ရန်ကုန် အောက်တိုဘာ ၃၁
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၂ ခုနှစ် သီတင်းကျွတ် လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) အခမ်းအနားကို ယနေ့ နံနက်(၈)နာရီတွင် ရွှေတိဂုံစေတီတော် ရှေးဟောင်းရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါ စရိယ နိုင်ငံတော် ဩဝါဒါစရိယ အင်းစိန်မြို့နယ် ရွာမ ပရိယတ္တိ စာသင်တိုက် ပဓာန နာယကဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တ တိလောကာဘိဝံသ ဆရာတော်ကြီးထံမှ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များကငါးပါးသီလခံယူဆောက် တည်ကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ကိုယ်စား အလှည့်ကျသဘာပတိ ဂေါပကအဖွဲ့ဝင်ဦးခင်မောင်ဌေး နှင့် ဂေါပကအဖွဲ့ဝင် ဦးညွန့်သင်းတို့ ကသာသနာရေး ဆိုင်ရာများ ကိုလျှောက်ထားသည်။
ယင်းနောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါ စရိယဆရာတော် ကြီးများက ဩဝါဒါကထာများ မြွက်ကြားတော်မူကြသည်။
ထို့နောက်ဂေါပကအဖွဲ့ဝင်များက ဩဝါဒါစရိယ ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဗဟန်းမြို့နယ် ညောင်တုန်း ပါဠိက္ကသိုလ် ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ ဘဒ္ဒန္တပဝရာဘိဝံသ ထံမှ အနုမောဒနာတရားနာ ကြားပြီး ရေစက်သွန်းလောင်း အမျှပေးဝေကြ သည်။
ယနေ့ကျင်းပသည့် ရွှေတိဂုံစေတီတော် သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာ အခါတော်နေ့ အခမ်း အနားကို Coronavirus Disease 2019 (COVID -19) ကာကွယ်၊ထိန်းချုပ်၊ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် အညီ ကျင်းပခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
(သတင်းစဉ်)