စာဆိုဗိမာန်အဆောက်အဦအတွက် စိစစ်အတည်ပြုမည့်အဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် စာဆိုဗိမာန် အဆောက်အဦတွင် စာဆိုပညာရှင်ကြီးများ၏ မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့သည့် စာပေလက်ရာများ၊ မှတ်တမ်းမှတ်ရာ၊ ဓာတ်ပုံများကို အထပ်လိုက်ခင်းကျင်းပြသရန်၊ ပြည့်စုံမှန်ကန်မှု ရှိစေရန်နှင့် အချက်အလက်များ မကျန်စေရန်အတွက် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့် စိစစ် အတည်ပြုမည့်အဖွဲ့မှ ပညာရှင်များအား ညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက် မွန်းလွဲ ၂ : ၀၀ နာရီတွင် စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

အကြံပြုစာ/တိုင်ကြားစာ