Skip to main content
Mar 05, 2020

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဂိမ်းအလွန်အကျွံစွဲလမ်းခြင်း (Gaming Disorder) ကို ရောဂါတစ်ရပ်အဖြစ် ၂၀၁၈ ခုနှစ် အတွင်းက စာရင်းသွင်းခဲ့သည်။ တန်ဆေး လွန်ဘေးဆိုသည့် ဆိုရိုးစကားအတိုင်းပင် ဗီဒီယိုဂိမ်းကစားခြင်းတွင် အကောင်း အဆိုး ဒွန်တွဲနေပြီး အလွန်အကျွံ ကစားမှုများကြောင့် ဆိုးကျိုးများ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။

Mar 05, 2020

အမျိုးသားရေးတာဝန်ဆိုသည်မှာ နိုင်ငံနှင့်လူမျိုး အကျိုးစီးပွားအတွက် တစ်မျိုးသားလုံး မဖြစ်မနေ ပါဝင်ထမ်းရွက်ကြရမည့်တာဝန်ကို ဆိုလိုသည်။ မူးယစ်ဆေးဝါးပြဿနာဖြေရှင်းရေးသည် တစ်ကမ္ဘာလုံးနှင့်သက်ဆိုင်သည့် အမျိုးသားရေးတာဝန်ဖြစ်ပြီး မျက်မှောက်ကာလ တစ်ကမ္ဘာလုံးပျံ့နှံ့ ဖြစ်ပွားနေသည့် COVID-19 ရောဂါ ကာကွယ်ဖြေရှင်းရေးသည်လည်း လူသားအားလုံး နှင့်သက်ဆိုင်သည့် အမျိုးသားရေး တာဝန်ဖြစ်သည်။

Mar 01, 2020

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မတ်လ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ ကမ္ဘာ့ နိုင်ငံများ၏COVID-19 ရောဂါဖြစ်ပွားမှုအခြေအနေမှာ ကမ္ဘာ့ဒေသအသီးသီးတွင် ရောဂါဖြစ်ပွားသောနိုင်ငံများ ဆက်တိုက်များပြားလာခဲ့ကြောင်းနှင့် နိုင်ငံပြင်ပမှရောဂါကူးစက်မှုများ သာမက နိုင်ငံတွင်း၌ပါရောဂါကူးစက်မှုများ ရှိလာကြောင်း သိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် ဖေဖော်ဝါရီလ၂၈ ရက်နေ့ကတည်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဒေသတွင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများအားလုံးတွင် ရောဂါကူးစက်ဖြစ်ပွားမှု အလွန်မြင့်မားသည့် အဆင့်အဖြစ် တိုးမြှင့်သတ်မှတ်ခဲ့သည်။

Mar 01, 2020

၂၀၂၀ ပြည့်နှစ် နွေရာသီရေရှားပါးကျေးရွာများ သောက်သုံးရေ ရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၀ ရက်က နေပြည်တော်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တွင် ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူက “နွေရာသီ ရေရှားပါးမှု ပြဿနာကို ဖြေရှင်းရာတွင် သောက်သုံးရေဖြန့်ဝေခြင်းကဲ့သို့ လတ်တလော ဆောင်ရွက်မည့် အစီအစဉ်များသာမကကျေးရွာများ၏ ရေရှားပါးရခြင်း အဓိကအကြောင်းရင်းများကို ဖော်ထုတ်ပြီး ဖြေရှင်း နိုင်မည့် ကာလတို၊ ကာလလတ် အစီအမံများကို ရေးဆွဲ၍ စနစ်တကျဆောင်ရွက်ရန်” မှာကြားသွားခဲ့သည်။

Feb 28, 2020

သတင်းနှင့် အချက်အလက်ဆိုင်ရာ မဟာအဝေးပြေး လမ်းမကြီးပေါ်၌ နှစ်ဆယ်ရာစု အကုန်မှစတင်ကာ ကမ္ဘာ့နိုင်ငံအသီးသီးမှ ယာဉ်အမျိုးမျိုးသည် အားထုတ်မှုအဖုံဖုံဖြင့် အရှိန်မြှင့် မောင်းနှင်လာကြသည်မှာ အပြိုင်း အရိုင်းဖြစ်၏။ အပြိုင်အဆိုင်လည်း ဖြစ်၏။

Feb 28, 2020

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်း ဆက်သွယ်မှုကောင်းမွန်ရေးနှင့် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးသည် အခြေခံ လိုအပ်ချက်ဖြစ်သည်။ ပြည်သူများ လူမှုဘဝဖွံ့ဖြိုးခြင်း၊ နိုင်ငံတိုးတက်ခြင်းတွင် လျှပ်စစ် ဓာတ်အား လုံလောက်စွာရရှိရေးသည် အဓိကအကြောင်းရင်းဖြစ်သည်။

Feb 28, 2020

“တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိ သည့် COVID-19 ဗိုင်းရပ်စ်ပိုးကြောင့် လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါကို ဖြစ်ပွားသောနိုင်ငံများ၌ ထိန်းချုပ်နိုင်ခြင်းမရှိသေးချေ။ လူတို့အား အလွယ်တကူ ကူးစက်နိုင်ပြီး အသက်ပင်သေဆုံးနိုင်သော ထိုရောဂါပိုးသည် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံမှ စတင်ဖြစ်ပွားသဖြင့် ဖြစ်ပွား လျှင်ဖြစ်ပွားချင်း ကျန်းမာရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်မှု၊ သံသယရှိသည်ဟုယူဆလျှင် အရေးပေါ်တုံ့ပြန် ဆောင်ရွက်မှုတို့ကြောင့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့အထိ COVID-19 ဗိုင်းရပ်စ်ပိုးဓာတ်ခွဲ အတည်ပြုလူနာ တစ်ဦးတစ်ယောက်မျှ မတွေ့ရှိရသေးပေ။

Feb 28, 2020

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ(အိုင်စီတီ)က လွန်စွာအရေးကြီးသည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာကို ဗဟိုပြု၍ အီလက်ထရောနစ်အစိုးရ (e- Government)ကို အကောင်အထည်ဖော် နိုင်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ မိမိတို့နိုင်ငံအနေဖြင့် အီလက်ထရောနစ်အစိုးရ(e - Government)ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော်လည်း လက်ရှိအခြေအနေအရ e - Government သည် ကမ္ဘာ့နိုင်ငံပေါင်း ၁၉၃ နိုင်ငံအနက် အဆင့် ၁၅၇ ဖြစ်ပြီး အာဆီယံဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ရာတွင်လည်း ဒေသ၏ပျမ်းမျှအောက်အဆင့်တွင်သာ ရှိနေသေးသည့်အလျောက် မ

Feb 28, 2020

မြို့ပြနေ ပြည်သူလူထု ရှင်သန်နေထိုင်သွားလာရေးကိစ္စအဝဝတွင် လုံခြုံငြိမ်းချမ်း ပျော်ရွှင် တင့်တယ်စွာ နေထိုင်လှုပ်ရှားနိုင်ကြဖို့၊ လွယ်ကူချောမွေ့စွာ သွားလာနိုင်ကြဖို့၊ သန့်ရှင်းသပ်ရပ် လှပကာ ကျန်းမာရေးနှင့် ညီညွတ်သည့်ဝန်းကျင်ရှိစေဖို့ အစရှိသည်တို့ကို မြူနီစပယ်ဌာနဟု ခေါ်သည့် မြို့တော်စည်ပင်သာယာရေးက တာဝန်ယူရသည်။ သည်လုပ်ငန်းများ အားလုံး အတွက် မြို့တော်ဝန်၊ ဒုတိယ မြို့တော်ဝန်နှင့် စည်ပင်သာယာရေးကော်မတီဝင်များနှင့် စည်ပင်သာယာဌာနအသီးသီးမှ ဝန်ထမ်းသီးသီးက တာဝန်ယူကြရသည်။

Feb 28, 2020

COVID-19ဟု ခေါ်ဆိုသည့် လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါက ကမ္ဘာ့နိုင်ငံပေါင်း ၃၄ နိုင်ငံဆီသို့ ပျံ့နှံ့နေပြီ ဖြစ်သည်။ မိမိတို့နှင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ စတင်ခဲ့သည့် အဆိုပါရောဂါသည် ယနေ့ (၂၆-၂-၂၀၂၀) အထိတော့ မြန်မာနိုင်ငံသို့ ဝင်ရောက်မလာသေး။ ရောဂါစတင်ခဲ့သည့် တရုတ် နိုင်ငံတွင် နောက်ထပ်ကူးစက်ပျံ့နှံ့မှု အရှိန် အဟုန်လျော့ကျလာသည်ဟုဆိုသော်လည်း အီရန်၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ အီတလီ၊ ပြင်သစ်၊ ဂျပန် စသည်ဖြင့် အရှေ့အလယ်ပိုင်း ဒေသ၊ အာရှအရှေ့ပိုင်း ဒေသ၊ ဥရောပဒေသ စသည့်ဒေသအသီးသီးသို့ ပျံ့နှံ့လာပြီဖြစ်သည့် အပြင် လူအသေအပျောက်များပါ ရှိလာပြီဖြစ်ရာ အထူးဂရုစိုက်၍ ရောဂါကို ထ