Skip to main content
Sep 23, 2024
ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရန် ရက်သတ္တတစ်ပတ်သာလိုပြီဖြစ်သည်။ သန်းခေါင်စာရင်းဟုအလွယ်ခေါ်ကြသည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရခြင်း၏ ရည်ရွယ်ချက်များ အများအပြားရှိရာ အနှစ်ချုပ်အားဖြင့် ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် လိုအပ်သောသတင်းအချက်အလက်များရရှိနိုင်ရန်နှင့် ရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်စေရန်ပင်ဖြစ်သည်။
Sep 22, 2024
ရေဘေးဒဏ်သင့်ဒေသများ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် စေတနာရှင်၊ အလှူရှင်များက သဒ္ဓါတရားထက်သန်မှုကို လက်တွေ့ပြသ၍ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြသည်မှာ တွေ့မြင်ကြားသိရသူတိုင်း ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဖွယ်ရာပင်ဖြစ်သည်။ တစ်သက်မှာတစ်ခါ မတွေ့ဖူး၊ မကြုံဖူးခဲ့ကြသော သဘာဝဘေးအန္တရာယ်ဆိုးကြီး မမျှော်လင့်ဘဲ ကျရောက်လာချိန်တွင် ထိခိုက်ခံစားကြရသူအများစုမှာ ကျေးလက်ဒေသများတွင် နေထိုင်ကြသူများ၊ ဝင်ငွေနည်းပါးသူများဖြစ်ကြပြီး အသက်မှလွဲ၍ အဝတ်တစ်ထည် ကိုယ်တစ်ခုသာပါလာသူ၊ မိသားစုလျော့နည်းပျက်စီးသွားသူ၊ အိမ်အပါအဝင် ပိုင်ဆိုင်မှုအားလုံးရေမျောသွားသူစသည် စသည်ဖြင့် ဒုက္ခအမျိုးမျိုး ကြုံတွေ့ခဲ့ရသူများလည်း ပါဝင်သည်။
Sep 22, 2024
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူတော့မည်ဖြစ်ရာ ယခုအခါ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရန်အတွက် ရက်သတ္တတစ်ပတ်ခန့်သာလိုတော့မည်ဖြစ်သည်။ သန်းခေါင်စာရင်းကောက်ယူခြင်းသည် လက်ရှိလူဦးရေစာရင်းရရှိရန်သာမက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဘဝမြှင့်တင်ရေးအတွက်ပါ များစွာအထောက်အကူပြုမည်ဖြစ်သည်။
Sep 21, 2024
​​​​​​​နိုင်ငံအတွင်း လတ်တလောဖြစ်ပွားခဲ့သော ရေကြီးရေလျှံ သဘာဝဘေးအန္တရာယ်ကြောင့် ယာယီကယ်ဆယ်ရေးစခန်းများတွင် ခေတ္တလာရောက်နေထိုင်ကြသူများနှင့် ရေဘေးသင့်ရပ်ကွက်၊ ကျေးရွာများရှိ မိမိတို့နေထိုင်ရာ နေအိမ်များတွင် နေထိုင်လျက်ရှိကြသည့် ပြည်သူများအတွက် နိုင်ငံတစ်ဝန်းရှိ အလှူရှင်များက စေတနာသဒ္ဓါ တရားထက်သန်စွာဖြင့် အစားအသောက်များ၊ အသုံးအဆောင်ပစ္စည်းများ၊ အလှူငွေများ လာရောက်လှူဒါန်းနေသည့်မြင်ကွင်းများကို ဝမ်းမြောက်ကြည်နူးဖွယ် မြင်တွေ့ နေရပါသည်။
Sep 21, 2024
​​​​​​​မိမိတို့နိုင်ငံတွင် ကြုံတွေ့ခဲ့ရသည့် ရေကြီးရေလျှံ သဘာဝဘေးအန္တရာယ်မှာ တောင်ပေါ်ဒေသ၊ မြေပြန့်ဒေသ၊ မြစ်ဝကျွန်းပေါ် ဒေသများပါဝင်သည့် တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် ကျရောက်ခဲ့ခြင်းဖြစ်ရာ နယ်ပယ်ကျယ်ဝန်းသည်။ ရေဘေးကြောင့် တိမ်းရှောင်ရသူ လူဦးရေလေးသိန်းကျော်ရှိပြီး ရာနှင့်ချီ၍ သေဆုံးခဲ့ကြရသည်။ လက်ရှိအချိန်တွင် အချို့ဒေသများ ရေကျသွားပြီဖြစ်၍ ပြန်လည်ထူထောင်ရေးများ ပြုလုပ်နေကြပြီဖြစ်သော်လည်း အချို့ဒေသများတွင် ကူညီကယ်ဆယ်မှုများ ပြုလုပ်နေရဆဲဖြစ်သည်။
Sep 20, 2024
ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက မမျှော်မှန်းနိုင်သော ရုတ်တရက်ဖြစ်ပေါ်လာသည့် ရေကြီးရေလျှံမှုသဘာဝဘေးအန္တရာယ်ကို နိုင်ငံတစ်ဝန်း၌ ကြုံတွေ့ခံစားခဲ့ကြရသည်။ ပတ်ဝန်းကျင်နိုင်ငံများ၌ဖြစ်ပေါ်ခဲ့သော သဘာဝဘေးအန္တရာယ်ကို မြန်မာနိုင်ငံတွင်လည်း ဖြစ်ပေါ်လာမည်ဟု မထင်မှတ်ထားခြင်း၊ ညပိုင်းအချိန်တွင် ဖြစ်ပေါ်လာခဲ့ခြင်းတို့ကြောင့် ကြိုတင်ပြင်ဆင် ရှောင်ရှားနိုင်ခြင်းမရှိခဲ့သဖြင့် ထိခိုက်ဆုံးရှုံးမှုများပြားခဲ့သည်။
Sep 20, 2024
မသန့်ရှင်းသောအစားအစာတစ်ခုခုကို စားသောက်မိရာမှ အစာအဆိပ်သင့်ခြင်းဖြစ်ပေါ်လာရသည်။ မသန့်ရှင်းသော အစားအစာဆိုသည်မှာ ရာသီဥတုစိုထိုင်းဆများချိန်၊ အပူချိန်မြင့်မားချိန်တို့တွင် ပေါက်ပွားသည့် ရောဂါပိုးများပါဝင်နေသည့် အစားအစာပင်ဖြစ်သည်။ အစာအဆိပ်သင့်စေသည့် ရောဂါပိုးများတွင် ဗိုင်းရပ်စ်ပိုးများ၊ ဗက်တီးရီးယားများနှင့်ကပ်ပါး ပိုးများ၊ မှိုများ စသည်တို့ပါဝင်ပြီး သားစိမ်း၊ ငါးစိမ်းများ၊ ဟင်းသီးဟင်းရွက်များ၊ မသန့်ရှင်းသောလက်နှင့် ပြင်ဆင်ချက်ပြုတ်ရာတွင် အသုံးပြုသည့် ပစ္စည်း၊ အိုးခွက်များ စသည်တို့တွင် တွယ်ကပ်ပါရှိနေနိုင်သည်။
Sep 19, 2024
ယနေ့ကမ္ဘာတွင် ဖြစ်ပေါ်ပြောင်းလဲတိုးတက်မှုအခြေအနေအရ ပညာတတ်လူ့စွမ်းအားအရင်းအမြစ်များ အဆက်မပြတ်လိုအပ်လျက်ရှိသည်။ ခေတ်မီတိုးတက်ပြီး အဆင့်အတန်းမြင့်မားသော နိုင်ငံတည်ဆောက်နိုင်ရန်အတွက် ပညာရည် တိုးတက်မြင့်မားရေးသာမက စဉ်းစားဆင်ခြင်တွေးခေါ်မှုနှင့် ဆင်ခြင်တုံတရားမြင့်မားသော နိုင်ငံသားများလိုအပ်နေသည်။ ထို့ကြောင့် နိုင်ငံအများသည် ပညာရေးကိုအခြေခံသည့် လူ့ဘောင်အသိုက်အဝန်းကို တည်ဆောက်လျက်ရှိသည်။
Sep 19, 2024
နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တွင် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများအတွင်း ထိခိုက်ပျက်စီးဆုံးရှုံးမှုများရှိခဲ့ရာ စက်တင်ဘာ ၁၆ ရက် ညနေ ၄ နာရီအထိ ကောက်ယူရရှိထားသောစာရင်းများအရ တိရစ္ဆာန်မျိုးစုံ စုစုပေါင်း ၁၂၈၃၄၄ ကောင် သေဆုံးခဲ့ခြင်းနှင့် စပါးနှင့်သီးနှံမျိုးစုံစိုက်ဧက ၆၄၃၀၈၁ ဧက ရေဝင်နစ်မြုပ်ခြင်းတို့လည်း ပါဝင်သည်။ မိုးလေဝသကြိုတင်သတိပေးချက်များရှိခဲ့သော်လည်း မျှော်လင့်မထားသည့် အတိုင်းအတာအထိ ပြင်းထန်စွာဖြစ်ပေါ်ခဲ့ခြင်းကြောင့် အဓိကစီးပွားရေးလုပ်ငန်းများဖြစ်သော မွေးမြူရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် ပျက်စီးဆုံးရှုံးမှု များပြားသည်။
Sep 18, 2024
တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်းရာဂီနှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းငယ်တို့၏ အရှိန်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် ဖြစ်ပေါ်လာမည့် မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးရေလျှံမှုနှင့် မြေပြိုနိုင်မှုအခြေအနေများကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာလ ၉ ရက်နေ့တွင် ကျယ်ကျယ်ပြန့်ပြန့် အသိပေးနှိုးဆော်ခဲ့သည်။