Skip to main content
Jun 26, 2024
လူသည် သဘာဝအားဖြင့် အစုအဖွဲ့နှင့် နေထိုင်တတ်သော သတ္တဝါတစ်မျိုးဖြစ်သည်။ အစုအဖွဲ့အတွင်း မွေးဖွားကြီးပြင်းကာ ရှင်သန်ကြရခြင်းဖြစ်သည့်အလျောက် အများနှင့်လိုက်လျောညီထွေစေရန် ကျင့်ဝတ်၊ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေ စသည်တို့ ချမှတ်ရေးဆွဲလိုက်နာကြရသည်။ စည်းကမ်းသည် ဥပဒေ၏ အစဖြစ်ပြီး ငယ်စဉ်ကတည်းကပင် လိုက်နာတတ်စေရန်၊ စည်းကမ်းနှင့်လူတစ်သားတည်းကျစေရန် လေ့ကျင့်သင်ကြားပေးကြရသည်။ လူတစ်ဦးချင်းတွင် စည်းကမ်းကောင်းမွန်သူသည် တိုးတက်ကြီးပွားသကဲ့သို့ စည်းကမ်းကောင်းသည့် မိသားစု၊ စည်းကမ်းကောင်းသည့် နိုင်ငံနှင့်လူမျိုးတို့သည်လည်း တိုးတက်ကြီးပွားကြသည်။
Jun 25, 2024
ယခုရက်ပိုင်းတွင် ဆန်ဈေးနှုန်းအဆမတန်မြင့်တက်လာမှုကြောင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ ဆန်စပါးကုန်စည်ဒိုင်များပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းများဖြင့် စနစ်တကျရောင်းချပေးနေသည်ကို တွေ့ရသည်။
Jun 25, 2024
ယခုနှစ်ဇန်နဝါရီလမှ မေလအထိ ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှု ၅၂၀၀၀၀ ခန့်ရှိပြီး ယခင်နှစ်ကာလတူ ခရီးသွားဧည့်သည်ဝင်ရောက်မှုနှင့် နှိုင်းယှဉ်ပါက ၆၃ ရာခိုင်နှုန်းအထိ တိုးတက်လာခြင်းဖြစ်သည်။ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၄) ကို ဇွန် ၂၁ ရက်ကကျင်းပခဲ့ရာ ကိုဗစ် - ၁၉ မတိုင်မီဝင်ရောက်ခဲ့သည့် ခရီးသွားဧည့်သည်အရေအတွက်ကို ပြန်လည်ပြည့်မီရေး အဘက်ဘက်က ဆက်လက်ကြိုးစားဆောင်ရွက်သွားရန် ဗဟိုကော်မတီဥက္ကဋ္ဌက ဆွေးနွေးမှာကြားခဲ့သည်။
Jun 24, 2024
မြန်မာနိုင်ငံသမိုင်းတစ်လျှောက်ကို လေ့လာကြည့်မည်ဆိုပါက အပြုနှင့် အဖျက်တို့ အမြဲဒွန်တွဲဖြစ်ပေါ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံကို တည်ဆောက်နေကြသူများကတစ်ဖက်၊ နိုင်ငံကို တစိုက်မတ်မတ် ဖျက်ဆီးနေကြသူများကတစ်ဖက် တွေ့ရမည်ဖြစ်သည်။ တိုင်းပြည်တွင် နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများ၌ အကြောင်းတစ်စုံတစ်ရာပေါ်လာပါက ယင်းကိုအသုံးချလိုသူများနှင့် ဖျက်လိုဖျက်ဆီးပြုလုပ်သူများ ပေါ်ပေါက်လာသည်ကို တွေ့ရမည်ဖြစ်သည်။
Jun 24, 2024
စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်‌ရေးနှင့် စာဖတ်ရှိန်မြှင့်တင်‌ရေးလှုပ်ရှားမှုများကို နိုင်ငံတစ်ဝန်းတွင် ဆောင်ရွက်လျက်ရှိသည်။ လူငယ်လူရွယ်များအပါအဝင် မိမိတို့နိုင်ငံ၊ မိမိတို့မြန်မာ့လူ့အဖွဲ့ အစည်းအတွင်း စာပေဖတ်ရှုသည့်အလေ့အထ လျော့နည်းကျဆင်းလာသည့်အပေါ် ကုစားရန်၊ စာဖတ်သည့်လူမျိုး၊ ဗဟုသုတပြည့်စုံကြွယ်ဝပြီး မှားမှန်ကောင်းဆိုး ဝေဖန်ပိုင်းခြားတတ်သည့်လူမျိုး ဖြစ်လာစေရန်ဟူသည့်ရည်ရွယ်ချက်များဖြင့် စာကြည့်တိုက်ယဉ်ကျေးမှု ထွန်းကားရေး၊ စာဖတ်ရေးတို့ကို တွန်းအားပေးဆောင်ရွက်နေခြင်းလည်းဖြစ်သည်။
Jun 22, 2024
ယနေ့ကာလတွင် ကမ္ဘာ့စီးပွားရေးဂယက်ရိုက်ခတ်မှု၊ နိုင်ငံခြားငွေကြေး၊ ရွှေဈေးမြင့်မားလာမှု၊ သွင်းကုန်ဈေးနှုန်းမြင့်မားမှု စသည်တို့ကိုအကြောင်းပြု၍ ပြည်တွင်းရှိ အရပ်ရပ်ကုန်ဈေးနှုန်းများအားလုံး တစ်ပြိုင်တည်းပင်မြင့်မားလာသည်ကို ကြုံတွေ့ကြရမည်ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ငွေကြေးဖောင်းပွမှုနှင့် အခြေခံပြည်သူများ စားဝတ်နေရေးကျပ်တည်းမှုများ တစ်နေ့ထက်တစ်နေ့ မြင့်မားလာနိုင်သည်။
Jun 22, 2024
သွေးလွန်တုပ်ကွေးရောဂါသည် မြန်မာနိုင်ငံတွင် မိုးရာသီ ဇူလိုင်လနှင့် ဩဂုတ်လများတွင် ရောဂါကူးစက်မှုအများဆုံးဖြစ်သည်ကို တွေ့ရှိရသော်လည်း ယခုအခါ အချို့ပြည်နယ်၊ တိုင်းဒေသကြီးများတွင် တစ်နှစ်ပတ်လုံးဖြစ်ပွားလာသည်ကို တွေ့ရှိရသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကဆိုသည်။ ရောဂါကူးစက်မှုအများဆုံးသို့ မရောက်မီ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပြည်တွင်းဒေသအသီးသီးတို့တွင် ဆောင်ရွက်လျက်ရှိရာ အများပြည်သူတို့ သွေးလွန်တုပ်ကွေးဆိုင်ရာ အသိပညာများမြင့်မားရေးနှင့် ရောဂါကာကွယ်ရေးဆိုင်ရာလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ကြရေးတို့ အဓိကလိုအပ်သည်။
Jun 21, 2024
ထေရဝါဒဗုဒ္ဓဘာသာ သာသနာဝင်မှတ်တမ်း၌ နယုန်လပြည့်နေ့ကို ငြိမ်းချမ်းရေးကိုအကြောင်းပြုသည့်နေ့ဟုအဆိုရှိခဲ့သည်။ အကြောင်းမှာ နယုန်လပြည့်နေ့တွင် မြတ်စွာဘုရားရှင်က ငြိမ်းချမ်းရေးကိုရည်ညွှန်းသည့်တရားတော်များ ဟောတော်မူခဲ့သည်။ နယုန်လပြည့်နေ့အနှစ်ချုပ်မှာ မဟာသမယသုတ္တန်ဖြစ်သည်။ နယုန်လပြည့်နေ့တွင် စာတော်ပြန်ပွဲများ ကျင်းပကြသည်။
Jun 21, 2024
နယူးဇီလန်နိုင်ငံတွင် အရက်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာသော အိမ်တွင်းအကြမ်းဖက်မှုများ၊ ယာဉ်တိုက်မှု၊ တိမ်းမှောက်မှုများ၊ လူမှုရေးပြဿနာများ၊ ကုန်ထုတ်လုပ်မှုကျဆင်းမှုနှင့် လုပ်ငန်းခွင်ဝင်ရောက်ခြင်းမရှိဘဲပျက်ကွက်မှုများ၊ ရာဇဝတ်မှုများ စသည့်ထိခိုက်ဆုံးရှုံးမှုများ တန်ဖိုးများမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၆၀၀ ခန့်ရှိသည်ဟု နိုင်ငံတကာ သတင်းတွင်တွေ့ရသည်။ အိန္ဒိယနိုင်ငံတောင်ပိုင်း ပြည်နယ်တစ်ခုတွင်မူ တရားမဝင်ချက်လုပ်ရောင်းချသည့် အရက်ကိုဝယ်ယူ သောက်သုံးကြသူ လူ ၃၄ ဦး သေဆုံးပြီး ၁၀၀ ကျော် ဆေးရုံတင်လိုက်ရကြောင်း အခြားသတင်းတစ်ပုဒ်တွင် တွေ့ရသည်။
Jun 20, 2024
ကမ္ဘာပေါ်တွင် ပြောင်းလဲလာသော ရာသီဥတုဖြစ်စဉ်ကြောင့် မတူညီသော သဘာဝဖြစ်စဉ်အမျိုးမျိုးတို့ကို ကမ္ဘာ့ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသည်။ လူတို့၏ ပြုပြင်စီမံဖန်တီးမှုများကြောင့် ပုံမှန်ရာသီဥတုဖြစ်စဉ်များ ပုံမမှန်ဖောက်ပြန်မှုများ ဖြစ်ပေါ်လာပြီး အကျိုးဆက်ကို ကြုံတွေ့လာကြပြီဖြစ်ရာ သဘာဝပတ်ဝန်းကျင်ကို ပြန်လည်ထိန်းသိမ်းစောင့်ရှောက်ပြီး ကြိုတင်ပြင်ဆင်သတိပြုမှုဖြင့် ကျော်လွှားကြရမည်ဖြစ်သည်။