Aug 30, 2022

ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ၊ အဖွဲ့အစည်းအချို့နှင့်နိုင်ငံအချို့က နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ်ကြေညာချက်များ ထုတ်ပြန်ခဲ့ခြင်းအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းထန်စွာပယ်ချ၍ ရှုတ်ချလိုက်သည်။ စင်စစ် ယင်းပုဂ္ဂိုလ်၊ အဖွဲ့အစည်းနှင့် နိုင်ငံအချို့တို့အနေဖြင့် အမေရိကန်ပြည်ထောင်စုက ဂျပန်နိုင်ငံ ဟီရိုရှီးမားနှင့် နာဂါဆကီမြို့များပေါ်သို့ အဏုမြူဗုံး ကြဲချခဲ့ခြင်းကြောင့် လူသိန်းနှင့်ချီ၍ တစ်ခဏအတွင်းသေဆုံးခဲ့ရပြီး နှစ်ပေါင်းများစွာ ဓာတ်ရောင်ခြည်သင့်မှုဒဏ်ကို ခံခဲ့ရသည့် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ဩဂုတ်လ ၆ ရက်နေ့နှင့် ၉ ရက်နေ့တို့တွင် ကျင်းပခဲ့သင့်သည်။
Aug 29, 2022
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်သည်။ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူအများစုမှာ ကျေးလက်ဒေသများတွင်နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးကိုအခြေခံ၍ အသက်မွေးဝမ်းကျောင်းပြုကြသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောပြီး စားရေရိက္ခာပေါများသည့် နိုင်ငံဖြစ်ပေါ်လာစေရန် အဓိကကျသည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ချက်နှင့် မူဝါဒများချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
Aug 29, 2022

လူကုန်ကူးမှုသည် ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားနေသည့် ဖြေရှင်းရန်ခက်ခဲသောပြဿနာဖြစ်ပြီး လူလူချင်း ရက်စက်စွာခေါင်းပုံဖြတ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုလည်းဖြစ်သလို နိုင်ငံတကာရာဇဝတ်ဂိုဏ်းများ ပါဝင်ပတ်သက်နေလေ့ရှိသည့် နိုင်ငံဖြတ်ကျော်မှုခင်းများလည်း ဖြစ်သည်။ လူကုန်ကူးမှုသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျသည့်နိုင်ငံများတွင် အဓိကအဖြစ်များသော်လည်း ချမ်းသာသည့်နိုင်ငံများမှာပါ လူကုန်ကူးမှုများဖြစ်ပွားကြောင်း တွေ့ရသည်။
Aug 27, 2022
ကုလသမဂ္ဂအဖွဲ့ကို ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးစကာလ ၁၉၄၅ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ကမ္ဘာပေါ်တွင် စစ်ပွဲများတားဆီးရန်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတည်တံ့စေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံပေါင်း ၅၁ နိုင်ငံ၏ သဘောတူညီချက်ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့အစည်းနှင့် ကောင်းမွန်သော ဆက်ဆံရေးသမိုင်းကြောင်းရှိပြီး ကုလသမဂ္ဂပဋိညာဉ်ကို လေးစားလိုက်နာကာ အစဉ်အဆက် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
Aug 27, 2022

လယ်ယာကဏ္ဍ စိုက်ပျိုးထုတ်လုပ်မှုမြင့်မားမှ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ပြီး စားရေရိက္ခာလည်း ပေါများနိုင်မည်။ မိမိတို့နိုင်ငံတွင် သီးနှံမျိုးစုံစိုက်ပျိုးနေသည့် အသားတင်စိုက်ဧရိယာဧက ၃၃ ဒသမ ၂ သန်း၏ ၂၀ရာခိုင်နှုန်းကျော်မှာ ဆည်ရေသောက်စိုက်ပျိုးဧရိယာများဖြစ်သည်။ ၎င်းဆည်ရေသောက် စိုက်ပျိုးဧရိယာများနှင့်စပ်လျဉ်း၍ “ရေအသုံးချမှုစနစ်တကျ ပြုလုပ်ပြီး ရေသွင်းစိုက်ဧက ၆ သန်းကျော်ကို စပါး၊ ပဲ၊ စပါး/စပါး၊ နေကြာ၊ စပါး/စပါး၊ နှမ်း၊ စပါး/စပါးနှင့်တွဲပြီး သီးထပ်နှစ်မျိုး စသည်ဖြင့် မိမိကြိုက်နှစ်သက်ရာ သီးနှံများကို သုံးသီးစိုက်ပျိုးသွားနိုင်မည်ဆိုပါက တောင်သူများ၏လူမှု စီးပွားဘဝသည် များစွာပြောင်းလဲသွားမည်ကို တွေ့မြင်နိုင်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍနှင့် တောင်သူတို့၏ လူမှုစီးပွားဘဝမြှင့်တင်ရေး ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။
Aug 25, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ် (၅)ရပ် နောက်ဆုံးအချက်တွင် အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်ကို လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ် ချမှတ်ထားသည်။
Aug 25, 2022

ခေတ်မီစံပြကျေးရွာ(Smart Village) စီမံကိန်းများကို တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုလျှင် ကျေးရွာသုံးရွာနှုန်းဖြင့် စုစုပေါင်းကျေးရွာ ၄၂ ရွာတွင် လုပ်ငန်းများ အကောင်အထည်ဖော်လျက်ရှိသည်။ မိမိတို့နိုင်ငံတွင် နိုင်ငံ့လူဦးရေ ၇၀ ရာခိုင်နှုန်းက ကျေးလက်ဒေသများ၌ နေထိုင်လျက်ရှိကြရာ ကျေးရွာများ ခေတ်မီဖွံ့ဖြိုး တိုးတက်လာသည်နှင့်အမျှ ကျေးလက်နေအများစုသော ပြည်သူများ၏ လူနေမှုပုံစံများမှာလည်း ခေတ်မီတိုးတက်လာနိုင်မည် ဖြစ်သည်။ နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးတို့တွင် ကျေးရွာစုစုပေါင်း ၆၄၀၀၀ ကျော်ရှိရာ တစ်နိုင်ငံလုံးရှိကျေးရွာအားလုံး ခေတ်မီဖွံ့ဖြိုးတိုးတက်လာရေးအတွက် လက်ရှိ အကောင်အထည်ဖော်လျက်ရှိသည့် ခေတ်မီစံပြကျေးရွာများမှာ စံနမူနာယူဖွယ်များ ဖြစ်လာမည် ဖြစ်သည်။
Aug 24, 2022
“အမိနိုင်ငံတော်တည်းဟူသော အရိပ်အာဝါသအောက်တွင် အတူတကွပေါင်းစည်းနေထိုင်ကြသူများဖြစ်သဖြင့် ပြည်ထောင်စုဖွား တိုင်းရင်းသားများအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုပါက တစ်သွေးတည်းတစ်သားတည်း၊ တစ်စိတ်တည်း တစ်ဝမ်းတည်းဖြင့် စိတ်တူကိုယ်တူ သဘောထားတူညီစွာ အတူတကွလက်တွဲ၍ ကြိုးပမ်းဆောင်ရွက်သွားရန်” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သြဂုတ်လ ၂၂ ရက်နေ့တွင် ပြောကြားခဲ့သည်။
Aug 24, 2022

ကျောင်းနေအရွယ် ကလေးအားလုံး KG+9 အထိ သင်ကြားနိုင်ရေးအတွက် နိုင်ငံတော်ကဆောင်ရွက်လျက်ရှိသည်။ KG+9 ဆိုသည်မှာ အခြေခံပညာအလယ်တန်းအဆင့်အထိ သင်ယူပြီးမြောက်ရေးဖြစ်ပြီး အနည်းဆုံး ယင်းအဆင့်အထိ အောင်မြင်ပြီးမှသာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်စက်မှုလက်မှုအစရှိသည့် အသက်မွေးဝမ်းကျောင်းပညာရပ်များ ပြောင်းလဲသင်ယူလိုက သင်ယူနိုင်ကြရန်ဖြစ်သည်။ လက်ရှိအခြေအနေတွင် မိမိတို့နိုင်ငံ၌ သူငယ်တန်းသို့ စတင်ဝင်ရောက်လာသူ ၁၀၀ လျှင် ၅၀ လျော့လျော့မျှသာ အလယ်တန်းပညာရေး အော
Aug 20, 2022

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဩဂုတ် ၁၈ ရက်က ထုတ်ပြန် ကြေညာချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ရခိုင်ကမ်းရိုးတန်း အနီးတွင် လေပွေလှိုင်းတစ်ခုဖြစ်ပေါ်နေမှု၊ အဆိုပါလေပွေလှိုင်းသည် ပိုမိုအားကောင်းလာကာ နောက် ၂၄ နာရီအတွင်း ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းမှ အားကောင်းသော လေဖိအား နည်းရပ်ဝန်းအဖြစ်သို့လည်းကောင်း၊ မုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း ရောက်ရှိလာသည်။