Sep 07, 2023

လူသတ္တဝါတို့ အသက်ရှင်သန်နိုင်ရေးအတွက် သန့်ရှင်းသောလေကို ရှူရှိုက်နေကြရသည်။ သန့်ရှင်းသောလေသည် သက်ရှိများအားလုံးအတွက် တန်ဖိုးမဖြတ်နိုင်သောအရာဖြစ်သည်။ အကယ်၍ လေကိုမရှူရပါက ချက်ချင်းသေဆုံးသွားပြီး မသန့်ရှင်းသောလေကို ရှူရှိုက်ရပါကလည်း ဆိုးရွားသောရောဂါဝေဒနာများကိုခံစားရကာ အသက်သေဆုံးသည်အထိဖြစ်ကြရသည်။ ထို့ကြောင့် သန့်ရှင်းသောလေသည် အသက်တမျှအရေးပါသည်။
Sep 07, 2023

ကမ္ဘာ့လူဦးရေ၏ ၉၉ ရာခိုင်နှုန်းသည် သန့်ရှင်းသောလေကို မရရှိကြ။ လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ်လူဦးရေခုနစ်သန်းခန့် အရွယ်မတိုင်မီသေဆုံးနေကြရပြီး ယင်းအနက်မှ ထက်ဝက်ကျော်သည် ဖွံ့ဖြိုးဆဲနိုင်ငံများမှဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။
Sep 06, 2023
၂၀၁၆-၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာသွားကြသူများ ပြန်လည်လက်ခံရေးအစီအစဉ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုလသမဂ္ဂအပါအဝင် မြန်မာနိုင်ငံနှင့် သဘောတူညီထားရှိချက်များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ သို့သော် နောက်ကွယ်မှအကြောင်းတရားများနှင့် ဖိအားပေးမှု၊ အကျပ်ကိုင်မှုများကြောင့် နေရပ်ပြန်ရေးအစီအစဉ်များကို အပြည့်အဝ အကောင်အထည်မဖော်နိုင်သေးပေ။
Sep 06, 2023

မိမိတို့နိုင်ငံတွင် လူငယ်ဆိုသည်မှာ အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်းရှိ နိုင်ငံသားများဟူ၍ ဖွင့်ဆိုထားသည်။ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ လူငယ်ဦးရေအချိုးသည် မြင့်တက်လျက်ရှိပြီး လူငယ်ဦးရေများပြားနေသည့်အတွက် ‘‘လူဦးရေဆုလာဘ်’’ကို ရရှိခံစားနေရသည်ဟုလည်းဆိုသည်။ လူတစ်ယောက်၏ လူငယ်ဘဝအသက်အပိုင်းအခြားသည် လှုပ်ရှားတက်ကြွသည့်အရွယ်၊ ဖွံ့ဖြိုးတိုးတက်သည့် အရွယ်ဖြစ်ပြီး လူသားတစ်ယောက်၏ အမြင့်ဆုံးသောစွမ်းရည်များကို ပြသနိုင်သည့်အရွယ်လည်းဖြစ်သည်။
Sep 04, 2023

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးတစ်ရာကျော် စုစည်းနေထိုင်သည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်။ နှစ်ပေါင်းထောင်ချီ၍ မရှိအတူရှိအတူ အေးအတူပူအမျှ အတူတကွလက်တွဲပြီး အေးချမ်းစွာနေထိုင်ခဲ့ကြသော နိုင်ငံဖြစ်သည်။ သို့သော် တိုင်းတစ်ပါးလက်အောက် ကျွန်ဘဝရောက်ခဲ့ပြီး လွတ်လပ်ရေးရပြီးနောက်တွင် တိုင်းရင်းသားလူမျိုးအချင်းချင်း စိတ်ဝမ်းကွဲပြားကာ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သည်။
Sep 04, 2023

နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့တို့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို နေပြည်တော်တွင် ဩဂုတ် ၂၉ ရက်မှ ၃၁ ရက်အထိ ကျင်းပခဲ့သည်။ သုံးရက်တာ ဆွေးနွေးညှိနှိုင်းမှုများအပြီးတွင် အပြီးသတ်ရရှိလာသည့် သဘောတူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုးပြီး အပြန်အလှန်လဲလှယ်ခဲ့ကြသည်၊၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) သည် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးတွင် လက်နက်ကိုင်ပဋိပက္ခများကိုရှောင်ရှားပြီး နိုင်ငံရေးဆွေးနွေးပွဲများကျင်းပကာ အကောင်အထည်ဖော် ဆောင်ရွက်သွားရမည့် တစ်ခုတည်းသောလမ်းကြောင်းဖြစ်သည့်အတွက် မည်သည့်အစိုးရ တာဝန်ယူထားသည်ဖြစ်စေ ရှင်သန်နေရန်လိုအပ်သည်။
Sep 03, 2023
ပညာသည် လူ၏တန်ဖိုးဖြစ်သည်။ ပညာသည် ဆီမီးတိုင်ပမာ ဝန်းကျင်တစ်ခုလုံးကို အလင်းရောင်ပေးနိုင်သည်။ ပညာသည် ရွှေအိုးပမာ အကျိုးရှိအောင် အသုံးပြုနိုင်သည်။ ပညာ၏တန်ဖိုးမှာ များပြားသည်။ ပညာဖြင့် အရာရာကို ပိုင်းခြားဆင်ခြင် အလင်းဆောင်နိုင်သည်။ “ပညာမတတ်လျှင် အကန်းနှင့်တူသည်” “စာတတ်ပြီး စာမဖတ်လျှင် ပြတင်းပေါက်ရှိလျက် မဖွင့်သောအိမ်နှင့်တူသည်”ဟု သတင်းစာ ဆရာကြီးတစ်ဦး ပြောသကဲ့သို့ အရာအားလုံးသည် အမှောင်အတိဖုံးနေမည်ဖြစ်သည်။
Sep 03, 2023
နိုင်ငံတော်တွင် အသိအလိမ္မာ ဉာဏ်ပညာချို့တဲ့၍ ဗဟုသုတ အတွေ့အကြုံ ကြွယ်ဝမှုမရှိသော နိုင်ငံသားများ၊ အမှားအမှန် ဝေဖန် ပိုင်းခြားခြင်းငှာ မတတ်နိုင်သောနိုင်ငံသားများ၊ စဉ်းစားဉာဏ် နည်းပါး၍ သူတစ်ပါးပြောသမျှကိုသာ လက်ခံလျက် နောက်ယောင် လိုက်တတ်သော နိုင်ငံသားများ၊ စိတ်ကူးကြံဆ တီထွင်တတ်သော စွမ်းရည်သတ္တိမရှိ နှလုံးရည်ကင်းမဲ့သော နိုင်ငံသားများ စသည်တို့ဖြင့်သာ ပြည့်နှက်နေပါမူ ထိုနိုင်ငံသည် လျင်စွာပြောင်းလဲ
Sep 02, 2023

ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က နေပြည်တော်ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ခြင်းသည် မြန်မာနိုင်ငံတစ်ဝန်းရှိ လူငယ်လူရွယ် ကျောင်းသား ကျောင်းသူများအတွက် နမူနာယူစရာခွန်အားများ ရရှိနိုင်ပါသည်။
Sep 02, 2023

နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူအင်အားအရင်းအမြစ်ကိုအသုံးချရာတွင် လူများအား အတတ်ပညာ၊ နည်းပညာကျွမ်းကျင်မှုပြည့်ဝအောင် လေ့ကျင်သင်ကြားပေးရုံမျှဖြင့် မလုံလောက်သေးဘဲ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်စွမ်းဆောင်လိုသည့် တက်ကြွသောအင်အား (Dynamic Force) များ ဖြစ်လာစေရန်လည်း ပြုလုပ်ပေးရန်လိုသည်ဟု ပညာရှင်များကဆိုသည်။ လူတို့၏ စွမ်းဆောင်လိုစိတ်ဟူသည် မွေးရာပါဗီဇစိတ်လက္ခဏာအဖြစ် ရှိခြင်းမဟုတ်ဘဲ ပတ်ဝန်းကျင်အခြေအနေများဖြစ်သည့် သမိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုနှင့် ပျိုးထောင်မှုဆိုင်ရာ၊ ရုပ်ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေတို့ကိုအကြောင်းပြု၍ ဖွဲ့စည်းဖြစ်ပေါ်လာသော စိတ်ဓာတ်အရည်အချင်းတစ်ခုဖြစ်သည်ဟုလည်းဆိုသည်။