Skip to main content
Jul 28, 2022
လာမည့် ဩဂုတ်လ ၁ ရက်နေ့မှစ၍ နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီး တရားလွှတ်တော်များ၊ ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားရုံးများ၊ ခရိုင်တရားရုံးများနှင့် မြို့နယ်တရားရုံးများတွင် စွဲဆိုထားသည့် တရားမမှုများနှင့်စပ်လျဉ်း၍ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်ကို ကျင့်သုံးမည်ဖြစ်ကြောင်း ပြည်ထောင်စုတရားသူကြီးချုပ်ရုံးက အသိပေး ထုတ်ပြန်ထားသည်။
Jul 25, 2022
“မိမိတို့နိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ကျေးလက်နေ ပြည်သူများ၏ လူနေမှုစနစ်များမှာ အခြားနိုင်ငံများထက် နိမ့်ကျလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝတွင် အားနည်းချက်များရှိခြင်းကြောင့်သာ လူနေမှုစနစ်များ နိမ့်ကျနေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်၍ အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ကျေးလက်နေ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားများ ပြောင်းလဲတိုးတက်လာမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၆/၂၀၂၂)တွင် ပြောကြားခဲ့သည်။
Jul 25, 2022
ကမ္ဘာ့နိုင်ငံပေါင်း ၇၀ ကျော်သို့ ပျံ့နှံ့ရောက်ရှိနေပြီး ရောဂါဖြစ်ပွားသူ စုစုပေါင်း ၁၆၀၀၀ ကျော်လာပြီဖြစ်သည့် မျောက်ကျောက် (Monkeypox) ရောဂါကို ကမ္ဘာ့အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်လိုက်ပြီဖြစ်သည်။ ကမ္ဘာ့တစ်နေရာမှ တစ်နေရာသို့ အလွန်လွယ်ကူလျင်မြန်စွာ နေ့ချင်းသွားလာနိုင်သည့် ယနေ့ခေတ်တွင် ကူးစက်ရောဂါများသည်လည်း အလွန်ဝေးကွာသည့် ကမ္ဘာ့တစ်နေရာမှသည် မိမိအိမ်တံခါးဝရှေ့သို့ အချိန်မရွေးရောက်ရှိလာနိုင်သည်ဟု သတိပြုရမည်ဖြစ်သည်။ မျောက်ကျောက်ကို ကမ္ဘာ့အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်လိုက်ချိန်တွင် ၎င်းရောဂါသည် မိမိတို့အိမ်နီးချင်း နိုင်ငံအချို့နှင့် ဒေသတွင်းနိုင်ငံအချို့တို့တွင် စတင်တွေ့ရှိရသည့် သတင်းများ ထွက်ပေါ်ခဲ့ပြီးဖြစ်သည်။
Jul 24, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံရေးအရအရေးပေါ်အခြေအနေကြေညာပြီး တည်ဆဲဥပဒေများအပေါ်တွင်မူတည်၍ ဆောင်ရွက်နေခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် နိုင်ငံအတွင်းဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်တိုက်ခိုက်မှုများကို ဖြေရှင်းဆောင်ရွက်ရာ၌ ဒီမိုကရေစီနိုင်ငံဖြစ်သည်နှင့်အညီ စစ်အုပ်ချုပ်ရေးကို တတ်နိုင်သမျှ အနည်းဆုံးဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဖြင့်သာ ဖြေရှင်းဆောင်ရွက်ခဲ့သည်။
Jul 24, 2022
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲမသမာမှုများနှင့်စပ်လျဉ်း၍ ဖြေရှင်းပေးရန် အကြိမ်ကြိမ်တောင်းဆိုမှုများကို လျစ်လျူရှုငြင်းဆန်မှုများ၊ အငြင်းပွားမှုများကို မရှင်းလင်းသေးပဲ လွှတ်တော်ကိုခေါ်ယူကာ နိုင်ငံတော်အာဏာကိုရယူရန် ကြိုးပမ်းမှုများက ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာရခြင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ ပေါ်ပေါက်လာရခြင်းတို့၏ အဓိကအကြောင်းတရားများသာဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဦးတည်ချက်နှင့် ရှေ့လုပ်ငန်းစဉ်တို့ကို ရှင်းလင်းစွာချပြထားပြီး “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အားလွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်”ဖြစ်ကြောင်း အတိအလင်းထုတ်ပြန်ထားပြီးလည်းဖြစ်သည်။
Jul 22, 2022
နယ်စပ်ဒေသများနှင့် အချို့သော EAO အဖွဲ့များထံ ရောက်ရှိနေသည့် CDM ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များအား နယ်စပ်ကြိုဆိုရေး စခန်းအသီးသီးနှင့် နီးစပ်ရာ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းများသို့ သတင်းပေးပို့ ဆက်သွယ်သူများကို သတ်မှတ်စည်းကမ်းချက်နှင့်အညီ အေးချမ်းစွာနေထိုင်နိုင်ရေး အာမခံချက် ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က နေ့စဉ်အသိပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသည်ကို မြင်တွေ့နေရ၍ ဝမ်းမြောက်ပီတိ ဖြစ်ရပါသည်။
Jul 22, 2022
မျက်မှောက်ခေတ်ကို ပညာခေတ်ဟု ဆိုကြသည်။ အံ့မခန်းလောက်စရာ အရှိန်အဟုန်ဖြင့် တိုးတက်လာသည့် အတတ်ပညာ၊ နည်းပညာများကြောင့် အချို့သော ပညာရပ်နယ်ပယ်များတွင် လူသားတို့က အနန္တတန်ခိုးတော်ရှင်ကိုပင် အန်တုလာသည့်နှယ် ဖြစ်သည်ဟုပင် တင်စားကြသည်။
Jul 20, 2022
မျက်မှောက်ခေတ် အိုင်တီနည်းပညာခေတ်ကာလတွင် အများပြည်သူတို့အနေဖြင့် ဆိုရှယ်မီဒီယာများကိုသာ များသောအားဖြင့် အသုံးပြုဆောင်ရွက်နေကြသည်။ မှန်ကန်သော အသိအမြင်ဗဟုသုတ သတင်းအချက်အလက်များနှင့် ဘဝအမောပြေ လူမှုဆက်ဆံရေးနယ်ပယ်တို့အတွက် အသုံးပြုကြရာ၌ ကောင်းကျိုးဆောင်ကြဉ်းပေးသော်လည်း လူမှုကွန်ရက်ကိုအသုံးပြု၍ မမှန်ကန်သောလုပ်ဆောင်မှုများ၊ တိုင်းပြည်နှင့်လူမျိုး အကျိုးစီးပွားယုတ်လျော့ပျက်ယွင်းစေသော လုပ်ဆောင်မှုများကိုလည်း သတိပြုကြရမည်ဖြစ်သည်။
Jul 20, 2022
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် လူသားအရင်းအမြစ်က အဓိကအကျဆုံးဖြစ်သည်။ သယံဇာတ မည်မည်ရရမရှိသော်လည်း အဖိုးတန်လူသားအရင်းအမြစ် ပြုစုပျိုးထောင်ကာ နိုင်ငံကို ထိပ်တန်းသို့ရောက်အောင် မြှင့်တင်နိုင်ခဲ့သည့် နိုင်ငံများများစွာရှိသည်။ အဖိုးတန်လူသားအရင်း အမြစ်ဟူသည် အရေအတွက်သက်သက်မျှသာမဟုတ်သော ပညာတတ်လူသားအရင်းအမြစ်၊ ကျွမ်းကျင်လူသား အရင်းအမြစ်ဖြစ်ပြီး နိုင်ငံတည်ဆောက်ရေးတွင် ကဏ္ဍအလိုက် တတ်သိကျွမ်းကျင်သူများအဖြစ် ဆောင်ရွက်နိုင်စွမ်းရှိသူများပင်ဖြစ်သည်။ သို့ရာတွင် အဖိုးတန်၊ တန်ဖိုးမြင့်လူသားအရင်းအမြစ်ဟူသည် အလိုလျောက်ဖြစ်ထွန်းလာခြင်းမဟုတ်ဘဲ နိုင်ငံ၏လိုအပ်ချက်နှင့်ကိုက်ညီအောင် စနစ်တကျပြုစုပျိုးထောင်မှု ပြုလုပ်ပြီးမှသာ ပေါ်ထွက်လာခြင်းဖြစ်သည်။
Jul 19, 2022
ဒုတိယကမ္ဘာစစ်ပြီးကာလတွင် ကမ္ဘာကြီးသည် ခေတ်သစ်တစ်ခုဆီသို့ ပြောင်းလဲသွားခဲ့သည်။ နယ်ချဲ့အင်ပါယာကြီးများ တစ်ခုပြီးတစ်ခုပြိုလဲသွားကြပြီး ကမ္ဘာ့မြေပုံမှာလည်း အကြီးအကျယ် ပြောင်းလဲသွားသည်။ ခေတ်ဟောင်းကာလက ဘုရင့်နိုင်ငံများ သမ္မတစနစ်သို့ ကူးပြောင်းကြသလို ဘုံဝါဒအားကောင်းလာကာ ဥရောပအရှေ့ပိုင်းအားလုံးနီးနီး ကွန်မြူနစ်ဖြစ်သွားကြသည်။ မြန်မာနိုင်ငံတွင်မူ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် အစိုးရအဖွဲ့က “ဗြိတိသျှအစိုးရသည် မြန်မာ့လွတ်လပ်ရေးနှင့်ပတ်သက်၍ ကြေညာရန်နှင့် မကြေညာပါက ၁၉၄၇ ခု၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် အစိုးရတစ်ဖွဲ့လုံး နုတ်ထွက်မည်” ဟူသော ကြေညာချက်ကို ၁၉၄၆ ခု၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။