ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

နိဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနသုံးခုနှင့် လုပ်ငန်းတစ်ခု ရှိသည့်အနက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနလည်း အပါအဝင် ဖြစ်သည်။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ သမိုင်းအစမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ကျော်၊ ၁၈၈ဝ ပြည့်နှစ်က ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် မစ္စတာကောလ်ဘတ် ဆိုသူနှင့် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ်ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတပြည့်ဝရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

သတင်း/ကြေညာချက်

Nov 13, 2024
ယနေ့မျက်မှောက်ခေတ်ကာလတွင် ကမ္ဘာကြီးသည် နည်းပညာအရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိ ရာ ကလေးလူငယ် လူငယ်လူရွယ်များကို Mobile Smart Phone များနှင့် Apple App Store ၊ Google Play Store တို့တွင် သင့်လျော်သော အခကြေးငွေဖြင့် ရွှေသွေးဂျာနယ်ကို အလွယ်တကူ ဝင်ရောက်ဖတ်ရှု နိုင်စေရန်
Nov 08, 2024
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၄၅)၌ ကုန်းချောစကားပြောခြင်းသည် အချင်းချင်း စည်းလုံးချစ်ခင်မှုကို ပျက်စေတတ်ကြောင်း တင်ဆက်ထားသည့်
Nov 08, 2024
စာပေစကားဝိုင်း၌ ဆရာဒေါက်တာထွန်းတင့် (ဒေါက်တာထွန်းတင့်-မြန်မာစာ)၊ ဆရာ ဦးကျော်ဇင်ညွန့် (တက္ကသိုလ်မြတ်သူ)၊ ဆရာဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ဆရာမ ဒေါ်မြမြသန်း (မနှင်းဖွေး) စသည့် စာပေပညာရှင်ကြီးများက  ဆွေးနွေးပေးခဲ့ကြသည်။

မြန်မာနိုင်ငံပြန်တမ်း

PPD Office's Photo

အကြံပြုစာ/တိုင်ကြားစာ