Skip to main content

ရာပြည့်အမှတ်သညာပွဲ‌တော် ရုပ်သံလိုင်းများမှ တင်ဆက်ပြသမည်

ရန်ကုန်တက္ကသိုလ် သမိုင်းဌာနနှင့် ပန်းဆိုးတန်းပန်းချီပြခန်းတို့ ပူး‌ပေါင်း ကျင်းပမည့် ရာပြည့်အမှတ်သညာ ပွဲ‌တော်ကို ရုပ်သံလိုင်းများမှ တင်ဆက် ပြသမည်ဖြစ်ကြောင်း ရန်ကုန် တက္ကသိုလ်သမိုင်းဌာနမှ သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ဗီယက်နမ်နိုင်ငံသံရုံးနှင့် ဗီယက်နမ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များက အလှူငွေ၊ Masks၊ Thermo meters နှင့် လက်သန့်ဆေးရည်ဘူးများ ပေးအပ်လှူဒါန်း

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံရုံးနှင့် မြန်မာနိုင်ငံအခြေစိုက် ဗီယက်နမ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များက အလှူငွေ၊ Masks၊ Thermo meters နှင့် လက်သန့်ဆေးရည်ဘူးများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်း အမှတ်(၅)ရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

Oxygen Donors & Volunteers လူမှုကူညီရေးအဖွဲ့က ကိုဗစ် - ၁၉ ရောဂါ ကုသရေးဌာနများသို့ အလှူငွေနှင့် ကုသရေးပစ္စည်းများ ပေးအပ်လှူဒါန်း

Oxygen Donors & Volunteers လူမှုကူညီရေးအဖွဲ့က ကိုဗစ် - ၁၉ ရောဂါ ကုသရေးဌာနများသို့ ငွေကျပ်သိန်း ၁၃၄၃၀ နှင့် နှလုံးခုန်စက် ငါးလုံး၊ အောက်ဆီဂျင်စက် ၁၁၇ လုံး ပေးအပ်လှူဒါန်း ခြင်းကို ယနေ့မွန်းလွဲ ၂ နာရီက သင်္ဃန်း ကျွန်းမြို့နယ် သုဝဏ္ဏဘူမိ Event Park ရှိ Oxygen Donors & Volunteers လူမှုကူညီရေးအဖွဲ့ရုံး၌ ကျင်းပသည်။

ဗဟိုဘဏ်ကဆောင်ရွက်သည့် ငွေပေးချေမှုစနစ်သစ်ကို နိုဝင်ဘာ ၁၆ ရက်တွင် စတင်အသုံးပြု

ရန်ကုန် နိုဝင်ဘာ ၂၀

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဆောင်ရွက်လျက်ရှိသည့် ငွေပေးချေမှုစနစ်အသစ်ဖြစ်သော New Payment and Settlement System (CBM-Net2) ကို နိုဝင်ဘာ ၁၆ ရက် မှစတင်၍ အသုံးပြုလျက်ရှိ ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)၏ ထုတ်ပြန်မှုအရ သိရသည်။

မဲခေါင်မြစ်အောက်ပိုင်း ငါးတက်ဆင်းလမ်း ကနဦးအစီအမံများ အပိုင်း(၁) ဆွေးနွေးပွဲ ကျင်းပ

ငါးလုပ်ငန်းဦးစီးဌာနသည် မြန်မာနိုင်ငံ၏ ပထမဆုံး ငါးတက်ဆင်းလမ်း တည်ဆောက်ရန်အတွက် မဲခေါင်မြစ်ဝှမ်းအောက်ပိုင်း နိုင်ငံများအဖွဲ့၏အစိတ်အပိုင်းတစ်ရပ် အနေဖြင့် “မြန်မာနိုင်ငံနှင့် လာအို နိုင်ငံတို့တွင် ငါးတက်ဆင်းလမ်း ဖော်ဆောင်ခြင်းဖြင့် ဇီဝ၊ ရူပသွင်ပြင်နှင့် လူထုအပေါ်အကျိုး သက်ရောက်မှုဆန်းစစ်ခြင်း စီမံကိန်း” အမည်ဖြင့် ဩစတြေးလျ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး သုတေသနစင်တာ (ACIAR) အဖွဲ့အစည်း၏ အထောက်အပံ့ ရယူလျက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ စတင်တည် ဆောက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က အမွေအနှစ်အဆောက်အအုံများ ပြင်ဆင်ထိန်းသိမ်းရာ၌ မူလအရည်အသွေးမပျက် ပြင်ဆင်နိုင်ရေး အရည်အသွေးစစ်ဆေးပေးနေ

ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အနေဖြင့် ရန်ကုန်မြို့တွင်း အစိုးရပိုင် အမွေအနှစ် အဆောက်အအုံများ ပြင်ဆင် ထိန်းသိမ်းရေး စီမံကိန်းများ၌ မူလအရည်အသွေး မပျက် ပြင်ဆင်နိုင်ရေးအတွက် အရည်အသွေး စစ်ဆေးပေး လျက်ရှိကြောင်း သိရသည်။

ကိုဗစ်−၁၉ လူနာများအားကုသပေးမည့် ဧရာဝတီစင်တာ(မန္တလေး)တည်ဆောက်ရေးလုပ်ငန်းခွင်သို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် လာရောက်ကြည့်ရှု

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လိုအပ်ချက်နှင့်လမ်းညွှန်မှု၊ မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဦးဆောင်မှုဖြင့် ဧရာဝတီဖောင်ဒေးရှင်းက တည်ဆောက်လျက်ရှိသည့် ကိုဗစ်-၁၉ လူနာများအား ကုသပေးမည့် ဧရာဝတီ စင်တာ(မန္တလေး) တည်ဆောက်ရေးလုပ်ငန်းခွင်သို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် လာရောက်ကြည့်ရှုခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပစ္စည်းများ ရန်ကုန်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တို့သို့ ဆက်လက်ရောက်ရှိ

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ၊ မဲရုံတာဝန်ကျဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဖြန့်ဝေပေးမည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထားသောပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် တို့သို့ ယနေ့တွင် အထူးလေယာဉ်များဖြင့် ဆက်လက်ရောက်ရှိကြသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများက အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်

မြန်မာပြည်သူပြည်သားများ၊ ကမ္ဘာသူ ကမ္ဘာသားများ Covid-19 ကပ်ရောဂါ ဘေးကင်းဝေးပြီး ကိုယ်ကျန်းမာ စိတ်ချမ်းသာရေး ရည်မျှော်တွေးလျက် ၁၃၈၂ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ ယနေ့ နံနက် ၇ နာရီ မိနစ် ၂၀ တွင် ထေရဝါဒ ဗုဒ္ဓသာသနာတော်၏ ဘူမိနက်သန်အောင်မြေ အမှန်ဖြစ်သည့် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာတင် သာသနာ့ သမိုင်းဝင် မဟာ ပါသာဏလိုဏ်ဂူတော် သိမ်တော်ကြီး၌ နိုင်ငံတော်သံဃ မဟာ နာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဆရာတော်ကြီး ၁၅ ပါးတို့သည် အန္တရာယ်ကင်း ပရိတ်တရားတော်များ၊ အနန္တရာယိက အန္တရာယ်ကင်း ကမ္မဝါစာများ ရွတ်ဖတ် ပူဇော်တော်မူကြသည်။
Subscribe to ရန်ကုန်