Skip to main content
Sep 12, 2022
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပသည့် (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် မြန်မာ-ရုရှားနှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးအပါအဝင် ကဏ္ဍပေါင်းစုံတို့တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို သယ်ဆောင်၍ အမိနိုင်ငံတော်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
Sep 11, 2022
မြန်မာနိုင်ငံ၏ပညာရေးကဏ္ဍတွင် စာမတတ်သူနှင့် ပညာကိုဆုံးခန်းတိုင်အောင် မသင်ယူနိုင်ကြသူများ ရှိနေသည်။ နိုင်ငံတစ်နိုင်ငံတွင် ပညာသင်ယူသူများ ပေါများမှ၊ ပညာတတ်နှုန်း၊ ပညာတတ်မှုအဆင့်အတန်း မြင့်မားတိုးတက်မှ အဆိုပါနိုင်ငံသည် ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်သောနိုင်ငံဖြစ်မည်။ ထို့ကြောင့် နိုင်ငံတိုင်းသည် ပညာရေးကိုဦးစားပေးပြီး ပညာသင်ကြားရေးတွင် အားလုံးပါဝင်နိုင်ရေး စီးပွားရေး တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
Sep 11, 2022
ဘေးအန္တရာယ် တစ်ခုခုကျရောက်မှုကြောင့် ထိခိုက်မှုဖြစ်ပေါ်လာသည့်အခါ အချိန်နှင့်တစ်ပြေးညီ ပြုစုစောင့်ရှောက်မှုပေးခြင်းဖြင့် အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရမှုများကို လျော့နည်းစေသည်။
Sep 10, 2022
ရုရှား-မြန်မာ ရင်းနှီးချစ်ကြည်ဆက်ဆံမှုသည် (၇၅) နှစ် ပြည့်မြောက်တော့မည်ဖြစ်သည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်တို့တွေ့ဆုံခဲ့ရာ၌ ရုရှားသမ္မတက လာမည့် ၂၀၂၃ ခုနှစ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ သံတမန်ဆက်ဆံရေး (၇၅) နှစ် ပြည့်မြောက်မည်ဖြစ်၍ ဂုဏ်ပြုအခမ်းအနား ပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပေး ပြောကြားခဲ့သည်။
Sep 10, 2022
လူကုန်ကူးခံရမှုကြောင့် ဒူဘိုင်းတွင် ဒုက္ခရောက်နေကြောင်း ဖေ့စ်ဘုတ်လူမှုကွန်ရက်မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့် အကူအညီတောင်းခံခဲ့သည့် မြန်မာအမျိုးသမီးငယ် ခုနစ်ဦးတို့မှာ မြန်မာ-ဒူဘိုင်း နှစ်နိုင်ငံရဲအဖွဲ့တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ၎င်းတို့ကြုံတွေ့ခဲ့ရသည့် ဒုက္ခများမှ လွတ်မြောက်ကာ အမိမြေသို့ ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်သည်။ လူကုန်ကူးသူတရားခံမှာ ဒူဘိုင်းတွင် အမြဲတမ်းနေထိုင်ခွင့်ဖြင့်နေထိုင်ပြီး မြန်မာအမျိုးသမီးငယ်များကို မက်လုံးပေးစည်းရုံးကာ ဒူဘိုင်းမှတစ်ဆင့် အခြားအရှေ့အလယ်ပိုင်းဒေသနိုင်ငံများသို့ ထပ်ဆင့်ရောင်းစားနေသူ ဖြစ်သည်။
Sep 09, 2022
ကိုဗစ်-၉ ရောဂါ ပြည်တွင်း ကူးစက်မှုမြင့်တက်လာခြင်းကြောင့် ပြည်သူလူထုအတွင်း ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်း များကို မပျက်မကွက်၊ တိတိကျကျ လိုက်နာဆောင်ရွက်ကြရန် လိုအပ်လျက်ရှိသည်။ ကိုဗစ်-၁၉ကူးစက်မြန်ကပ်ရောဂါ ကာလ ကြာရှည်စွာ ကူးစက်ပျံ့နှံ့တည်ရှိနေမှုနှင့် ကာကွယ်ဆေးထိုးနှံ ပြီးစီးမှု စသည့်အကြောင်းများကို အခြေခံ၍ ရောဂါအပေါ်အလေး ဂရုမပြုခြင်းတို့ကြောင့် ကူးစက်မှုနှုန်း ပြန်လည်မြင့်တက်လာ ခြင်းဖြစ်သည်ဟု ယူဆဖွယ်ဖြစ်သည်။
Sep 09, 2022
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင်တည်ရှိပြီး အရှေ့တောင်အာရှ (အာဆီယံ) အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်။ အရှေ့တောင်အာရှဒေသသည် ပထဝီဝင် အနေအထားအရ သမုဒ္ဒရာကြီး နှစ်ခုကို ဆက်သွယ်ပေါင်းကူးပေးသည့် အချက်အချာ ကျသော ဒေသတွင်တည်ရှိသည်။ အင်ဒို-ပစိဖိတ်ဒေသတွင် အရေးပါသောနေရာမှ ပါဝင်လျက်ရှိပြီး အာရှနိုင်ငံများ၊ အာရှ-ပစိဖိတ်နိုင်ငံများနှင့် ချိတ်ဆက်ရာတွင် ဗဟိုချက်သည် ရုရှားနိုင်ငံဖြစ်လာခဲ့သည်။ အဆိုပါချိတ်ဆက်မှုတွင် မြန်မာနိုင်ငံသည် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်လာနိုင်ပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကို ဖော်ဆောင်နိုင်မည့် အခွင့်အလမ်းများရရှိလာသည်။
Sep 07, 2022
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်သည်။ ပြည်သူအများစုသည် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။
Sep 07, 2022
လူ့ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးအတွက် စာတတ်မြောက်ရန် အရေးကြီးသည်ဟူသော အချက်ကို လူတိုင်းအလေးအနက်ထားရှိလာစေရန် နှိုးဆော်သည့်အနေဖြင့် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားကို ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် ၁၉၆၇ ခုနှစ်မှစတင်ကာ နှစ်စဉ်စက်တင်ဘာလ ၈ ရက်နေ့တိုင်း ကျင်းပလာခဲ့ကြသည်။
Sep 06, 2022

မြန်မာနိုင်ငံ၏ လူဦးရေသည် နှစ်စဉ် တိုးတက်လျက် ရှိသည်။ လူဦးရေ တိုးလာသော်လည်း စားနပ်ရိက္ခာ အတွက် ပူပန်ဖွယ်မရှိပေ။ မြန်မာနိုင်ငံသည် ဆန်စပါးကို အဓိကစိုက်ပျိုးပြီး စားသုံးသည့်နိုင်ငံ ဖြစ်သည်။ နိုင်ငံသားများသည် တစ်နှစ်လျှင် ဆန်စားသုံးမှု ၁၅၅ ကီလိုဂရမ်(၉၇ ပြည်ခန့်) စားသုံးမှုရှိသဖြင့် မြန်မာနိုင်ငံ၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု အထွက်နှုန်းနှင့် လုံလောက်မှု ရှိသည်။