Aug 20, 2022

မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ နိုင်ငံတကာတွင်ပျံ့နှံ့နေသောသတင်းများက ပြည်တွင်း၌ ပကတိဖြစ်ပေါ်နေသော အခြေအနေမှန်များနှင့် ကွဲလွဲနေကြသည်။ တစ်ခါတစ်ရံတွင် လုံးဝမှားယွင်းနေတတ်ပြီး အချို့မှာရည်ရွယ်ချက်ရှိရှိ ထုတ်ပြန်လိုက်သည့် သတင်းအမှားများဖြစ်သည်။ နိုင်ငံတကာတွင်ထင်ရှားသည့် သတင်းဌာနများ၊ အရှိန်အဝါကြီးသည့် သတင်းဌာနများကရယူသည့် မြန်မာပြည်တွင်းမှသတင်းအရင်းအမြစ်များမှာ အကြမ်းဖက်အုပ်စုများနှင့် ယင်းတို့၏အဆက်အနွှယ်များထံမှ တစ်ဖက်တည်းရယူနေခြင်းသာဖြစ်ပြီး အထောက်အထား သက်သေသာဓကများ၊ စာရင်းဇယားအချက်အလက်များ ခိုင်ခိုင်မာမာဖြင့် ပုံမှန်ထုတ်ပြန်ပေးလျက်ရှိသည့် သတင်းထုတ်ပြန်ရေးအဖွဲ့၏သတင်းများကိုရယူပြီး အမှန်နှင့်နီးစပ်အောင် ချိန်ထိုးစဉ်းစားခြင်း၊ မျှတစွာရေးသားခြင်း အလျှင်းမရှိသည်ကိုလည်း တွေ့ရှိနိုင်သည်။
Aug 19, 2022
“မဲစာရင်းမှားယွင်းမှုအပေါ် နိုင်ငံရေးအရ ဖြေရှင်းခြင်းမပြုလုပ်ဘဲ အကြမ်းဖက်နည်းလမ်းများဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့သောအခြေအနေများကို ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးကို နိုင်ငံရေးအရ ဖြေရှင်းခြင်းမပြုလုပ်ဘဲ လက်နက်ကိုင်လမ်းစဉ်၊ အကြမ်းဖက်လမ်းစဉ်ဖြင့် ဆောင်ရွက်နေမည်ဆိုပါက တည်ငြိမ်ရန်ခက်ခဲနေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံရေးကို နိုင်ငံရေးနှင့်သာ ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးအရ ဖြေရှင်းခြင်းမရှိဘဲ အကြမ်းဖက်လုပ်ဆောင်လာပါက အကြမ်းဖက်နှိမ်နင်းရေးလုပ်ငန်းစဉ်များဖြင့်သာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၇/၂၀၂၂)တွင် ပြောကြားခဲ့သည်။
Aug 19, 2022

ပါတီစုံဒီမိုကရေစီသည်လည်းကောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးသည်လည်းကောင်း တပ်မတော်ကအာမခံပေးထားပြီး တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးနှင့်တကွ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများပါ လိုလားကြသည့် နိုင်ငံရေးရည်မှန်းချက်များပင်ဖြစ်သည်။ ဆယ်စုနှစ်ပေါင်းများစွာ လက်နက်စွဲကိုင်တိုက်ခိုက်ခဲ့ကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အဓိကတောင်းဆိုခဲ့ကြသည့် လိုလားချက်များလည်းဖြစ်သည်။
Aug 15, 2022

ကမ္ဘာကြီးပေါ်၌ ဒေသအလိုက်ဖြစ်တည်နေသော ရာသီဥတုမှာ ပုံမှန်မဟုတ်တော့ဘဲ ပြောင်းလဲနေသည်ကို တွေ့ရမည်ဖြစ်သည်။ အအေးပိုင်းဒေသတွင် အပူလွန်ကဲပြီး အပူပိုင်းဒေသတွင် အအေးပိုနေသည်။ မိုးရာသီကာလတွင် ပုံမှန်မဟုတ်သည့် မိုးသည်းထန်မှုများနှင့် မိုးခေါင်နေသည့်ဒေသများကို ကြုံတွေ့နေပြီး ရာသီဥတု ပြောင်းလဲမှုကြောင့် နောက်ဆက်တွဲသဘာဝဘေးအန္တရာယ်များကို ပြည်သူများ ခံစားနေကြရသည်။
Aug 15, 2022

၂၀၂၂ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို မကြာမီအချိန်ကာလတွင် ခမ်းခမ်းနားနား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်နေပြီဖြစ်သည်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များ အရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ရေးနှင့် မျိုးဆက်သစ် လူငယ်များသို့ လက်ဆင့်ကမ်းနိုင်ရေးအတွက် အရေးပါလှသည့် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲကြီး ပြန်လည်ပေါ်ပေါက်လာခြင်းက ဝမ်းမြောက်ဖွယ်ရာပင်ဖြစ်သည်။ အဆို၊ အက၊ ဂီတအနုသုခုမ ပညာရပ်များသည် ဒြပ်မဲ့ယဉ်ကျေးမှုများဖြစ်သည့်အလျောက် မေ့မေ့ပျောက်ပျောက် လျစ်လျူရှုထားလိုက်ပါက မကြာမီမှာပင် ပျောက်ကွယ်သွားလိမ့်မည်ဖြစ်သည်။
Aug 14, 2022
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ကျပ်ဘီလီယံ ၄၀၀ ကို နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးသန့်ရန်ပုံငွေတစ်ရပ်ထူထောင်ပြီး နိုင်ငံ့စီးပွားရေးမြှင့်တင်နိုင်ရေး အသုံးပြုနိုင်ရန် စီမံဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရည်ရွယ်ချက်အတိုင်း နိုင်ငံ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့်ဒေသအလိုက် ပြည်သူတို့၏ လူမှုစီးပွားဘဝနှင့်စီးပွားရေးမြင့်တက်လာရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သြဂုတ်လ ၁၂ ရက်နေ့တွင် ပြောကြားခဲ့သည်။
Aug 14, 2022

ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးအိုမီခရွန်၏ မျိုးကွဲများဖြစ်သည့် BA.2.75၊ BA.2.76၊ BA.4၊ BA.5 တို့ ကူးစက်မှုများကို ပြည်ပမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသူများနှင့် ပြည်တွင်းကူးစက်မှုများအနေဖြင့်ပါ တွေ့ရှိလာရပြီဖြစ်သည်။ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးမှာ မျိုးရိုးဗီဇပြောင်းလဲမှုများပြားပြီး ထပ်မံထွက်ပေါ်လာသည့် မျိုးကွဲသစ်များက ပို၍ပို၍ ကူးစက်မှုနှုန်းလျင်မြန်လာသည်။ BA.4 နှင့် BA.5 တို့၏ ကူးစက်မှုနှုန်း လွန်စွာမြင့်မားမှုကြောင့် အိန္ဒိယ၊ ဥရောပနှင့် အာဖရိကတို့တွင် နောက်ထပ်ကူးစက်မှုလှိုင်း ထပ်မံဖြစ်ပေါ်ပြီး ရောဂါဖြစ်ပွားမှုနှုန်း ပြန်လည်မြင့်တက်လျက်ရှိကြောင်း သတင်းများတွင် တွေ့ရသည်။
Aug 10, 2022

“ရွေးကောက်ပွဲဟာ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာနဲ့သက်ဆိုင်တဲ့ အမျိုးသားရေး တာဝန်တစ်ရပ် ဖြစ်ပါတယ်။ လွတ်လပ်ပြီးတရားမျှတမှသာ ပြည်သူတွေလိုလားတောင့်တတဲ့ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မြဲစေပြီး နိုင်ငံရဲ့နိုင်ငံရေးသမိုင်းနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းမှာလည်း ဂုဏ်သိက္ခာမြင့်မားစေမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုတွေကို ကျူးလွန်ခြင်း၊ နည်းမျိုးစုံနဲ့ မသမာမှုလုပ်ဆောင်ခြင်း စတာတွေ ပေါ်ပေါက်လာတယ်ဆိုရင်တော့ နိုင်ငံရဲ့ပုံရိပ်ကျဆင်းစေပြီး နိုင်ငံရဲ့ဒီမိုကရေစီခရီးလမ်းဟာလည်း အနုတ်လက္ခဏာဆောင်မှာဖြစ်ပါတယ်”ဟု နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁ နှစ်နှင့် ၆ လပြည့်နေ့တွင် ပြောကြားခဲ့သည်။
Aug 10, 2022

ဘင်္ဂလားပင်လယ်အော်အတွင်းဖြစ်ပေါ်သည့် မုန်တိုင်းအများစုက အိန္ဒိယနိုင်ငံအရှေ့ဘက်ကမ်း သို့မဟုတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း စသည့်ဒေသများသို့ ဝင်ရောက်သွားလေ့ရှိကြပြီး မုန်တိုင်း၏အရှိန်ကြောင့် မြန်မာနိုင်ငံ ဒေသအချို့တွင် မိုးရွာသွန်းလေ့ရှိသဖြင့် မိုးရေလိုနေသည့် လယ်ကွင်းများမှ တောင်သူတို့က မုန်တိုင်းမိုးကို မျှော်လေ့ရှိကြသည်။ ပုံမှန်မဟုတ်သော မိုးရွာသွန်းမှုများတွင် မိုးရေချိန်များစွာပါလေ့ရှိသဖြင့် တစ်ခါတစ်ရံတွင် ရုတ်တရက် ရေကြီးရေလျှံခြင်း၊ တောင်ကျရေကျဆင်းပြီး မြေပြိုခြင်းကဲ့သို့သော သဘာဝဘေးအန္တရာယ်များလည်း ဖြစ်ပေါ်နိုင်သည်ကို သတိပြုကြရန်လိုသည်။
Aug 09, 2022
မြန်မာနိုင်ငံသည် လွတ်လပ်၍ တက်ကြွပြီးဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး “မူ” ကို လိုက်နာကျင့်သုံးလျက်ရှိသည်။ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ အာဆီယံမူ၊ အာဆီယံစိတ်ဓာတ်၊ အာဆီယံရည်မှန်းချက်၊ အာဆီယံပဋိညာဉ်စာတမ်းများနှင့်အညီ လိုက်နာပူးပေါင်းဆောင်ရွက်လျက်ရှိသည်။