အောင်ဆန်းပုံနှိပ်စက်ရုံ

စက်ရုံတည်နေရာအကျယ်အဝန်း

အောင်ဆန်းပုံနှိပ်စက်ရုံသည် အင်စိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ အင်းစိန်-မင်္ဂလာဒုံ ကားလမ်းဘေး၊ အောက်မင်္ဂလာဒုံလမ်းပေါ်တွင် တည်ရှိပါသည်။ စက်ရုံ၏ အရှေ့အရပ်တွင် တပ်မတော် ပရိဘောဂစက်ရုံ၊ အနောက်အရပ်တွင် ဂျီတီစီပုံနှိပ်စက်ရုံနှင့် အခြေခံပညာအထက်တန်း ကျောင်း အမှတ် (၃) တို့တည်ရှိပါသည်။ တောင်အရပ်တွင် အောင်ဆန်းစက်မှုလက်မှု သင်တန်း ကျောင်းနှင့် မြောက်အရပ်တွင် ခြေလျင်တပ်ရင်း (၉၀) တို့အသီးသီးတည်ရှိပြီး အောင်ဆန်းပုံနှိပ် စက်ရုံဝင်း၏ အကျယ်အဝန်းမှာ (၉.၈၃၈ ဧက) ရှိပါသည်။

စက်ရုံ၏နောက်ခံသမိုင်းအကျဉ်းချုပ်

၁၉၆၄ ခုနှစ်၌ တပ်မြေနေရာပေါ်၌ စက်ရုံကို စတင်တည်ထောင်ခဲ့ပါသည်။ ၁၉၆၆ ခုနှစ်တွင် စက်ရုံ အဆောက်အအုံကို ဆောက်လုပ်ခဲ့သဖြင့် အင်စိန်ထောင်အတွင်းရှိ ပုံနှိပ်စက်ရုံကို လုပ်ငန်းလုံး၀ လည်ပတ်မှုမပျက်စေဘဲ ဖြည်းဖြည်းပြောင်းရွှေ့ခဲ့ရာ ၁၉၆၈ ခုနှစ်၊ နှစ်ဦးပိုင်းတွင် အားလုံး ပြောင်းရွှေ့ပြီးစီးခဲ့ပါသည်။ ၁၉၆၈ ခုနှစ်တွင် ပြည်သူပိုင်သိမ်းယူခဲ့သော လက်တာပရက်စ်ပုံနှိပ်စက် အချို့နှင့်ချုပ်စက်အချို့ကို လည်းကောင်း၊ ၁၉၇၀ ပြည့်နှစ်တွင် ဗဟိုပုံနှိပ်စက်ရုံ၊ ဖိုသိုလစ်သိုပုံနှိပ် စက်ရုံတို့မှ လက်တာပရက်စ်ပုံနှိပ်စက် အဟောင်းများနှင့် ချုပ်စက်အဟောင်းများကို ဤပုံနှိပ်စက်ရုံ သို့ ပြောင်းရွှေ့သယ်ယူပြီး လုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။

1-134

Baumann

Oliver-2

horizonbook

economy-wire-machine

Goss

Goss-web-offset

img-1474

 

 

 

p1-8

 

 p2

perfecta                                            

Perfecta-knife                                                        

perfecta-14              

SCM

Shengtu

အကြံပြုစာ/တိုင်ကြားစာ