Skip to main content
Nov 03, 2020
ဒီမိုကရေစီသည် အများပြည်သူဆန္ဒကို ဦးစားပေးသည့် စနစ်ဖြစ်သည်။ ပြည်သူများ၏ဆန္ဒ နှင့်အညီ ဦးစားပေးဆုံးဖြတ်သည့်နိုင်ငံရေးစနစ်ဖြစ်သည်။ ထို့ကြောင့် ပြည်သူများ၏ဆန္ဒဖြင့် ရွေးချယ်တင် မြှောက်သည့် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲများကိုပြဋ္ဌာန်းထားသော စည်းကမ်း ဥပဒေပါ အတိုင်း စနစ်တကျကျင်းပကြသည်။ ။
Nov 03, 2020
သမိုင်းသင်တာ မအ အောင်လို့ ဟူသည့် သမိုင်းပါမောက္ခ ဆရာ ကြီး ဒေါက်တာသန်းထွန်း၏ စကားသည် မြန်မာနိုင်ငံ၌ ကျော်၏။ သမိုင်းကို ဂဃနဏ သိပါမှ ပစ္စုပ္ပန်ကို ခြေခြေမြစ်မြစ် နားလည် နိုင်မည်။ ပစ္စုပ္ပန်ကို ကျကျနန နားလည်ပါမှ အနာဂတ်အတွက် ပြင်ဆင်နိုင်မည် မဟုတ်ပါလား။ ။
Nov 01, 2020
တိုင်းပြည်တစ်ပြည် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ အဆင့်အတန်းမြင့်မားရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စစ်ရေးတို့တွင် နိုင်ငံတကာနှင့်ရင်ပေါင်တန်း နိုင်ရေး စသည်တို့ကို ဖန်တီးတည်ဆောက် ကြရာ၌ သက်ဆိုင်ရာကဏ္ဍ အလိုက် အားကောင်းခိုင်မာ သည့် စည်းကမ်းစနစ်ကောင်းမွန်မှုနှင့် တွေးခေါ်မြော်မြင်ဆင်ခြင်နိုင်မှုအားကောင်းသော လူသားအရင်းအမြစ်များ တက်ညီ လက်ညီ ပါဝင် လာရန်လိုအပ်ပါသည်။
Nov 01, 2020
ကမ္ဘာတစ်လွှား၊ မြန်မာနိုင်ငံတစ်လွှား၌ ကိုဗစ်ရောဂါကူးစက် ပြန့်ပွားပြီဟု သိသည့်ခဏတွင် လူတို့တွင် ပထမဆုံးဖြစ်ပေါ်သော ခံစားမှုမှာ စိုးရိမ်စိတ်ဖြစ်၏။ စိုးရိမ်စိတ်နှင့် တွဲကပ်လာသည်မှာ စိတ်ပူပန်မှု။
Oct 30, 2020
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်၍ အနည်းငယ်ကျဆင်းလာသည့် အလားအလာကို တွေ့ရ သည်။ သို့သော် သေဆုံးသူ အရေအတွက်လျော့လာသော်လည်း ရောဂါဖြစ်ပွားမှုမှာ ထောင်ဂဏန်း အထက်ရှိနေသေး၍ ဖြေလျှော့ နေထိုင်ရန် မသင့်သေးပေ။ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြား ချက်၊ စည်းမျဉ်းစည်းကမ်းများကိုသာ ဆက်လက်လိုက်နာရန်လိုအပ်ပါသည်။
Oct 30, 2020
လူတို့သည် မျှော်လင့်ချက်ဖြင့် အသက်ရှင်နေကြ၏ဟူသည့် အဆို ရှိသည်။အမှောင်ထဲတွင်နေရသူက အလင်းရောင်ကို မျှော်သကဲ့သို့ နာကျင်ခံစားနေရသူတို့က ရွှင်လန်းကျန်းမာစေဖို့ အစရှိသဖြင့် အနာဂတ်ကို မျှော်လင့်ရင်းရှင်သန်နေကြ၏။ အလင်းရောင်အောက် တွင် နေရသူတို့ကလည်း ပိုမိုတောက်ပနွေးထွေးသည့် နေရောင်ကို မျှော်လင့်ကြ၏။ ရွှင်လန်းကျန်းမာသူကလည်း ကြွယ်ဝ ချမ်းသာ ဘဝကို မျှော်လင့်ကောင်း မျှော်လင့်နေကြမည်။ ။
Oct 27, 2020
ယနေ့အချိန်အခါကို တိုင်းပြည်တွင် ကြုံတွေ့နေရသော ကူးစက်ရောဂါ ဘေးနှင့်ပတ်သက်၍ လမ်းဆုံလမ်းခွ ရောက်နေသည့်အချိန်အခါဟု ဆိုရမည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှု ကာလမှာ တစ်နှစ်ပတ်လည်သို့ပင် ရောက်ရှိလာပြီး ထိုအချိန်တွင် နိုင်ငံအတွက် အရေးကြီးသော ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲကို ပြုလုပ်တော့မည့်အချိန်အခါနှင့် တိုက်ဆိုင်နေသည်။
Oct 27, 2020
လူ့ဘောင်လောကအစကာလမှ ယနေ့အထိ တိုးတက်ပြောင်းလဲလာသည့် လူ့ယဉ်ကျေးမှု သမိုင်းတွင် ပညာကဦးဆောင်၏။ သမိုင်းဦး ဘုံမြေခေတ်က ကျောက်လက်နက်ပစ္စည်း အသုံးအဆောင်များမှသည် ယနေ့ကိုင်တွယ်သုံးစွဲနေကြသော လက်ကိုင်ဖုန်း၊ ကွန်ပျူတာ အသီးသီး ထိသည် ပညာဖြင့် တည်ဆောက်ခဲ့သည်ဟု ဆိုသော် မှားအံ့မထင်။
Oct 24, 2020
ပညာအမွေပေးရာ ရန်ကုန်တက္ကသိုလ်သည် သမိုင်းကြောင်းအစဉ်အလာ ကြီးမားပေသည်။ အမျိုးသားရေးကြိုးပမ်းမှုနှင့်အတူ ပေါ်ပေါက်လာသော မြန်မာနိုင်ငံ၏ တစ်ခုတည်းသော တက္ကသိုလ်မြေတွင် ထူးချွန်ထက်မြက်သည့် မြန်မာလူငယ်လူရွယ်များက အဆင့်မြင့်ပညာ သင်ယူရင်း တိုင်းပြည် လွတ်မြောက်ရေးအတွက် ကြိုးပမ်းအားထုတ်ခဲ့ကြသည့် သမိုင်းကြောင်း အစဉ်အလာများ ထင်ရှားစွာရှိခဲ့ပေသည်။
Oct 24, 2020
ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုသည် ကမ္ဘာတစ်ဝန်းတွင် အတန်ငယ် နှေးကွေးသွားသလို၊ ငြိမ်ဆိတ်သွားသလို ရှိနေရာမှ ကူးစက်မှုအရှိန် ပြန်လည်မြင့်တက် လာခဲ့ပါသည်။ ထိုပြန်လည် လှုပ်ခတ်လာသည့် လှိုင်းဂယက်သည် နိုင်ငံအများအပြားကို အရှိန်ပြင်းစွာ ရိုက်ခတ်ပါလေသည်။ ။