Sep 20, 2022

မြန်မာနိုင်ငံတွင် လူဦးရေ ၅၅ သန်းခန့်ရှိပြီး မိုဘိုင်းဆင်းမ်ကတ် သုံးစွဲမှု သန်း ၇၀ ခန့်ရှိသည်။ အရွယ်ရောက်ပြီးသည့် မြန်မာနိုင်ငံသားအများစုက လူတစ်ကိုယ်လျှင် မိုဘိုင်းဆင်းမ်ကတ် တစ်ကတ်ထက်ပို၍ ကိုင်ဆောင်သုံးစွဲနေကြရာတွင် စနစ်တကျမှတ်ပုံတင်၍ သတ်သတ်မှတ်မှတ် သုံးစွဲသူများရှိသကဲ့သို့ ဈေးပေါပေါနှင့် အလွယ်တကူ ဝယ်ယူရရှိနိုင်သောကြောင့် ဆင်းမ်ကတ်များကို မကြာခဏ ပြောင်းလဲသုံးစွဲကြလေ့ရှိသူများလည်း ရှိသည်။
Sep 18, 2022
မြန်မာနိုင်ငံတွင် နိုင်ငံအတွင်းလှည့်ပတ်သုံးစွဲနေသော ငွေကြေးစနစ်ကို ဘဏ်လုပ်ငန်းများဖြင့် ဆောင်ရွက်လျက်ရှိပြီး တိုးတက်ခေတ်မီလာသည့် သတင်းအချက်အလက်နှင့် နည်းပညာခေတ်တွင် မိုဘိုင်းဝန်ဆောင်မှုစနစ် အမျိုးမျိုးဖြင့်ပါ တွင်ကျယ်စွာ အသုံးပြုလာနိုင်ပြီဖြစ်သည်။ လုံခြုံစိတ်ချ စွမ်းရည်ပြည့်ဝသည့် အမျိုးသား ငွေပေးချေသည့်စနစ်ကို အကောင်အထည်ဖော်ရာ၌ မိုဘိုင်းငွေပေးချေမှုများမှတစ်ဆင့် ငွေကြေးလွှဲပြောင်း ဝန်ဆောင်မှုလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။
Sep 18, 2022
ဒုတိယကမ္ဘာစစ်ပြီးကာလတွင် ဝါဒချင်းဆန့်ကျင်သည့် နိုင်ငံကြီးနှစ်နိုင်ငံက ဦးဆောင်သော အုပ်စုကြီးနှစ်စု၏ စစ်အေးတိုက်ပွဲ ပေါ်ပေါက်ခဲ့သည်။ စစ်အေးတိုက်ပွဲကာလသည် ၁၉၄၇ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ ၄၅ နှစ်ခန့်ကြာမြင့်ခဲ့ပြီး အုပ်စုနှစ်စုအပြိုင် ရှိနေခဲ့သည်။ ထိုခေတ်ကာလ နိုင်ငံတကာ ဆက်ဆံရေးအခင်းအကျင်းကို ဒွိဝင်ရိုးကမ္ဘာ(Bipolar World) ဟူ၍ နိုင်ငံတကာသုတေသီတို့က ခေါ်ဝေါ်ကြသည်။ စစ်ပြီးကာလ ကုလသမဂ္ဂကို ဖွဲ့စည်း တည်ထောင်ရာတွင် အောင်နိုင်သူမဟာမိတ် ငါးနိုင်ငံက ဗီတိုအာဏာပိုင် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများ (အမေရိကန်၊ ဆိုဗီယက် ရုရှား၊ အင်္ဂလိပ်၊ ပြင်သစ်၊ တရုတ်) ဟူ၍ ဖြစ်လာသည်။
Sep 17, 2022
ပလတ်စတစ်မသုံးစွဲရေး ပညာပေးမှုများနှင့်အတူ အပတ်စဉ်တနင်္ဂနွေနေ့ကို ပလတ်စတစ် မသုံးစွဲရနေ့အဖြစ်သတ်မှတ်၍ အနယ်နယ်အရပ်ရပ်တွင် နှိုးဆော်ကြပ်မတ်လျက်ရှိကြောင်း သတင်းများတွင် တွေ့ရှိရသည်။ ပေါပေါများများထုတ်လုပ်၊ ပေါပေါများများသုံးစွဲပြီး အလွယ်တကူ စွန့်ပစ်နေကြသော ပလတ်စတစ်က လူများ၊ သတ္တဝါများကိုရော သဘာဝ ပတ်ဝန်းကျင်ကိုပါ အန္တရာယ်များစွာကျရောက်စေသည့်အရာဖြစ်သည်ကို ပြည်သူလူထုက ကျယ်ကျယ်ပြန့်ပြန့်နားလည်သဘောပေါက်ကြမှသာ ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး မှသည် လုံးဝမသုံးစွဲတော့သည်အထိ ပြည်သူလူထုပူးပေါင်းဆောင်ရွက်မှုဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။
Sep 17, 2022
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည်။ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများအတွက် စိုက်ပျိုးမြေ၊ စိုက်ပျိုးရေများ ဖူလုံအောင်ရှိသည်။ လူသား အရင်းအမြစ်များလည်း အလုံအလောက်ရှိသည်။ စိုက်ပျိုးမြေ ဟက်တာ ၁၃ သန်းကျော်တွင် စပါး၊ ပဲ၊ ပြောင်း၊ ကြံ၊ နှမ်း၊ ဝါ စသည်တို့ကို ဖြစ်ထွန်းအောင်မြင်အောင် စိုက်ပျိုးနိုင်ခဲ့ပြီး ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေးအတွက်သာမက အပိုအလျှံများကို ပြည်ပသို့ပါ တင်ပို့ရောင်းချနိုင်သည်။
Sep 16, 2022
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း များလာပြီဖြစ်သည်။ စက်တင်ဘာလ ၁၃ ရက်နေ့ည တစ်ရက်တာ စစ်ဆေးတွေ့ရှိမှုအရ ဓာတ်ခွဲအတည်ပြုလူနာသစ် ၂၉၉ ဦးတွေ့ရှိခဲ့ပြီး စက်တင်ဘာလ ၁၄ ရက်နေ့ည တစ်ရက်တာစစ်ဆေး တွေ့ရှိချက်အရ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၈၄ ဦး တွေ့ရှိခဲ့သည်။ ပထမနေ့တွင် ရောဂါပိုးတွေ့ရှိမှုနှုန်း ၂ ဒသမ ၆၇ ရာခိုင်နှုန်းရှိပြီး ဒုတိယနေ့တွင် ရောဂါပိုးတွေ့ရှိမှုနှုန်း ၃ ဒသမ ၁၇ ရာခိုင်နှုန်း ရှိလာသဖြင့် ပိုးတွေ့ရာခိုင်နှုန်းများ တစ်နေ့ထက်တစ်နေ့ မြင့်မားလာသည်။
Sep 16, 2022

ကမ္ဘာမြေပြင်အထက် ကီလိုမီတာ ၂၀ မှ ၃၀ အကြားတွင် အိုဇုန်းဓာတ်ငွေ့အလွှာရှိသည်။ လူသားတို့ အသက်ရှင်သန်ရေးအတွက် အက်တမ်နှစ်ခုနှင့် ဖွဲ့စည်းထားသည့် အောက်ဆီဂျင်ဓာတ်ငွေ့(O2) သည် မရှိမဖြစ်လိုအပ်သကဲ့သို့ပင် အက်တမ်သုံးခုနှင့် ဖွဲ့စည်းထားသည့် အောက်ဆီဂျင် (O3) ဖြစ်သော အိုဇုန်းကလည်း အရေးကြီးသည်။ မိမိတို့ဦးခေါင်းအထက် ကောင်းကင်ယံတွင် ၁၀ ကီလိုမီတာမှ ၂၀ ကီလိုမီတာထိ အထူရှိသည်။ အိုဇုန်းဓာတ်ငွေ့အလွှာက ကမ္ဘာကြီးကို ထီးသဖွယ်မိုးကာသတ္တဝါတို့ကို ပျက်စီးစေသည့် ခရမ်းလွန်ရောင်ခြည်များ၏ ၉၇ ရာခိုင်နှုန်းမှ ၉၉ ရာခိုင်နှုန်း အထိကို စုပ်ယူထားလိုက်သည်။
Sep 15, 2022

၂၀၂၂ ခုနှစ် ဒသမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အတွက် သတ်မှတ်ထားသည့်ဆောင်ပုဒ်မှာ “လူကုန်ကူးမှုတိုက်ဖျက်ဖို့ နည်းပညာအခန်းကဏ္ဍ မြှင့်တင်လုပ်ဆောင်ကြစို့” ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ချမှတ်ထားသော လူကုန်ကူးမှုဆောင်ပုဒ်နှင့်အညီ နည်းပညာကဏ္ဍကို အဆင့်မြှင့်တင်၍ ပြည်တွင်း၊ ပြည်ပချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိရာ အောင်မြင်မှုများ ရရှိခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။
Sep 15, 2022

ဖွဲမီးကဲ့သို့ တငွေ့ငွေ့လောင်ကျွမ်းနေရာမှ မီးညွန့်မီးစွယ်ကလေး ထွက်လာသည့်နှယ်ပင် ကိုဗစ်-၁၉ ကပ်ရောဂါသည် မိမိတို့နိုင်ငံတွင် ကျဆင်းငြိမ်သက်သွားရာမှ ယခုတစ်ဖန် ပြန်လည်ခေါင်းထောင်စပြုလာနေသည်။ နေ့စဉ်ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိမှုနှုန်း တစ်ရာခိုင်နှုန်း အောက်ရောက်ရှိနေသည့်အခြေအနေမှ ယခုရက်ပိုင်းအတွင်း နှစ်ရာခိုင်နှုန်းအထက်၊ သုံးရာခိုင်နှုန်းအထက်သို့ ရောက်ရှိလာသည့်အပြင် ရောဂါကြောင့် သေဆုံးသူများလည်း ထွက်ပေါ်လာသည်။
Sep 12, 2022
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုမှာ စက်တင်ဘာလ ၉ ရက်နေ့ ည ၈ နာရီ တစ်ရက်စာထုတ်ပြန်ချက်အရ ဓာတ်ခွဲနမူနာ ၉၈၄၆ ခုကို စိစစ်ခဲ့ရာ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၉၁ ဦး တွေ့ရှိခဲ့ပြီး ၁၇၅ ဦးမှာ ပြည်တွင်း၌ ကူးစက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ စက်တင်ဘာလ ၁၀ ရက်နေ့ ည ၈ နာရီ တစ်ရက်စာထုတ်ပြန်ချက်တွင် ဓာတ်ခွဲနမူနာ ၁၀၈၀၄ ခု စစ်ဆေးခဲ့သည့်အနက် ဓာတ်ခွဲအတည်ပြုလူနာသစ် ၂၆၂ ဦးရှိပြီး ၂၄၃ ဦးမှာ ပြည်တွင်း၌ ကူးစက်ခံခဲ့ရကြောင်း သိရသည်။