ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနနှင့် အိန္ဒိယနိုင်ငံအစိုးရတို့အကြား စာဆို ဗိမာန်တည်ဆောက်ခြင်းစီမံကိန်း သဘောတူညီချက် (Project Agreement) ပါ JPMC (Joint Project Monitoring Committee) အဖွဲ့၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက် နံနက် (၁၀ : ၀၀) နာရီတွင် ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်မြို့မှ အဖွဲ့ဝင် ၅ ဦး၊ နေပြည်တော်မှ အဖွဲ့ဝင် ၂ ဦးနှင့် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှ အဖွဲ့ဝင် ၂ ဦး၊ စုစုပေါင်း JPMC အဖွဲ့ဝင် ၉ ဦး တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် စာဆိုဗိမာန်အဆောက်အအုံတည်ဆောက်ရေးအတွက် တင်ဒါခေါ်ယူမှုလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအပေါ် အဖွဲ့ဝင်များက ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ကြပြီး အစည်းအဝေးကို မွန်းတည့် ၁၂ : ၀၀ နာရီတွင် ရုပ်သိမ်းခဲ့သည်။