ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

နိဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနသုံးခုနှင့် လုပ်ငန်းတစ်ခု ရှိသည့်အနက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနလည်း အပါအဝင် ဖြစ်သည်။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ သမိုင်းအစမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ကျော်၊ ၁၈၈ဝ ပြည့်နှစ်က ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် မစ္စတာကောလ်ဘတ် ဆိုသူနှင့် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ်ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတပြည့်ဝရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

သတင်း/ကြေညာချက်

Jan 10, 2026

စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ နိုင်ငံရေးစာပေ ပထမဆုရရှိသည့် ကိုတိုး (ရန်ကင်း)၏  ‘ဇာတိမာန်စာဆို ပုဂ္ဂိုလ်ကျော်များ’ စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

Jan 10, 2026
စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်သည် ပြည်သူတို့ ဗဟုသုတဖြစ်စေရန်နှင့် စာဖတ်အလေ့အကျင့် တိုးပွားစေရန်၊ အတွေးအခေါ်ရင့်သန်လာ၍ ဉာဏ်အမြော်အမြင်ကြီးပွားလာစေရန်၊ နိုင်ငံ့သားကောင်း များ ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်များထားရှိကာ သုတ၊ ရသစာအုပ်မျိုးစုံဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသည်။
Jan 09, 2026

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂)နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်းထုတ်ဝေလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၂)၌ မြေခွေးဖိုးရှုပ်၏ အနိုင်ကျင့်မှုကို ခံရသော ဝက်ဝံလေး ညိုညို၏ အခက်အခဲကို ကူညီဖြေရှင်းပေးသော ဉာဏ်ကောင်းသည့် ယုန်လေးဖြူဖြူအကြောင်း သရုပ်ဖော်ထားသည့် “ညိုညိုနဲ့ ဖြူဖြူ” မျက်နှာဖုံးကာတွန်း၊ ရွှေပိုး၏ အိပ်မက်ထဲတွင် လေဆာ ရောင်ခြည်သေနတ်ဖြင့် သစ်ပင်များ ခုတ်လှဲကာ ဓာတ်ကြိုးများ ပြတ်ကျသွား၍ လန့်နိုးသွားသ

မြန်မာနိုင်ငံပြန်တမ်း

PPD Office's Photo

အကြံပြုစာ/တိုင်ကြားစာ