Jul 26, 2024
“နိုင်ငံတော်၏ အနာဂတ်ကို တည်ဆောက်ဖော်ဆောင်ရာတွင် ပညာရေးကို ရေရှည်မြင့်မားအောင် မြှင့်တင်ဆောင်ရွက်နိုင်ခြင်းကသာ အကောင်းမွန်ဆုံး၊ အမှန်ကန်ဆုံးနှင့် အထိရောက်ဆုံးနည်းလမ်းဖြစ်သည်ဟု ယုံကြည်ကြောင်း၊ အသိပညာနှင့် အတတ်ပညာ ဟန်ချက်မျှတစွာ စွမ်းရည်မြင့်မားမှုမရှိပါက နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်နယ်ပယ်အသီးသီး၌ အားနည်းချက်များ ဖြစ်ပေါ်စေမည်ဖြစ်ပြီး တိုင်းပြည်စည်းလုံးညီညွတ်ရေးအပေါ်ကိုလည်း မလွဲမသွေသက်ရောက်စေနိုင်ကြောင်း၊ ထို့ကြောင့် နိုင်ငံအနာဂတ်ကောင်းမွန်ရေးအတွက် ရည်ရွယ်ဆောင်ရွက်နေသည့် ပညာရေးကဏ္ဍ မြှင့်တင်ဆောင်ရွက်မှုလုပ်ငန်းများကို အားလုံးက သိရှိနားလည်ပြီး ပူးပေါင်းဆောင်ရွက်ကြရန်” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇူလိုင် ၂၄ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။
Jul 26, 2024
ပထမမြန်မာနိုင်ငံ၏ မြို့တော်ဖြစ်ခဲ့သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတစ်ခုလုံးကို ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့က ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့သည်။ ဘုရားပုထိုး ဂူကျောင်း ၃၈၀၀ ကျော် တည်ရှိနေဆဲဖြစ်သည့် ပုဂံဒေသတစ်ခုလုံးသည် ၂၀၁၄ ခုနှစ်တွင် ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ ပျူမြို့ဟောင်းသုံးမြို့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ ဒုတိယမြောက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့ခြင်းဖြစ်သည်။
Jul 25, 2024

ခရစ်တော်မပေါ်မီ ၅၈၉ ခုနှစ်တွင် မြတ်စွာဘုရားပွင့်တော်မူခဲ့သည်။ မြတ်စွာဘုရားရှင် ပွင့်တော်မူသည့်ကာလမှစ၍ (၄၅) ဝါကာလပတ်လုံး သတ္တဝါတို့၏အကျိုးစီးပွားအတွက် လုံ့လဝီရိယကြီးစွာဖြင့် သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတို့ကို မနေမနားဟောကြားတော်မူခဲ့သည်။ မြတ်စွာဘုရားရှင်က “ချစ်သားအာနန္ဒာ ငါဘုရား ဟောကြားထားသော ဓမ္မဝိနယခေါ် သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်သည် ငါဘုရား ပရိနိဗ္ဗာန်စံတော်မူသည့်အခါ သင်တို့၏ဆရာဖြစ်သည်”ဟု မှာကြားတော်မူခဲ့သည်။
Jul 25, 2024

ယခုနှစ်ပြီးခဲ့သည့် နွေရာသီကာလအတွင်း မိမိတို့နိုင်ငံတွင် အယ်နီညိုဖြစ်စဉ်နှင့်အတူ အပူလှိုင်းဖြတ်သန်းမှုကြောင့် နေ့အပူချိန်များမြင့်မားခဲ့သည်။ မြန်မာနိုင်ငံအလယ်ပိုင်းရှိ ချောက်မြို့တွင် ဧပြီလ ၂၈ ရက်က နေ့အပူချိန် ၄၈ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ် အထိရှိခဲ့ပြီး ကမ္ဘာ့အပူချိန် အမြင့်မားဆုံးမြို့တစ်မြို့ ဖြစ်ခဲ့သည်။ မကွေး၊ မင်းဘူး၊ ညောင်ဦး၊ စစ်ကိုင်းမြို့တို့သည်လည်း ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့စာရင်းတွင် ပါဝင်ခဲ့သည်။
Jul 24, 2024

ယာယီသမ္မတ ဦးမြင့်ဆွေ၏ ကျန်းမာရေးအခြေအနေအရ ဇူလိုင် ၂၂ ရက်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာကိစ္စရပ်များအလို့ငှာ ယာယီသမ္မတ တာဝန်ဝတ္တရားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံသို့ လွှဲပြောင်းအပ်နှံလိုက်သည်။ လက်ရှိကာလတွင် မိမိတို့နိုင်ငံသည် သာမန်မဟုတ်သော အရေးပေါ်အခြေအနေကို ဖြတ်သန်းနေရချိန်ဖြစ်ပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး ကျင်းပချိန်တွင် ယာယီသမ္မတသည် ကျန်းမာရေးကြောင့်ဖြစ်စေ၊ အခြားအကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ မတက်ရောက်နိုင်၊ လစ်လပ်ခဲ့ပါက အစည်းအဝေးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဦးဆောင်ကျင်းပသွားရမည်ဖြစ်သည်။
Jul 24, 2024

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများ ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၂၂ ရက်နေ့က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထူးချွန်ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုများချီးမြှင့်ခဲ့သည်။
Jul 23, 2024

မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ၌ မဲမသမာမှုများပြုလုပ်ပြီး နိုင်ငံတော်အာဏာကို အဓမ္မရယူလိုသည့် အခြေအနေဖြစ်ပေါ်လာသောကြောင့် ဒီမိုကရေစီစနစ် မယိမ်းမယိုင်မပျက်စီးစေရန်အတွက် တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်ကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ရသည်။ ယင်းကိုအကြောင်းပြု၍ နိုင်ငံတော်မတည်မငြိမ်ဖြစ်အောင် နှောင့်ယှက်ဖျက်ဆီးမှုများ ဖြစ်ပေါ်လာသည်။
Jul 23, 2024

နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရာတွင် လူတို့၏ အတွေးအခေါ်အယူအဆနှင့် သဘောထားများ၊ အသိပညာအတတ်ပညာများ၊ ကျွမ်းကျင်မှုများ၏ အခန်းကဏ္ဍမှာ လွန်စွာအရေးပါသည့်အလျောက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးတလည် ရင်းနှီးမြှုပ်နှံဆောင်ရွက်ကြရသည်။ ရုပ်ဝတ္ထုအင်အား၊ ငွေကြေးအရင်းအနှီးအင်အားနှင့် လူအင်အားတို့ကို ထိထိရောက်ရောက်အသုံးချ၍ နိုင်ငံခေတ်မီဖွံ့ဖြိုးရေးအကောင်အထည်ဖော်ရာတွင် အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ကျွမ်းကျင်သူများ မရှိမဖြစ်လိုအပ်သည်။
Jul 22, 2024
မျက်မှောက်ကာလတွင် ကွန်ပျူတာနည်းပညာနှင့် အွန်လိုင်းအသုံးပြုမှုများဖြင့် လူမှုဘဝကို တည်ဆောက်ရှင်သန်ရပ်တည်လျက်ရှိသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ငွေရေးကြေးရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးစသည့် လူမှုစီးပွားဘဝကဏ္ဍပေါင်းစုံတို့တွင် အဆိုပါနည်းပညာများကို အားထားအသုံးပြုလျက်ရှိသည်။ ထို့ကြောင့် အဆိုပါနည်းပညာများကို စဉ်ဆက်မပြတ်အသုံးပြုနိုင်ပြီး လုံခြုံစိတ်ချမှုရှိရန် အထူးလိုအပ်လျက်ရှိသည်။
Jul 22, 2024

ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် လေးဆယ့်ငါးဝါကာလပတ်လုံး လောကလူသားအားလုံးတို့၏ ပစ္စုပ္ပန်သံသရာနှစ်ဖြာသော အကျိုးစီးပွားအလို့ငှာ တရားတော်များ ဟောကြားဆုံးမတော်မူခဲ့သည်။ ဗုဒ္ဓဝစနခေါ် ဗုဒ္ဓဟောကြားခဲ့သည့် အဆိုပါတရားတော်တို့မှာ တပည့်သားသံဃာ့အဖွဲ့အစည်းအတွင်း နှုတ်တက်အာဂုံဆောင်ကာ ရောပြွမ်းမှတ်သားခဲ့ကြခြင်းဖြစ်ပြီး ပိဋကတ်အားဖြင့်လည်းကောင်း၊ နိကာယ်အားဖြင့်လည်းကောင်း ပိုင်းခြားသတ်မှတ်ခြင်းမရှိသေးဘဲ ပထမသင်္ဂါယနာတင်သည့် အခါမှသာ ပိုင်းခြားသတ်မှတ်ခဲ့ခြင်းဖြစ်သည်။