ရည်ညွှန်းစာကြည့်တိုက်

စာပေဗိမာန်စာကြည့်တိုက်၏ ဌာနစိတ်တစ်ခုဖြစ်သော ရည်ညွှန်းစာပေဌာနစိတ်တွင် စာဖတ်သူများ ရည်ညွှန်းကိုးကားနိုင်ရန်အတွက် ဘာသာရပ်စုံ စာအုပ်များ ထားရှိပါသည်။ (၃၁-၅-၂၀၁၃) ခုနှစ် အထိ မြန်မာစာအုပ် ၄၄၈၂ အုပ်၊ အင်္ဂလိပ်စာအုပ် ၅၉၅၅ အုပ် စုစုပေါင်း ၁၀၄၃၇ အုပ် ထားရှိပါသည်။ ရည်ညွှန်းစာဖတ်ခန်းရှိ စာအုပ်များကို ပြင်ပသို့ ငှားရမ်းခွင့် မပြုပါ။ စာဖတ်ခန်းတွင်သာ ဖတ်ရှုလေ့လာနိုင်ပြီး စာအုပ်၏ အစိတ်အပိုင်းအချို့ကို မိတ္တူ ကူးလိုပါက ကူးယူနိုင်ရန် ခွင့်ပြုထားပါသည်။ ကျမ်းပြုစုသူများ၊ ဘာသာရပ်စုံ ကဏ္ဍအလိုက် လေ့လာဆည်းပူးနိုင်ရန် စီစဉ်ထားပါသည်။

1

2     

 

အကြံပြုစာ/တိုင်ကြားစာ