Skip to main content
May 24, 2025
နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ခြင်းဟုဆိုရာတွင် အဓိကအားဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်းကို ဆိုခြင်းဖြစ်သည်။ နိုင်ငံ၏ စီးပွားရေးအခြေအနေ မြင့်မားသည်နှင့်အမျှ ကျန်လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး စသည်ဖြင့် ကဏ္ဍအသီးသီးတို့လည်း လိုက်ပါမြင့်မားလာကြသည်။ နိုင်ငံများ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုမတူညီခြင်း၊ အနိမ့်အမြင့်ကွာဟရခြင်း၏ အခြေခံအကြောင်းတရားများတွင် အဓိကကျသည့်အချက်မှာ နိုင်ငံသားပြည်သူတို့၏ စွမ်းဆောင်ရည်နှင့် စွမ်းဆောင်လိုစိတ်ထက်သန်မှုဖြစ်သည်ဟု သုတေသီတို့က ဆိုသည်။
May 23, 2025
​​​​​​​နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် “ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍လည်း မိမိတို့အနေဖြင့် အားနည်းချက်များ ရှိနေဆဲဖြစ်ကြောင်း၊ နေ့စဉ်လူမှုဘဝလှုပ်ရှားမှုများ၌ ကျန်းမာရေးနှင့်ညီညွတ်မျှတသည့် နေထိုင်သွားလာလှုပ်ရှားမှုများမရှိသည်ကိုတွေ့မြင်ရပြီး ကျန်းမာရေးအသိအမြင်များ အားနည်းမှုများရှိနေဆဲဖြစ်ကြောင်း၊ အချို့သောဒေသများ၌ အကြမ်းဖက်မှုများနှင့် ပဋိပက္ခများကြောင့် ကျန်းမာရေးအားနည်းချက်များ ရှိနေဆဲဖြစ်ကြောင်း”ပြောကြားခဲ့သည်။
May 23, 2025
​​​​​​​မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မန္တလေးမြေငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးမှု ပမာဏကြီးမားစွာ ဖြစ်ပေါ်ခဲ့သည့်အထဲတွင် ရှေးဟောင်းသာသနိက အဆောက်အအုံများနှင့် ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများလည်း အများအပြားပါဝင်သည်။ မြန်မာနိုင်ငံအလယ်ပိုင်းရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ တစ်စုတစ်ဝေးတည်း တည်ရှိရာ နေရာများဖြစ်ကြသည့် မင်းကွန်း၊ စစ်ကိုင်း၊ မန္တလေး၊ အမရပူရ၊ အင်းဝ စသည့်နေရာများမှာ ငလျင်ဒဏ်ကို အပြင်းအထန်ခံစားခဲ့ရပြီး တန်ဖိုးမဖြတ်နိုင်သည့် အမွေအနှစ်များစွာ ထိခိုက်ပျက်စီးခဲ့ရာ အချို့လုံးဝ ပြိုကျပျက်စီးခဲ့ရသည်။
May 22, 2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်သည် ယနေ့မှစ၍ ဇွန်လ ၁ ရက်နေ့အထိ ဖြစ်သည်။ “ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့”ဟူသော ဆောင်ပုဒ်ဖြင့် ပညာရေးဝန်ကြီးဌာနက နှိုးဆော်တိုက်တွန်းထားပြီး ၅ နှစ်အရွယ်ကလေးများကို သူငယ်တန်း (KG) သို့ အပ်နှံရန်၊ ၆ နှစ်အရွယ်ကလေးများကို ပထမတန်း (Grade 1) သို့ အပ်နှံရန်လည်း အသိပေးကြေညာထားသည်။
May 22, 2025
“တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအလိုက် အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် အရည်အချင်းပြည့်ဝနေရန်လိုကြောင်း၊ အုပ်ချုပ်ရေးတာဝန်ယူထားသူများနှင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းနေရန်လိုကြောင်း၊ ထို့ကြောင့် အုပ်ချုပ်သူများအနေဖြင့် အရည်အချင်းပြည့်ဝရန်လိုအပ်သကဲ့သို့ အုပ်ချုပ်မှုအတတ်ပညာ၊ ဥပဒေနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအမြင်များ ရှိရန်လိုကြောင်း” မေလ ၁၉ ရက်နေ့ကပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
May 21, 2025
နိုင်ငံတိုင်းနိုင်ငံတိုင်းတွင် ပညာရည်မြင့်မားအောင်၊ ပညာတတ်များ ပေါများလာအောင် ကြိုးပမ်းဆောင်ရွက်နေကြသည်။ ပညာတတ်ဆိုသည်မှာ တွေးခေါ်မြော်မြင်ဆင်ခြင်တုံတရားမြင့်မားသော၊ အကောင်းအဆိုးအကြောင်းအကျိုးကို ခွဲခြားဝေဖန် သုံးသပ်နိုင်စွမ်းရှိသောသူများဖြစ်သည်။ အဆိုပါပညာတတ်များဖြင့် လူ့ဘောင်လောကကောင်းကျိုးများကို ပုံဖော်ဖန်တီးတည်ဆောက်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။
May 21, 2025
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် ကမ္ဘာကြီး၏ အပူချိန်သည် ၂၀၂၃ ခုနှစ်က တင်ခဲ့သည့် အပူဆုံးစံချိန်ကို ကျော်ဖြတ်ခဲ့ပြီး အပူဆုံးနှစ်ဖြစ်ခဲ့သည်ဟု ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာထားသည်။ ၂၀၂၄ ခုနှစ်တွင် တစ်ကမ္ဘာလုံး၏ ပျမ်းမျှအပူချိန်သည် ၁၉ ရာစု ဒုတိယရာစုနှစ်ဝက်ကာလ (၁၈၅၀-၁၉၀၀) တွင်ရှိခဲ့သည့် တစ်ကမ္ဘာလုံးပျမ်းမျှအပူချိန်ထက် ၁ ဒသမ ၅၅ ဒီဂရီ စင်တီဂရိတ်ဝန်းကျင်ခန့် ပိုမိုပူပြင်းလာခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့အပူချိန်မြင့်တက်လာခြင်းက ပြင်းထန်သည့် ရာသီဥတုဖောက်ပြန်ခြင်းများနှင့်အတူ ရေကြီးရေလျှံခြင်း၊ အပူလှိုင်းကျရောက်ခြင်း၊ တောမီးများ လောင်ကျွမ်းခြင်းတို့ကဲ့သို့ ဖြစ်စဉ်များကို ပိုမိုဖြစ်ပေါ်စေသည်။
May 20, 2025
ပြည်သူများအနေဖြင့် မိုးရာသီအကူးအပြောင်းကာလတွင် ဖြစ်ပွားလေ့ရှိသော ကူးစက်ရောဂါအမျိုးမျိုးတို့ကို ကြိုတင်ကာကွယ်ထားကြရန်လိုအပ်သည်။ မိုးရာသီကာလတွင် အဖြစ်များလေ့ရှိသည့် သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ မိုးဦးကျကာလတွင် ဖြစ်ပွားတတ်သော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် မသန့်ရှင်းသောရေနှင့် အစားအသောက်တို့မှ ကူးစက်နိုင်သည့် အသည်းရောင်အသားဝါရောဂါတို့ကို ကြိုတင်ကာကွယ်တားဆီးထားကြရမည်ဖြစ်သည်။
May 20, 2025
နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် နိုင်ငံ့ဝန်ထမ်းများမှာ အလွန်အရေးပါသည့်ကဏ္ဍတွင် ပါဝင်လျက်ရှိသည်။ သို့ဖြစ်ရာ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများနှင့် နိုင်ငံ့ဝန်ထမ်းများ၏ ကျွမ်းကျင်မှု၊ အရည်အချင်းပြည့်ဝမှု၊ လုံ့လဝီရိယ စိုက်ထုတ်နိုင်စွမ်းရှိမှု၊ နိုင်ငံအပေါ် သစ္စာစောင့်သိမှုများနှင့်အတူ ကောင်းမွန်သည့်အုပ်ချုပ်ရေး (Good Governance) ဖြစ်ပေါ်နေစေရန် လိုအပ်သည်။
May 19, 2025
ပေါ်ထွက်နေသော မူးယစ်ဆေးဝါးအမျိုးမျိုးတို့သည် ကမ္ဘာပေါ်ရှိနိုင်ငံများအား ခြိမ်းခြောက်နေသော အန္တရာယ်ဖြစ်သည်။ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးအန္တရာယ်ကို စဉ်ဆက်မပြတ် တိုက်ဖျက်လျက်ရှိသော်လည်း အမြစ်မပြတ်နိုင်ဘဲ ဆက်လက်ကြီးထွားနေသည်ကို နေ့စဉ်ဖော်ထုတ်ဖမ်းဆီးရမိသည့် သတင်းများက သက်သေပြလျက်ရှိသည်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့အစည်းများနှင့် လုံခြုံရေးတပ်ဖွဲ့များက စစ်ဆင်ရေးအသွင်အမျိုးမျိုးဖြင့် ရှာဖွေဖော်ထုတ်တိုက်ဖျက်နှိမ်နင်းလျက်ရှိသည်။