February 2013

''ပညာဘဏ်တိုက် စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်''

''အမှောင်ခွင်း၍အလင်းဆောင်အံ့'' ဟူသောဆောင်ပုဒ်သည် စာပေဗိမာန်၏ဆောင်ပုဒ်ဖြစ်သည်။ ထိုဆောင်ပုဒ်အတိုင်း ပြည်သူပြည်သားများ အသိပညာတိုးပွားစေရန်နှင့် မြန်မာစာပေဖွံ့ဖြိုးရေးလုပ် ငန်းတွင်အထောက်အကူဖြစ်စေရန် စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်သည်လည်း ကဏ္ဍတစ်ခု အနေဖြင့် ပါ၀င်လျက်ရှိပါသည်။

စာကြည့်တိုက် အသင်းဝင်ကတ်ပုံစံ

စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်များ ငှားရမ်းဖတ်ရှုနိုင်ရန်အတွက် စာကြည့်တိုက်အသင်းဝင်နိုင်ပါသည်။

စာကြည့်တိုက်အသင်းဝင်ရန် ဝင်ခွင့်လျှောက်လွှာပုံစံတွင် ဖြည့်စွက်ပြီး အသင်းသို့ ဝင်ရောက်နိုင်ပါသည်။

ပင်မစာကြည့်တိုက်

စာပေဗိမာန်ကို ၁၉၅၅ ခုနှစ် မေလတွင် အမှတ် ၅၂၉-၅၃၁ ကုန်သည်လမ်း၊ ရန်ကုန်မြို့သို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပြီးနောက် ၁၉၅၆ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်ကို ဖွင့်လှစ်ခဲ့သည်။ စာပေဗိမာန် စာကြည့်တိုက်ကို နံနက် ၁၀ နာရီမှ ညနေ ၄ နာရီထိနှင့် စနေနေ့တွင် နေ့လယ် ၁၂ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ထားသည်။ စာပေဗိမာန်စာကြည့်တိုက်တွင် အသင်းဝင်လိုပါက အသင်းဝင်နိုင်ပါသည်။

ရည်ညွှန်းစာကြည့်တိုက်

စာပေဗိမာန်စာကြည့်တိုက်၏ ဌာနစိတ်တစ်ခုဖြစ်သော ရည်ညွှန်းစာပေဌာနစိတ်တွင် စာဖတ်သူများ ရည်ညွှန်းကိုးကားနိုင်ရန်အတွက် ဘာသာရပ်စုံ စာအုပ်များ ထားရှိပါသည်။ (၃၁-၅-၂၀၁၃) ခုနှစ် အထိ မြန်မာစာအုပ် ၄၄၈၂ အုပ်၊ အင်္ဂလိပ်စာအုပ် ၅၉၅၅ အုပ် စုစုပေါင်း ၁၀၄၃၇ အုပ် ထားရှိပါသည်

ရွှေသွေးအထူးထုတ်

အပတ်စဉ်ထုတ် ဂျာနယ်များအပြင် ကလေးကာတွန်း၊ ကဗျာ၊ ဆောင်းပါး၊ ၀တ္ထု လက်ရာစုံလင်စွာဖြင့် အထူးထုတ်စာအုပ်များကိုပါ ထုတ်ဝေလျက် ရှိရာ ၁၉၇၈၊ ၁၉၈၁၊ ၁၉၉၂၊ ၁၉၉၄၊ ၁၉၉၅၊ ၁၉၉၆၊ ၂၀၀၄ နှင့် ၂၀၀၉၊ ၂၀၁၃၊ ၂၀၁၆၊ ၂၀၁၈ ခုနှစ်တို့တွင် အသီးသီး ထုတ်ဝေခဲ့ပါသည်။

ပြည်သူ့လက်စွဲစာစဉ်

စာပေဗိမာန်ပြည်သူ့လက်စွဲစာစဉ်များကို ၁၉၅၈ ခုနှစ် ဇန်နဝါရီလတွင် စတင်ထုတ်ဝေ ခဲ့သည်။ ပြည်သူလူထုအတွက် စာပေဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် ဝိဇ္ဇာ၊ သိပ္ပံ၊ ယဉ်ကျေးမှု၊ လူမှုရေး၊ ၀တ္ထု၊ ကဗျာနှင့် ကလေးသူငယ်ဆိုင်ရာ စာပေများပါဝင်သော အကြောင်းအရာများကို လက်ဆွဲ အိတ်ဆောင် စာအုပ်အဖြစ် လစဉ် သုံးအုပ်ခန့် ထုတ်ဝေနိုင်ခဲ့သည်။

ရွှေသွေးဂျာနယ်

အသက် ၁၂ နှစ်ရှိ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ လူငယ်များ စာပေဗဟုသုတ ပြည့်၀စေရေးနှင့် လိမ္မာရေးခြားရှိစေရေး ..........

သုတပဒေသာစာစောင်

သုတပဒေသာစာစောင်ကို ၁၉၇၃ ခုနှစ် ဇူလိုင်မှ စတင်၍ အတွဲ (၁)၊ အမှတ် (၁) အ​ဖြစ် စတင် ထုတ်ဝေခဲ့သည်။ ၁၉၇၄ ခုနှစ် ဇန်နဝါရီလ၊ မေလနှင့် စက်တင်ဘာလတွင် အမှတ် (၂၊ ၃၊ ၄) ကို ဆက်လက်ထုတ်ဝေခဲ့သည်။ ၁၉၇၅ ခုမှစ၍ သုံးလတစ်ကြိမ် ပုံမှန်ထုတ်ဝေခဲ့ပြီး ၁၉၉၉ ခုနှစ် အောက်တိုဘာလမှစ၍ နှစ်လ တစ်ကြိမ် ပြောင်းလဲထုတ်ဝေခဲ့သည်။

ကလေးစာကြည့်တိုက်

ကလေးစာကြည့်တိုက်ကို ၂၀၀၁ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် တိုးချဲ့ဖွင့်လှစ်ခဲ့ပါသည်။ စာပေဗိမာန်ရုံး၏ မြေညီထပ်တွင် တည်ရှိပြီး အသက် ၁၂ နှစ်အောက် ကလေးများသာ အသုံးပြုနိုင်ပါသည်။ အသင်း ဝင်စရာမလိုဘဲ အခမဲ့ စာဖတ်ခြင်း၊ ဉာဏ်စမ်း Game ကစားခြင်း၊ တီဗွီကြည့်ခြင်းများ ခွင့်ပြုထားပါသည်။

မြန်မာ့စွယ်စုံကျမ်းနှင့်မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်

မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းကို ဖွဲ့စည်းတည်ထောင်ရန် ကြံဆခဲ့စဉ်ကပင် ပညာရှင်များက မြန်မာ့စွယ်စုံကျမ်း ထုတ်ဝေရန် စဉ်းစားခဲ့ကြသည်။ ၁၉၅၄ ခုနှစ်တွင် မြန်မာ့စွယ်စုံကျမ်း အတွဲ (၁) ကို ထုတ်ဝေနိုင်ခဲ့ပြီး ဖြစ်သည်။ ၁၉၇၇ ခုနှစ်တွင် မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၅) ကို ထုတ်ဝေခဲ့သည်။

အကြံပြုစာ/တိုင်ကြားစာ