နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သတင်း

Post date: 07/02/2020 - 17:36

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  အားလုံးပူးပေါင်းပြီး Covid ကို အပြီးအပြတ် အနိုင်ယူနိုင်ဖို့ ဇွဲ၊ လုံ့လတွေ ထုတ်ကြရအောင်ဟု  ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာမှ ယနေ့တွင်  ရေးသား ဖော်ပြ ထားသည်။

Post date: 07/01/2020 - 20:17

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Covid ရဲ့ပိတ်ပင်မှုတွေနဲ့ နေနေရတဲ့ကာလအတွင်းမှာ ကိုယ့်အိမ်ထဲမှာနေရင်း ကမ္ဘာသစ်တွေလည်း ကြည့်နိုင်ရင် မကောင်းဘူးလား ဟု ၎င်း၏ ဖေ့စ်ဘွတ် စာမျက်နှာမှ ယနေ့တွင် ရေးသားဖော်ပြထားသည်။

Post date: 06/30/2020 - 18:07

Coronavirus Disease 2019(COVID-19)ကာကွယ်၊ထိန်းချုပ်၊ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် COVID -19 ကူးစက်ဖြစ်ပွားမှုအခြေအနေများနှင့် စပ်လျဉ်း၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်အေးနှင့် ဘားအံပြည်သူ့ဆေးရုံ အထူးကုဆရာဝန်ကြီး (ဆေးပညာ) ဒေါက်တာချိုချိုစန်းထူးတို့နှင့် ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ချိန်ဆက်တွေ့ဆုံ၍ လက်တွေ့အခြေအနေများကို အပြန်အလှန် ဆွေးနွေးသည်။

Post date: 06/28/2020 - 08:36

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Covid ရောဂါကို ရင်ဆိုင်ကိုင်တွယ်ရာမှာ မိမိတို့နိုင်ငံ မျက်နှာမငယ်ရပါကြောင်း၊ ဒီဒေသရဲ့ အချမ်းသာဆုံးစာရင်းဝင်နိုင်ငံ မဟုတ်ပေမဲ့ စိန်ခေါ်မှု တွေကို အခုအထိ ပီပြင်စွာရင်ဆိုင်နိုင်ပါကြောင်း ၎င်း၏ဖေ့စ်ဘွတ်စာမျက်နှာမှ ယနေ့တွင် ရေးသား ဖော်ပြထားသည်။
 

Post date: 06/26/2020 - 20:12

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၈ နာရီတွင် video conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည့် (၃၆)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး၏ ဖွင့်ပွဲအခမ်းအနား၊ (၃၆)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဒစ်ဂျစ်တယ်ခေတ်တွင် အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ အာဆီယံခေါင်း ဆောင်များ၏ အထူးအစည်းအဝေး တို့သို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက်သည်။

Post date: 06/23/2020 - 18:50

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် COVID -19 နှင့် ကုန်သွယ်ရေးကဏ္ဍအပေါ် သက်ရောက်မှုများနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်ထူး၊ ပြည်တွင်းကုန်သွယ်မှု Supply Chain တွင် ပါဝင်ဆောင်ရွက်နေသော City Mart Managing Director ဒေါ်ဝင်းဝင်းတင့်နှင့် သဘာဝမန်းကျည်းနှင့် ဇီးဖျော်ရည်၊ ပဲကြော်နှင့် ပုန်းရည်ကြီး ထုတ်လုပ် ဖြန့်ဖြူးနေသည့် SME လုပ်ငန်းရှင် ဒေါ်သက်စုဌေးတို့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံ၍ လက်တွေ့အခြေအနေများကို အပြန်အလှန်ဆွေးနွေးသည်။

Post date: 06/22/2020 - 18:15

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Covid ကာလမှာ အခက်အခဲ ကျော်လွှားနည်းကောင်းတွေ၊ ပြင်ပကမ္ဘာကြီးနဲ့ခြားပြီး အိမ်တွင်းမှာပဲ နေရချိန်တွေကို တန်ဖိုးရှိရှိ သုံးစွဲနည်းတွေ တွေ့ရှိထားရင် မျှဝေကြပါဟု   ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာမှ ယနေ့တွင်   ရေးသားဖော်ပြထားသည်။

Post date: 06/20/2020 - 19:59

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံအတွက် အားလုံးအတူ ကြိုးစားပြီး Covid သာမက အခြားကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေ မှန်သမျှကို ကျော်လွှားနိုင်ကြပါစေဟု ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာမှ ယနေ့တွင် သတင်းစကားပါး ရေးသားထားသည်။

Post date: 06/19/2020 - 18:43

ယနေ့တွင် ကျရောက်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၅) နှစ်ပြည့် စိန်ရတုမွေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် မြန်မာအမျိုးသမီးပန်းချီပညာရှင်   ၇၅ ဦးတို့ စုပေါင်းရေးဆွဲ ဂုဏ်ပြုသော “75 for 75th” အွန်လိုင်းပန်းချီပြပွဲကို အမျိုးသား ပြတိုက်(ရန်ကုန်)က ယနေ့မှစတင်၍ အွန်လိုင်း၌လွှင့်တင် ပြသလျက်ရှိကြောင်း သိရသည်။

Post date: 06/18/2020 - 20:18

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် COVID -19 နှင့် လယ်ယာစိုက်ပျိုးရေး ကဏ္ဍအပေါ် သက်ရောက်မှုများနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ ဧရာဝတီတိုင်းဒေသကြီးမှ ထူးချွန်ဆုရ တောင်သူလယ်သမား ဒေါ်ကျင်ဆိုင်တို့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေး ခန်းမ၌ Video Conferencing စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံ၍ လက်တွေ့အခြေအနေများကို အပြန်အလှန် ဆွေးနွေးသည်။

Pages