Skip to main content
Jun 06, 2023
ကမ္ဘာပေါ်တွင် ပလတ်စတစ်ကို စတင်ထုတ်လုပ်သုံးစွဲခဲ့သည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။ လွန်စွာအသုံးဝင်သည့် ပစ္စည်းဖြစ်သည့်အလျောက် ပလတ်စတစ်ပစ္စည်းမျိုးစုံတို့မှာ စက်ယာဉ်ယန္တရား အစိတ်အပိုင်းများမှသည် နေ့စဉ်လူနေမှုဘဝများအထိ မပါမဖြစ်ပါဝင်နေကြသည်။ သုံးစွဲပြီးနောက် စွန့်ပစ်လိုက်သော ပလတ်စတစ်များသည် နှစ်ပေါင်းရာနှင့်ချီ၍ မဆွေးမမြည့်နိုင်ဘဲ စုပုံလာလျက်ရှိရာ ပလတ်စတစ်အမှိုက်ပြဿနာသည် တစ်နေ့ထက်တစ်နေ့ ပို၍ပို၍ ကြီးလာနေသည့် ကမ္ဘာ့ပြဿနာတစ်ရပ်ဖြစ်နေသည်။ ထို့အပြင် သတင်းစာ စာလုံးတစ်လုံးအရွယ်အစားခန့်မှသည် သာမန်မျက်စိဖြင့် မမြင်တွေ့နိုင်သော အရွယ်အစားအထိ လွန်စွာသေးငယ်သည့် မိုက်ခရိုပလတ်စတစ်ခေါ် ပလတ်စတစ် အမှုန်အမွှားကလေးများက လူတို့၏ပတ်ဝန်းကျင်နေရာ တိုင်းတွင်သာမက လူ့ခန္ဓာကိုယ်ထဲသို့ပင် ရောက်ရှိနေသည်ကို တွေ့ကြရပြီးနောက် ပလတ်စတစ်အန္တရာယ်ကို သတိပေးမှုများ ပို၍ကျယ်လောင်လျက်ရှိနေပြီဖြစ်သည်။
Jun 05, 2023
ပြည်သူများသည် သိလိုသောဆန္ဒပြင်းပြကြသည်။ သတင်းဆိုသည်မှာ ပြည်သူများသိလိုသော အရေးအရာကိစ္စများဖြစ်သည်။ မီဒီယာဆိုသည်မှာ ပြည်သူများ သိလိုသောအကြောင်းအရာများကို အသိပေးထုတ်ပြန်ရသည်။ စာနယ်ဇင်းကျင့်ဝတ်တွင် အများပြည်သူသိရှိရန်အလို့ငှာ ထုတ်ပြန်သောသတင်းတိုင်း၌ အချက်အလက်တိကျမှန်ကန်စေရန် အစွမ်းကုန်စိစစ်ရမည်။ ဖော်ပြခြင်းမပြုမီ သတင်းအားလုံးကို တတ်စွမ်းသမျှစိစစ်ရမည်။ မည်သည့် သတင်းအချက်အလက်ကိုမျှ မိမိတို့လိုရာသို့ ဆွဲမရေးရ၊ သို့တည်းမဟုတ် လိုရင်းအချက်အလက်များကို တမင်သက်သက်ထိန်ချန်ခြင်းမပြုရဟု ဆိုထားသည်။
Jun 05, 2023
အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့အထိမ်းအမှတ် အခမ်းအနားကို ဇွန် ၃ ရက်က အမျိုးသားပြတိုက် (နေပြည်တော်)တွင် ကျင်းပခဲ့သည်။ အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့သည် နှစ်စဉ် မေလ ၁၈ ရက်နေ့ဖြစ်သော်လည်း မိမိတို့နိုင်ငံအဖို့ ယခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) နှင့် တိုက်ဆိုင်နေခြင်းကြောင့် ဇွန် ၃ ရက်သို့ ပြောင်းလဲ ကျင်းပခဲ့ရခြင်းဖြစ်သည်။
Jun 04, 2023
ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် စီးပွားရေးလျင်မြန်စွာ တိုးတက်လာမှုနှင့်အတူ မြို့ပြနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာသည့်အလျောက် ပလတ်စတစ် အပါအဝင် စွန့်ပစ်ပစ္စည်းစီမံ ခန့်ခွဲမှုနှင့် ပတ်သက်၍ သိသာထင်ရှားသော စိန်ခေါ်မှုများကို ပိုမိုကြုံတွေ့ လာရသည်။ ပလတ်စတစ်အပါအဝင် စွန့်ပစ်ပစ္စည်းများအတွက် စနစ်ကျသည့် စီမံခန့်ခွဲမှုများကို ပြည်သူလုထု အတွင်း လိုက်နာမှု အားနည်းခြင်းကြောင့် စွန့်ပစ်ပစ္စည်းအား လမ်းများ၊ မြစ်၊ ချောင်း၊ အင်းအိုင် များတွင် အထိန်းအကွပ်မဲ့ စွန့်ပစ်လေ့ရှိကြသည့်အပြင်စွန့်ပစ်ပစ္စည်းများအား လဟာပြင်တွင် မီးရှို့ဖျက်ဆီးခြင်းကြောင့် လေထု၊ မြေထုနှင့် ရေထုတို့ကို ညစ်ညမ်းစေ လျက်ရှိသည်။
Jun 04, 2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအားလုံး နီးပါး ဖွင့်လှစ်ပေးလိုက် ပြီဖြစ်ပြီး သက်ဆိုင်ရာအတန်းအလိုက် သင်ခန်းစာများကို ကျောင်းသား ကျောင်းသူလေးများ သင်ကြားနေကြပြီဖြစ်သည်။ နိုင်ငံတစ်ဝန်း၌ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများအားလုံးပါ ဖွင့်လှစ်၍ ပညာသင်ကြားပေးနေပြီ။
Jun 02, 2023
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတည်ဆောက်ရေး၊ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေးအတွက် ပြည်ပသွင်းကုန်များကို မှီခိုအားထားနေရသည်။ ပြည်တွင်း၌ ကုန်ကြမ်းပစ္စည်းများ အမြောက်အမြားထွက်ရှိသော်လည်း နည်းပညာ၊ အတတ်ပညာ၊ အရင်းအနှီး၊ ထုတ်လုပ်မှုစွမ်းပကားနှင့် စီမံခန့်ခွဲမှုလိုအပ်ချက်များရှိသောကြောင့် စီမံကိန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ခြင်းမရှိပေ။
Jun 02, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေ ဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိပြီး ယင်းသို့ပြန်လည်ဝင်ရောက်လာသူများအား လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိသလို လက်နက်ခဲယမ်းများဖြင့် ဝင်ရောက်လာသူများကိုလည်း ပါရှိလာသည့် လက်နက်ခဲယမ်းများအလိုက် ဆုကြေးငွေများ ထောက်ပံ့ပေးလျက်ရှိသည်။
Jun 01, 2023
မြန်မာနိုင်ငံသည် သဘာဝတွင်းထွက်သယံဇာတများနှင့် ရေ၊ မြေသဘာဝ ကောင်းမွန်သောကြောင့် မြေပေါ်မြေအောက်သယံဇာတနှင့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကိုအခြေခံ၍ နိုင်ငံ့စီးပွား၊ ဒေသစီးပွားဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်နိုင်သည်။ အဓိကမှာ မိမိနိုင်ငံ၊ မိမိတို့စီးပွားရေးတိုးတက်လာအောင် ဆောင်ရွက်ရေး၌ အားလုံးတစ်စိတ်တစ်ဝမ်းတည်း လက်တွဲပူးပေါင်း ကြိုးပမ်းလုပ်ကိုင် မည်ဆိုသည့်စိတ်ထား ထားရှိကြရန်လိုအပ်သည်။
Jun 01, 2023
သံနှင့်သံမဏိထုတ်လုပ်မှုသည် နိုင်ငံတည်ဆောက်ရေးလုပ်ငန်း များအတွက် အရေးပါသကဲ့သို့ နိုင်ငံစက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက်လည်းအရေးပါသည်။ မိမိတို့နိုင်ငံသည် သံနှင့် သံမဏိလိုအပ်ချက်ကို ပြည်တွင်းထုတ်လုပ်မှုဖြင့် မလုံလောက်သည့်အတွက် ပြည်ပမှတင်သွင်းနေရသည့် နိုင်ငံဖြစ်ရာပြည်တွင်း၌ သံနှင့်သံမဏိတိုးတက်ထုတ်လုပ် ဖြည့်ဆည်းပေးခြင်းဖြင့် အမျိုးသားအကျိုးစီးပွားတိုးတက်မြင့်မားမှုကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်သည်။
May 31, 2023
၂၀၂၃ ခုနှစ် မေလ ၂၃ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိသည် ကျောင်းအပ်နှံရေးသီတင်းပတ်ဖြစ်သည်။ ယနေ့တွင် ကျောင်းအပ်နှံပြီးနောက် မနက်ဖြန်(ဇွန်လ ၁ ရက်နေ့)တွင် ကျောင်းသား ကျောင်းသူအားလုံး တူတူညီညီ ပျော်ပျော်ရွှင်ရွှင် ကျောင်းတက်ကြရတော့မည်ဖြစ်သည်။ ကလေးသူငယ် လူငယ်လူရွယ်များ၏ အဓိကအလုပ်မှာ ပညာသင်ကြားရေးဖြစ်၍ ယခုလိုကျောင်းဖွင့်ရာသီတွင် အားလုံးတူညီလှုပ်ရှား နိုးကြားတက်ကြွနေကြသည့်မြင်ကွင်းများမှာ အားတက်စရာဖြစ်သည်။