ဖိုတိုလစ်သိုပုံနှိပ်စက်ရုံ

ဖိုတိုလစ်သိုပုံနှိပ်စက်ရုံ သည် အမှတ် ၁၅၀၊ ငါးထပ်ကြီးဘုရားလမ်း၊ ဗိုလ်ချို (၂) ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့တွင် တည်ရှိသည်။ စက်ရုံ၏မြေဧရိယာ အကျယ်အဝန်းမှာ ၃ ဒသမ ၉၅၇ ဧက ဖြစ်ပါသည်။

ဖိုတိုလစ်သိုပုံနှိပ်စက်ရုံသည် ယခင်က အင်္ဂလန်နိုင်ငံ သောမတ်ဒီလာရူးကုမ္ပဏီပိုင် စက်ရုံဖြစ်ခဲ့ပြီး ဒုတိယကမ္ဘာစစ် မတိုင်မီက တရုတ်ပြည်သို့ ငွေစက္ကူများ ရိုက်နှိပ်ပေးခဲ့သည့် စက်ရုံဖြစ်ခဲ့ပါသည်။ ၁၉၅၁ ခုနှစ်တွင် စက်ရုံအဆောက်အအုံနှင့် မြေနေရာကို ဗဟိုပုံနှိပ်တိုက်က ဝယ်ယူခဲ့ပြီး ၁၉၅၄ ခုနှစ်တွင် ဖိုတိုလစ်သိုပုံနှိပ်တိုက်ခွဲအဖြစ် ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၇၂ တွင် ဗဟိုပုံနှိပ်တိုက်နှင် စာပေဗိမာန်ပုံနှိပ်တိုက်တို့ ပူးပေါင်း၍ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး ကော်ပိုရေးရှင်းအဖြစ် ဖွဲ့စည်းပြီးနောက် ဖိုတိုလစ်သိုပုံနှိပ်စက်ရုံဟု ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပါသည်။
 

အခြေခံကျောင်းသုံးဖတ်စာအုပ်များ၊ ဝန်ကြီးဌာနအသီးသီးမှ အပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေ​​​​​​သော စာအုပ်စာစောင်များကို ပုံနှိပ်ထုတ်လုပ် ဆောင်ရွက်လျက်ရှိသည်။

photolithopress

cityline

cityline2

ctp

ctp-1

economy

horizon2

horizon3

itoh

itoh-2

oliver

osako

shinohara

toshiba

toshiba1

toshiba2

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


 

အကြံပြုစာ/တိုင်ကြားစာ