Skip to main content

နိုင်ငံသားဆိုင်ရာအသိပညာနှင့် ရွေးကောက်ပွဲတွင် မဲပေးခြင်းဆိုင်ရာ အသိပညာများရရှိရန်ကချင်ပြည်နယ်ရှိ လူငယ်များအား ပြည်သူ့နီတိသင်တန်းကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် သင်ကြားပို့ချ

 
ရန်ကုန် အောက်တိုဘာ ၂၉
 
မြန်မာဝိုင်အမ်စီအေနှင့် မြစ်ကြီးနားဝိုင်အမ်စီအေတို့ ပူးပေါင်းပြီး ရွေးကောက်ပွဲတွင် မဲပေးကြမည့် ကချင်ပြည်နယ်ရှိ လူငယ်များ နိုင်ငံသား ဆိုင်ရာ အသိပညာနှင့် ရွေးကောက်ပွဲတွင် မဲပေးခြင်းဆိုင်ရာ အသိပညာများရရှိရန်အတွက် ပြည်သူ့နီတိသင်တန်း ကို ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် အောက်တိုဘာ ၂၆ ရက် မှ ၂၈ ရက်အထိ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
 
သင်တန်းကို ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ်ရှိ လူငယ်သင်တန်းသား ၁၆ ဦး၊ သင်တန်းသူ ၁၆ ဦး စုစုပေါင်း ၃၂ ဦး တက်ရောက်ခဲ့ပြီး သင်တန်း သားများအနေဖြင့် သင်တန်းပြီးဆုံးပါက မိမိတို့ သိရှိခဲ့သော အကြောင်းအရာများကို မိမိတို့၏ ပတ်ဝန်းကျင်သို့ ဆင့်ပွားပြန် လည်ဝေမျှခြင်းဖြင့် နိုဝင်ဘာလတွင် ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူများအနေဖြင့် တရားမျှတ သော ရွေးကောက်ပွဲဖြစ်စေရန် ပါဝင်နိုင်ကြမည် ဖြစ်သည်။
 
မြန်မာဝိုင်အမ်စီအေသည် ရေရှည်တည်တံ့ခိုင်မြဲ သော အသက်မွေးဝမ်းကျောင်းနှင့် လူမှုဖွံ့ဖြိုးရေး စီမံကိန်းအနေဖြင့် ပြည်သူ့နီတိ သင်တန်း များကို ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင်ရှိသော လူငယ်များအတွက် ဖွင့်လှစ်ပို့ချပေးလျက် ရှိကြောင်း သိရသည်။
 
သတင်းစဉ်