May 14, 2025
မြန်မာနိုင်ငံတောင်ပိုင်းဒေသများ၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းသို့ အနောက်တောင်မုတ်သုံလေ ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ ထို့အပြင် ပြည်တွင်းဒေသအနှံ့အပြားတို့တွင် မိုးရွာသွန်းမည့်အကြောင်းနှင့် ဒေသအချို့တွင် မိုးကြီးနိုင်ကြောင်းလည်း ထုတ်ပြန်ထားသည်။ မုတ်သုံလေ စတင်ဝင်ရောက်လာပြီး မိုးရွာသွန်းခြင်းကြောင့် အပူချိန်မြင့်မားမှုဒဏ်မှ သက်သာခွင့်ရသော်လည်း ပူနွေးစိုစွတ်သည့် ရာသီဥတုနှင့် ပတ်ဝန်းကျင်အခြေအနေတို့က ရောဂါပိုးမွှားများ ပေါက်ပွားနိုင်ပြီး ကူးစက်ရောဂါများကို ဖြစ်ပေါ်စေသည်။ အထူးသဖြင့် ခြင်၊ ယင်၊ မသန့်ရှင်းသော ပတ်ဝန်းကျင်တို့မှတစ်ဆင့် ဖြစ်ပွားနိုင်သည့် ကူးစက်ရောဂါများကိုဂရုပြုကာ ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်စားသောက်မှုပုံစံဖြင့် ကြိုတင်ကာကွယ်ကြရန်လိုသည်။
May 13, 2025
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံအတွင်းရှိ အချို့ဒေသများတွင် အပူချိန်ပြင်းထန်မှုဒဏ်ကို အများပြည်သူတို့အနေဖြင့် ဆိုးရွားစွာခံစားခဲ့ကြရသည်။ “တန်ခူးကဆုန်ဆွေ့ဆွေ့ခုန်”ဆိုသကဲ့သို့ ပူပြင်းလှသည့် နွေကာလ၏အပူရှိန်ကို ယခင်နှစ်များနှင့်မတူ တစ်မူထူးကဲစွာ ပြည်သူများခံစားခဲ့ရသည်။ အပူရှိန်ပြင်းထန်လာမှုကြောင့် အပူပြန်တိမ်တိုက်နှင့် အခိုးအငွေ့များ မြင့်မားလာမှုနှင့်အတူ လေထုမငြိမ်သက်မှုနှင့် အခိုးအငွေ့များကြောင့် မိုးကြီးလေထန်ဖြစ်နိုင်မှုအခြေအနေများလည်း ပေါ်ပေါက်လာသည်။
May 13, 2025
မြန်မာနိုင်ငံတွင် ယခုနှစ်ကုန်ပိုင်း၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ နိုင်ငံတော်အစိုးရက ဆောင်ရွက်ဖွယ်ရှိသည်များကို အချိန်နှင့်တစ်ပြေးညီ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတော်အကြီးအကဲကလည်း ပြည်ပနိုင်ငံများနှင့် တွေ့ဆုံမှုတိုင်းတွင် အသိပေးပြောကြားလျက်ရှိသည်။ သို့ဖြစ်ရာ မိမိတို့နိုင်ငံတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် တိုင်းသိ ပြည်သိ ကမ္ဘာသိဖြစ်သကဲ့သို့ နိုင်ငံတကာမှ နိုင်ငံ့ခေါင်းဆောင်အသီးသီးတို့က အသိအမှတ်ပြုထောက်ခံအားပေးမှုများကိုလည်း ရရှိနေသည်။
May 12, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာ ပူတင်၏ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ မေလ ၇ ရက်နေ့မှစ၍ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား၊ ဆက်စပ်အခမ်းအနားနှင့် အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသော နိုင်ငံ့ခေါင်းဆောင်အချို့နှင့် တွေ့ဆုံခဲ့သည်။
May 12, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ မေ ၇ ရက်မှစ၍ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများသို့ တက်ရောက်ခဲ့သည်။ အဆိုပါခရီးစဉ်အတွင်း စစ်ရေးပြအခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံခေါင်းဆောင်အချို့နှင့် အလွတ်သဘောတွေ့ဆုံခြင်း၊ တွေ့ဆုံဆွေးနွေးခြင်းတို့ ပြုလုပ်နိုင်ခဲ့ရာ နိုင်ငံအတွက်ကောင်းမွန်သည့်ရလဒ်များ ဖြစ်ထွန်း ပေါ်ပေါက်စေခဲ့သည်။
May 11, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲနေ့ (V-Day) သည် ရုရှားနိုင်ငံနှင့် ပြည်သူများ လွန်စွာတန်ဖိုးထားကြသည့် အရေးကြီးဆုံးသောနေ့ဖြစ်သည်။
May 11, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပပြုလုပ်သည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို မေလ ၉ ရက်နေ့ ဒေသစံတော်ချိန် နံနက်ပိုင်းတွင် မော်စကိုမြို့ရင်ပြင်နီ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတကာမှ တိုင်းပြည်ခေါင်းဆောင်အကြီးအကဲများ၊ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။
May 10, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် မေလ ၇ ရက်နေ့တွင် နေပြည်တော်မှထွက်ခွာပြီး ဒေသစံတော်ချိန် မွန်လွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တော်သို့ရောက်ရှိပြီး သီးခြားတွေ့ဆုံမှုများ၊ ဆွေးနွေးမှုများ၊ အခမ်းအနားများသို့ တက်ရောက်လျက်ရှိသည်။
May 10, 2025
မြန်မာပြက္ခဒိန်တွင် ကဆုန်လသည် ဒုတိယမြောက်လဖြစ်ပြီး နွေကာလဖြစ်သည့်အလျောက် ရေတွင်း၊ ရေကန်များ၊ ဆည်မြောင်း၊ အင်းအိုင်များ ရေခန်း၊ ရေပြတ်သည့်လဖြစ်သည်။ ရာသီအားဖြင့် ပြိဿရာသီ၊ ဝိသာခါနက္ခတ်နှင့် စန်းယှဉ်သောလဖြစ်ရာ ပါဠိ၊ သက္ကတ၊ ဟိန္ဒီ၊ ဘင်္ဂါလီဘာသာတို့တွင် ကဆုန်လကို “ဝိသာခါ” (Vesaka) ဟုခေါ်ကြသည်။ သို့ဖြစ်ရာ ကဆုန်လပြည့်နေ့ကိုလည်း Vesak Day ဟူ၍ ခေါ်ဝေါ်ကြခြင်းဖြစ်သည်။
May 09, 2025
မြန်မာနိုင်ငံ၌ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လျက်ရှိရာတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) မူဘောင်အရ တပ်မတော်အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုကို ကာလအပိုင်းအခြားအလိုက် အကြိမ်ကြိမ်ရပ်ဆိုင်းပေးခဲ့သည့်အပြင် လက်ရှိကာလတွင်လည်း ဖြစ်ပေါ်နေသောအခြေအနေအကြောင်းအမျိုးမျိုးတို့နှင့် အများပြည်သူအားလုံး၏ အကျိုးစီးပွားများကိုရှေးရှု၍ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ထပ်မံအသိပေးထုတ်ပြန်ကြေညာခဲ့သည်။
