မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အွန်လိုင်း ရုပ်ရှင်ပဟေဠိပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့ ညနေ (၅) နာရီတွင် Virtual စနစ်ဖြင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
လဂွန်းပြင် ရေပေးဝေရေးစီမံကိန်း ရန်ကုန်မြို့နေပြည်သူများအတွက် နေ့စဉ် ရေဂါလန် သန်း ၄၀ ပေးဝေမည်
လဂွန်းပြင်ရေပေးဝေရေးစီမံကိန်းသည် ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ ဒဂုံမြို့သစ် လေးမြို့နယ်နှင့် သာကေတ၊ ဒေါပုံမြို့နယ်များသို့ ရေပေးဝေမည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။
ပြည်တွင်းလေကြောင်းလိုင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်မည်
ပြည်တွင်းလေကြောင်းလိုင်းများ ပြန်လည်ဖွင့် လှစ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း၊ ဒီဇင်ဘာ ၁၆ ရက်တွင် ပြည်တွင်းလေကြောင်းလိုင်းများ ဖွင့်လှစ်သွား ရန်လျာထားကြောင်း မြန်မာအမျိုးသား လေကြောင်းလိုင်းမှ သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာများ၌ လုပ်အားပေးဆောင်ရွက်ရန် စေတနာ့ဝန်ထမ်း ဆရာဝန်များ လိုအပ်လျက်ရှိ
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာများ၌ လုပ်အားပေးဆောင်ရွက် ရန် စေတနာ့ဝန်ထမ်းဆရာဝန်များ လိုအပ်လျက်ရှိကြောင်း မြန်မာနိုင်ငံဆရာဝန်အသင်းမှ သိရသည်။
ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် Online Learning System ဖြင့် ဖွင့်လှစ်မည့် အရာထမ်းငယ်အခြေခံသင်တန်း အမှတ်စဉ်(၁၁၇) သင်တန်းဖွင့်
အရာထမ်းငယ် အခြေခံသင်တန်းအမှတ်စဉ်(၁၁၇)ကို Online Learning System ဖြင့် ဖွင့်လှစ်ပို့ချခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီ တွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဗဟို ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် ကျင်းပရာ ပါမောက္ခချုပ် ဦးကျော်ဝင်းဟန်က သင်တန်းဖွင့်အမှာစကား ပြောကြားပြီး (ဝဲအောက်ပုံ)ဒုတိယ ပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာ ဌာနများမှ ပါမောက္ခများ၊ သင်ကြားပို့ချမည့် ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
မြန်မာ့ရုပ်ရှင်ရာပြည့် အထိမ်းအမှတ် အွန်လိုင်းရုပ်ရှင် ပဟေဠိပြိုင်ပွဲဆုရရှိသူများအား ဆုချီးမြှင့်မည်
မြန်မာ့ရုပ်ရှင် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် အွန်လိုင်းရုပ်ရှင်ပဟေဠိပြိုင်ပွဲ (8 PM Quiz Night Show) ကို ဒီဇင်ဘာ ၁၃ ရက် ည ၈ နာရီတွင် 7Day TV Facebook စာမျက်နှာမှ တစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ကျင်းပခဲ့သည်။
ပါကစ္စတန်နိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်း ကွယ်လွန်သွားသည့်အတွက် ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုး
နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးအောင်မြင့်သည် ပါကစ္စတန်နိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်းဖြစ်သူ Mr. Mir Zafarullah Khan Jamali ကွယ်လွန်သွားသည့်အတွက် ယနေ့နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်လမ်း အမှတ်(အေ-၄)သံတမန်ရပ်ကွက်ရှိ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံသံရုံး၌ ဖွင့်လှစ်ထားရှိသော ဝမ်းနည်းခြင်းအထိမ်းအမှတ် စာအုပ်၌ လက် မှတ်ရေးထိုးသည်။
မြန်မာ့ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရေးအတွက် ဒီဇင်ဘာလအတွင်း ခရီးစဉ်များ ဆောင်ရွက် ရန်လျာထား
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ် ငန်းများ ရပ်ဆိုင်းခဲ့ရသဖြင့် ခရီးသွားလုပ်ငန်းများ ပြန်လည် စတင်နိုင်ရေးအတွက် ဒီဇင်ဘာလအတွင်း ခရီးစဉ်များ ဆောင်ရွက်ရန် လျာထားကြောင်း ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာနမှ သိရသည်။
နှစ် (၁၀၀) ပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အမျိုးသားရေးကျောက်တိုင် မွမ်းမံ၍ ဖွင့်လှစ်
မြို့မကျောင်းသား ကျောင်းသူဟောင်းအသင်းနှင့် ဗဟန်း မြို့နယ်စည်ပင်သာယာရေး ကော်မတီတို့ကကြီးမှူး၍ နှစ် (၁၀၀) ပြည့်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အမျိုးသားရေး ကျောက်တိုင် မွမ်းမံပြင်ဆင်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဗဟန်းမြို့နယ် ကြားတောရလမ်းရှိ ဦးအရိယဝံသကျောင်း၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပသည်။
တက္ကသိုလ်ဝင်တန်း ကျောင်းသင်ခန်းစာများကို Facebook LIVE ဖြင့် အခမဲ့စတင်ထုတ်လွှင့်
တက္ကသိုလ်ဝင်တန်း ကျောင်းသား ကျောင်းသူများအတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ အခြေခံပညာ ဦးစီးဌာန သင်ရိုးညွှန်းတမ်းများနှင့်အညီ Online သင်ခန်းစာများကို Facebook LIVE ဖြင့် MM classroom မှ အခမဲ့ ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည် ။