိန်းလုပ်ငန်းများကို သိစေချင်သည်။ မိမိတို့ဝန်ကြီး ဌာန၏မူဝါဒ၊ လုပ်ငန်းစဉ် များကိုလည်းသဘောပေါက် နားလည်စေချင်သည်။

အထူးသဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်းများတွင် ဦးစီးဌာနအလိုက် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်၊ အထက်အောက် အပြန်အလှန်လေးစားမှု၊ ကူညီစောင့်ရှောက်မှုတို့ဖြင့် ဌာနတွင်း လုပ်သက်အမှတ်များအတွက် တန်းစီဇယားထိပ်သို့ ရောက်ရှိအောင် ကြိုးစားကြရန်၊ ပုံမှန်ရုံးတက်ရုံးဆင်းလိုက်၊ ဖေ့စ်ဘွတ်ကြည့်လိုက်ဖြင့် တစ်နေကုန် အချိန်ဖြုန်းမနေဘဲအခြားဝန်ကြီးဌာနက ခေါ်ယူသော တစ်ဆင့်မြင့် ရာထူးနေရာများ၊ ဝန်ကြီးဌာနက ခွဲဝေရရှိသည့် နိုင်ငံခြားပညာတော်သင်ဆုများအတွက် သတ်မှတ်အရည် အချင်းကိုက်ညီပြည့်မီသော ဝန်ထမ်းများ အနေဖြင့် ဝင်ရောက် ဖြေဆိုကြရန်၊ ထိုသို့ ယှဉ်ပြိုင်ဖြေဆိုနိုင်ရေးအတွက် အချိန်ကို အကျိုးရှိရှိအသုံးချပြီး ကြိုးစားအား ထုတ်ကြရန်တို့ပင် ဖြစ်ပါသည်။ အမှန်တကယ်လည်း သူတို့ဘဝတွေ မြင့်မားတိုးတက်စေချင် ထည့်ဝင်ငွေကျပ် ၄၄ ဒသမ ၉၈ သိန်း၊ စုစုပေါင်း ၁၄၄ ဒသမ ၉၈ သိန်းဖြင့် ဆောက်လုပ်ထားသော ကျေးရွာခန်းမ ကြီးထဲမှာရွာသူရွာသားများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး၊ တည်ငြိမ်အေးချမ်းရေးတို့အတွက် ညှိနှိုင်းဆွေးနွေး မှာကြားဖြစ်ခဲ့သည်။ နမ့်စံလွယ် ပလောင် တိုင်းရင်းသားများသည် ခေသူများ မဟုတ်ကြပါ။ မိမိတို့ဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ပေး နေသော စံပြကျေးရွာ (SMART Village) စီမံကိန်းများအကြောင်း နားလည်သိရှိထားပြီး နမ့်စံလွယ်ကျေးရွာကို စံပြကျေးရွာအဖြစ် သတ်မှတ် ဆောင်ရွက်ပေးရေး၊ ကုန်ထုတ်လမ်းများ ခွင့်ပြုပေးရေး တင်ပြတောင်းခံလာရာ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

သမကျေးလက် ပြည်သူ့အတွက်

 နမ့်စံလွယ်ကျေးရွာမှ.. မန်အိုင် ကျေးရွာသို့ကူးခဲ့သည်။ မန်အိုင်ကျေးရွာ တွင် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနက သင်တန်းဖွင့်လှစ်၍ သင်ကြားပေးခဲ့သော နည်းပညာဖြင့် သင်တန်းသား သင်တန်းသူ ခြောက်ဦးစုပေါင်းလုပ်ကိုင်နေကြသော ဆပ်ပြာရည်အမျိုးမျိုး ထုတ်လုပ်ရောင်းချ နေသည့်လုပ်ငန်းကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ နေရာအဆောက် အအုံနှင့်ထုတ်လုပ်ရောင်းချနေသည့် ကုန်ပစ္စည်းများမှအစ သေသပ်ကောင်းမွန်စွာ စနစ်တကျရှိနေပါသည်။ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီး ဌာနသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစ၍ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် ကျေးရွာပေါင်း ၁၅၅ ရွာ ရွေးချယ် ကာ ကျေးရွာတစ်ရွာလျှင် ခွင့်ပြုရန်ပုံငွေကျပ် သိန်း ၁၀၀ ဖြင့် အသေးစားကုန် ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင် ငွေတိုးရေး စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ သတ်မှတ်သင်တန်း ကာလအတွင်း၌ အခြေခံ၊ အဆင့်မြင့် စက်ချုပ်သင်တန်းများ၊ မော်တော်ဆိုင်ကယ် ပြုပြင်နည်း သင်တန်းများ၊ စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင် တန်းများ၊ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာများ၊ သင်တန်းများ၊ ဝါးလက်မှုထည် သင်တန်း သစ်အခြေခံပရိဘောဂသင်တန်းများ၊ လက်ရက်ကန်းသင်တန်းများနှင့် ဖယောင်းတိုင်ထုတ်လုပ်မှု နည်းပညာ သင်တန်းများအပါအဝင် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းဆိုင်ရာများ၊ မွမ်းမံသင်တန်းများ ဖွင့်လှစ် သင်ကြားပေးပြီး သင်တန်းပြီးဆုံးပါကသင်တန်း သင်တန်းသားများထဲမှ ထူးချွန်သင်တန်းသား ငါးဦးရွေးချယ်ကာ ကိုယ်ပိုင်လုပ်ငန်း ထူထောင်လုပ်ကို င်နိုင်ရေးကျပ် ၁၀ သိန်းစီနှင့်ညီမျှသော လုပ်ငန်းအထောက်အကူပြု ပစ္စည်းများအား ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ ပံ့ပိုးပေးအပ်ခဲ့သည်။ ဘဏ္ဍာနှစ် ကုန်ဆုံးချိန်တွင် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းလုပ်ကိုင်နိုင်မည့် လုပ်ငန်းရှင် ၇၇၅ ဦး ပေါ်ထွက်လာမည်ဖြစ်ပါသည်။

လားရှိုးလူငယ်သင်တန်းကျောင်း

လားရှိုးမြို့သို့ ရောက်တုန်းရောက်ခိုက် တစ်ချိန်က မိမိတာဝန်ထမ်းဆောင်ခဲ့ဖူးသော နယ်စပ်ရေး ရာဝန်ကြီးဌာနအောက်ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း သို့လည်း အချိန်ပေးဝင်ရောက်ခဲ့ပြီး ကျောင်းသားကျောင်းသူများကို တွေ့ဆုံကာပြည်ထောင်စု စိတ်ဓာတ် ရှင်သန်ထက်မြက်သော လူငယ်လူရွယ်များဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းမှာ ကြား၍ စားရိပ်သာအတွက် ငွေကျပ် သုံးသိန်း ပေးအပ်ခဲ့ပါသည်။

 လားရှိုးမှသည် ရွှေမန်းဆီသို့

ဩဂုတ်လ ၁၆ ရက်နေ့ လားရှိုးမှ ထွက်ခွာမည့် လေယာဉ်ချိန်စောခဲ့ပါမူ မန္တလေးတွင် ညအိပ်ရန် မလိုဘဲနေပြည်တော်သို့ ပြန်လည်ဝင်ရောက်နိုင် မည်ဖြစ်သည်။ သို့သော်လေယာဉ်က ညနေပိုင်းမှ ထွက်ခွာသောအခါ မြို့ရွှေ မန္တလာတွင် တစ်ညအိပ်ပြီး နောက်တစ်နေ့ ပုသိမ်ကြီးနှင့် ကျောက်ဆည် ဒေသတွင် မိုးစပါးစိုက်သမဝါယမအသင်းများ ဖွဲ့စည်းစိုက်ပျိုးနေမှုကို သွားရောက် ကြည့်ရှုအားပေးခဲ့ပါသည်။ ဩဂုတ်လ ၁၇ ရက်နေ့ နံနက်ပိုင်း၌ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အတွင်းရှိ မန်းတောင်ရိပ်မျိုးစေ့ထုတ် သမဝါယမအသင်း၏ မျိုးစေ့ထုတ် စိုက်ခင်းသို့ ရောက်ရှိခဲ့သည်။ ထိုမှတစ်ဆင့် မနောယျမကျေးရွာသို့ သွားရောက်ကာ အသင်းသားတောင်သူများဖြစ်ကြသော ဦးစိုးတင့်နှင့်ဦးဖိုးကျော်တို့၏ လယ်များကို သွားရောက်ကြည့်ရှု အားပေးခဲ့ပါသည်။ မဂျမ်းတောစပါး မျိုးဖြင့် ယမန်နှစ်က တစ်ဧက တင်း ၈၀ ထွက်ရှိအောင် စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။ ယင်းနောက် ရွာသစ်ကျေးရွာ ပုဗ္ဗာရာမ ဘုန်းတော်ကြီးကျောင်းတွင် အသင်းသားတောင်သူများ၊ ရွာသူရွာသားများနှင့်တွေ့ဆုံ၍ အထွက်တိုး စပါးမျိုးများစိုက်ပျိုးရန်၊ ပန်းတိုင်အထွက်နှုန်း ရရှိအောင် ကြိုးပမ်းဆောင် ရွက်ရန်တို့ကိုတိုက်တွန်းမှာကြား ကာသဘာဝမြေဩဇာများကို ပါအသုံးပြုရေး၊ လယ်ယာမြေများ အကြောင်းအမျိုးမျိုးဖြင့် လျော့ပါးမသွားစေရေးတို့အတွက်လည်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ စိုက်ပျိုးရေးလုပ်ငန်းများအပြင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တင်ပြချက်များကိုပါညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။

သမဝါယမကောလိပ်(မန္တလေး)

ပုသိမ်ကြီးမြို့နယ်ထဲကို ရောက်နေမှဖြင့် သမဝါယမကောလိပ်(မန္တလေး) ဆိုသည်မှာ ခရီးမဝေး တော့ပါ။ တစ်ချိန်မှာ နိုင်ငံတော်ကအားထားရသော စီးပွားရေးပညာရှင်များ မွေးထုတ်ပေးရန်၊ စာပေသင်ကြားရေးသာမက မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ် ရှင်သန်ထက်မြက်သောလူငယ် လူရွယ်များဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးကြရန် ကျောင်းအုပ်ကြီး ဒေါက်တာတင်မူအေးနှင့် ဆရာ ဆရာမများကိုမှာကြားပြီး ကျောင်းသား ကျောင်းသူ လေးများကို တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။ ထမင်းစားချိန်နှင့်လည်း ကြုံကြိုက်နေ၍ ၎င်းတို့၏ စားရိပ်သာကိုပါကြည့်ရှုခဲ့သည်။ ကောလိပ်စာကြည့်တိုက်သို့လည်း သွားရောက်ကြည့်ရှုလေ့လာခဲ့ပြီး စာအုပ်စာစောင်များ ထပ်မံဖြည့် တင်းပေးနိုင်ရန် စိတ်ကူးရရှိခဲ့၏။ ကျောင်းသား ကျောင်းသူလူငယ်လူရွယ်များ အနေဖြင့်စာအုပ်များကြားမှာ ပျော်မွေ့စေချင်ပါသည်။ သမဝါယမကောလိပ်(မန္တလေး) ၏ ပထမနှစ် ကျောင်းသူလေး များအား စနေ၊ တနင်္ဂနွေကျောင်းပိတ်ရက်များတွင် အခြေခံစက် ချုပ်သင်တန်းဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ လိုလိုလားလား တက်ရောက်သင်ယူနေကြကြောင်းသိရ၍ သူတို့လေးတွေ၏စိတ်အားထက်သန်မှုအတွက် အံ့ဩဝမ်းသာမိပါသည်။

အောင်တော် မူစေတီဖူး၍ ပြန်ခဲ့သည်

ခရီးစဉ်အရ ပုသိမ်ကြီးမှ စဉ့်ကိုင်မြို့နယ် သမဝါယမ အသင်းစုပိုင်ဆန်စက်သို့လည်းကောင်း၊ ထိုမှ ကျောက်ဆည်မြို့နယ် ၊ အင်တိုင်းကျေးရွာ တွင်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနက ဖွင့်လှစ်သင်ကြားပေးနေသော အခြေခံစက်ချုပ်နည်း သင်တန်းသို့လည်းကောင်း၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနတွင်လုပ်ငန်း မှတ်ပုံတင်ကာ ... နွားနို့နှင့် ဒိန်ချဉ် ...ထုတ်လုပ်နေသော ဒီနေလင်း ဒိန်ချဉ်လုပ်ငန်းသို့လည်းကောင်း သွားရောက် ကြည့်ရှုအားပေး ခဲ့ပါသည်။ ဆက်လက်၍ ပတ္တာကျေးရွာ စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမ အသင်းသား တောင်သူ ဦးဝင်းမြင့်နောင်၏ လယ်မြေ ၁၅ ဧက၊ တောင်သူဦးငြိမ်း၏ လယ်မြေ ၁၀ ဧကတို့တွင် ဧရာပဒေသာစပါးမျိုး စိုက်ပျိုးထားမှုကို ကြည့်ရှုအားပေးခဲ့သည်။ ထိုမှ ရှမ်းရွာကြီးကျေးရွာသို့ ကူးကာအရှေ့ရွာနန်းနှင့် တောင်ပလူ စိုက်ပျိုးရေးသမဝါယမ အသင်းသား တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးစိုက်ပျိုးရေး လုပ်ငန်းများ အောင်မြင်ရန်ညှိနှိုင်းဆောင်ရွက် ခဲ့ပါသည်။ ကျောက်ဆည်မြို့သို့ ရောက်ရှိစဉ်ကျွန်တော် တပ်မတော်သားဘဝစတင် တာဝန်ထမ်းဆောင် ခဲ့သောမိခင်တပ်ရင်း သို့ခေတ္တဝင်ရောက်ကာ ရိပ်သာအနီးတွင် တည်ထားသော အောင်တော်မူစေတီကို ဖူးမြော်၍ဘုရားအတွက် အလှူငွေကျပ်သုံးသိန်း လှူဒါန်းပြီး တပ်ရင်းမှ အိမ်ထောင်သည် ရဲမေများအတွက်ငွေကျပ် ခုနစ်သိန်း ပေးအပ်ခဲ့ပါသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ကျော်က ထုံးသင်္ကန်းဖွေးဖွေးနှင့် အောင်တော်မူ စေတီကို ရွှေသင်္ကန်းတဝင်းဝင်းနှင့် ထပ်မံဖူးတွေ့ခွင့်ရခဲ့သည်။ ကျွန်တော်၏ နေပြည်တော် အပြန်ခရီးသည် လွန်ခဲ့သော နှစ်များစွာက ကျောက်ဆည်ဒေသ ပုံရိပ်များဖြင့် တွဲခိုလျက် . . . . ။။