Skip to main content

မဲခေါင်မြစ်အောက်ပိုင်း ငါးတက်ဆင်းလမ်း ကနဦးအစီအမံများ အပိုင်း(၁) ဆွေးနွေးပွဲ ကျင်းပ

ရန်ကုန် နိုဝင်ဘာ ၁၆

ငါးလုပ်ငန်းဦးစီးဌာနသည် မြန်မာနိုင်ငံ၏ ပထမဆုံး  ငါးတက်ဆင်းလမ်း တည်ဆောက်ရန်အတွက် မဲခေါင်မြစ်ဝှမ်းအောက်ပိုင်း နိုင်ငံများအဖွဲ့၏အစိတ်အပိုင်းတစ်ရပ် အနေဖြင့် “မြန်မာနိုင်ငံနှင့် လာအို နိုင်ငံတို့တွင် ငါးတက်ဆင်းလမ်း ဖော်ဆောင်ခြင်းဖြင့် ဇီဝ၊ ရူပသွင်ပြင်နှင့် လူထုအပေါ်အကျိုး သက်ရောက်မှုဆန်းစစ်ခြင်း စီမံကိန်း” အမည်ဖြင့် ဩစတြေးလျ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး သုတေသနစင်တာ (ACIAR) အဖွဲ့အစည်း၏ အထောက်အပံ့ ရယူလျက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ စတင်တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ယနေ့တွင် “မဲခေါင်မြစ်အောက်ပိုင်း ငါးတက် ဆင်းလမ်း ကနဦးအစီအမံများ အပိုင်း(၁) (Lower Mekong Fish Passage Initiative Virtual Seminar (Part 1))” အွန်လိုင်းဆွေးနွေးပွဲကျင်းပရာ မဲခေါင်မြစ်အောက်ပိုင်း နိုင်ငံများတွင် အပါအဝင်ဖြစ်သော “မြန်မာနိုင်ငံ၏ ငါးတက်ဆင်းလမ်း ကနဦး ဆောင်ရွက်မှုများနှင့် အနာဂတ် အစီအစဉ်များ” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ ငါးတက်ဆင်း  လမ်းအဖွဲ့ကိုယ်စား ငါးလုပ်ငန်းဦးစီးဌာနမှ ဦးညီညီထွန်း က ရှင်းလင်းတင်ပြသည်။ ဆွေးနွေးပွဲတွင် Jason Riley (DO) က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်၍ ထိုင်းနိုင်ငံ ကိုယ်စား Ms. Apiradee Hanpongkittikul(DoF, Thailand) က လည်းကောင်း၊ လာအိုနိုင်ငံကိုယ်စား Dr. Oudom Phonekhamphe (NUOL) Mr. Duang Kham Singhano (LaRREC)တို့ကလည်းကောင်း တင်ပြဆွေးနွေးကြသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ DO USAID၊ MRC csU၊ FFI ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ ်နှင့် မြန်မာနိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထား သူများ စုစုပေါင်း ၃၅ ဦးခန့် တက်ရောက်ကြသည်။ ယနေ့ တွင် မြန်မာနိုင်ငံအပါအဝင် ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့မှ တင်ပြဆွေးနွေးကြပြီး နိုဝင်ဘာ ၂၅ ရက်တွင် ဗီယက်နမ် နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ တင်ပြဆွေးနွေးမည်ဖြစ် သည်။ မြန်မာနိုင်ငံ၏ ပထမဆုံးသော ငါးတက်ဆင်းလမ်း အတွက် ငါးလုပ်ငန်းဦးစီးဌာနတစ်ခုတည်းဖြင့် ဆောင်ရွက် ၍ မရနိုင်ပါကြောင်း၊ ဆည်မြောင်းဦးစီးဌာန အပါအဝင် သက်ဆိုင်ရာဆက်စပ်ဌာနများ၊ ဒေသခံများနှင့် ပူးပေါင်း ဆောင်ရွက်မှသာ အောင်မြင် နိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်